Monday, January 14, 2013

အခြေခံပညာတွင် ဝိဇ္ဇာ/သိပ္ပံ မခွဲရန်၊ စိတ်ကြိုက် တက္ကသိုလ်ရွေးရန် ကွန်ယက် တိုက်တွန်း

by Mizzima - News in Burmese on Monday, January 14, 2013 at 1:01pm ·

ခိုင်သူရိန် | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၄ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၅၇ မိနစ်

 

ရန်ကုန် (မဇ္ဈိမ)။   ။ အခြေခံပညာ အထက်တန်း အဆင့်တွင် ဝိဇ္ဇာ/သိပ္ပံဟူ၍ မခွဲဘဲ သင်ကြားရန်နှင့် ကျောင်းသား၏ စိတ်ဝင်စားမှု အလျောက် တက္ကသိုလ်ကို ရွေးချယ်ခွင့်ရှိစေရန် ပညာရေး ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက်က ဇန်နဝါရီ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

 

အဆိုပါ ကွန်ယက်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ယက်မှ အကြံပေး ဒေါက်တာသိန်းလွင် က ဦးစီးကာ နိုင်ငံတဝှမ်းရှိ တိုင်းရင်းသား ပညာရေးအဖွဲ့များ၊ ဘာသာရေး ဆိုင်ရာ ပညာရေး အဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးသင် ပညာကျောင်းများ၊ ကျောင်းသား အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များ စုစည်းထားသည့် ကွန်ယက်တခု ဖြစ်သည်။

 

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်း၌ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲရေးအတွက် နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲတခု ထိုကွန်ယက်က ဆောင်ရွက်ခဲ့ပြီး ယင်းဆွေးနွေးပွဲမှ ရလဒ်များကို ယခုလို ထုတ်ပြန် ကြေညာခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံတွင် အခြေခံပညာ အထက်တန်းအဆင့်များဖြစ်သည့် နဝမတန်းနှင့် ဒဿမတန်း၌ ဝိဇ္ဇာ/သိပ္ပံ ခွဲခြားကာ သင်ကြားပေးသည့်စနစ်ကို ၂၀၀၀-၂၀၀၁ ပညာသင်နှစ်တွင် ပြန်လည် ကျင့်သုံးခဲ့ပြီး ယင်းစနစ်ကို ဖျက်သိမ်းရေးအတွက် ဤပညာရေးကွန်ယက်က အကြံပြုလိုက်ခြင်း ဖြစ်သည်။

 

"လက်ရှိမှာ ဝိဇ္ဇာ/သိပ္ပံ ခွဲထားတော့ ဝိဇ္ဇာဘာသာရပ်တွေကို နှိမ့်ချထားသလို ဖြစ်နေတယ်။ နောက်ပြီး ၈ တန်းအထိပဲ ဝိဇ္ဇာရော သိပ္ပံပါ သင်ရတာဆိုတော့ အခြေခံပညာမှာ သိသင့်သိထိုက်တဲ့ ကိစ္စတွေ ကျောင်းသားတွေ မသိဘူးဖြစ်ကုန်တယ်" ဟု ဒေါက်တာသိန်းလွင် က ဆိုသည်။

 

အခြေခံပညာအဆင့်တွင် ဝိဇ္ဇာ/သိပ္ပံမခွဲခြားဘဲ သင်ကြားရန် တိုက်တွန်းရခြင်းသည် ဘာသာရပ်များအပေါ် တန်ဖိုးထားမှု တန်းတူညီမျှရှိစေရန်နှင့် ဘာသာရပ်အားလုံး၏ အခြေခံ ပညာရပ်များကို ကျောင်းသားများ တတ်ကျွမ်းစေရန် ရည်ရွယ်သည်ဟု ၎င်းက ရှင်းပြသည်။ 

 

ထို့ပြင် အခြေခံပညာ ပြီးဆုံး၍ တက္ကသိုလ် ရွေးချယ်ရာတွင်လည်း လက်ရှိတွင် ဒဿမတန်း ရမှတ်ကို အခြေပြုကာ တက္ကသိုလ်ရွေးချယ်ရသည့် စနစ်အား ဖျက်သိမ်း၍ ကျောင်းသား၏ စိတ်ဝင်စားမှုအလျောက် တက္ကသိုလ်ရွေးချယ်ရန် ထိုကွန်ယက်က တိုက်တွန်းထားသည်။

 

အဆိုပါ ကွန်ယက်အဖွဲ့ဝင်လည်း ဖြစ်သော NLD ပညာရေးကွန်ယက်၏ ညှိနှိုင်းရေးမှူး ဦးကျော်စိုး က လက်ရှိတွင် ကျောင်းသားများသည် မိမိ၏ အောင်မှတ်ပေါ်အခြေခံကာ တက္ကသိုလ် ရွေးချယ်ကြရသဖြင့် ဝါသနာနှင့် မကိုက်ညီသည့် တက္ကသိုလ်များသို့ ရောက်ရှိကာ လက်တွေ့ဘဝ၌ အဆင်မပြေမှုများ ကြုံတွေ့ရကြောင်း ထောက်ပြသည်။

"ကျောင်းသားရဲ့ ပင်ကိုယ်စရိုက်နဲ့ ကိုက်ညီတာကို လေ့လာရင် အများကြီး ထူးချွန်လာလိမ့်မယ်" ဟု ဦးကျော်စိုး က ဆိုသည်။

 

သို့သော် အဆိုပါစနစ်သို့ကူးပြောင်းလျှင်လည်း ကျောင်းသားမိဘများက ၎င်းတို့နှစ်သက်ရာ တက္ကသိုလ်ကို ရွေးချယ်ရန် သားသမီးများအား ဖိအားပေးလာနိုင်သဖြင့် "ကျောင်းသားတွေကို တက္ကသိုလ်လမ်းညွှန် စာအုပ်တွေ ထုတ်ပေးမယ်၊ မိဘတွေနဲ့လည်း ဆွေးနွေးမှုတွေ လုပ်မယ်" ဟု ပညာရေး ပါရဂူတဦးလည်းဖြစ်သူ ဒေါက်တာသိန်းလွင် က ဆိုသည်။

 

ကွန်ယက်သည် ၎င်းတို့၏ အကြံပြုချက်များအား လွှတ်တော်သို့ တင်ပြကာ အမျိုးသား ပညာရေး ဥပဒေတရပ် ထွက်ပေါ်လာသည်အထိ ဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။


Like ·  · Share

Sunday, January 13, 2013

သုတေသီများ၏ လေ့လာတွေ့ ရှိချက် အရ အပူရှိန် မြင့်ဖြင့် အသားများကို ကြော်လှော် စားသောက်ပါက အကြိတ် ကင်ဆာ ဖြစ်ပေါ် စေနိုင်သည့် ရာခိုင်နှုန်း များကြောင့် လေ့လာတွေ့ ရှိရသည် ။
အပူရှိန်မြင့်ဖြင့် အသားကို ကြောက်လှော်ပါက အသားတွင် ဓာတုဓာတ် တစ်မျိုး ဖြစ်ပေါ် စေနိုင်ပြီး ယင်းဓာတုဓာတ်သည် ဒီအင်န်အေ များကို ထိခိုက် ပျက်စီး စေနိုင်သည်။

အကြိတ်ကင်ဆာ ရောဂါသည်ပေါင်း ၂၀၀၀ ဦးအား လေ့လာမှုများ ပြုလုပ် ခဲ့ရာတွင် အဆိုပါ တွေ့ ရှိချက်ကို တွေ့ ရှိခဲ့ခြင်း ဖြစ်သည် ။

ကယ်လီ ဖိုနီးယား ပြည်နယ်မှ သုတေသီများက အပူရှိန်မြင့်ဖြင့် ကြော်လှော် ထားသော အစားသောက်များ စားသူများတွင် ၃၀ ရာခိုင်နှုန်ခန့် အကြိတ်ကင်ဆာ ဖြစ်ပွား နိုင်သည်ဟု ပြောကြား ခဲ့ကြောင်း သိရသည် ။
မြ၀တီ  သုတေသီများ၏ လေ့လာတွေ့ ရှိချက် အရ အပူရှိန် မြင့်ဖြင့် အသားများကို ကြော်လှော် စားသောက်ပါက အကြိတ် ကင်ဆာ ဖြစ်ပေါ် စေနိုင်သည့် ရာခိုင်နှုန်း များကြောင့် လေ့လာတွေ့ ရှိရသည် ။ အပူရှိန်မြင့်ဖြင့် အသားကို ကြောက်လှော်ပါက အသားတွင် ဓာတုဓာတ် တစ်မျိုး ဖြစ်ပေါ် စေနိုင်ပြီး ယင်းဓာတုဓာတ်သည် ဒီအင်န်အေ များကို ထိခိုက် ပျက်စီး စေနိုင်သည်။  အကြိတ်ကင်ဆာ ရောဂါသည်ပေါင်း ၂၀၀၀ ဦးအား လေ့လာမှုများ ပြုလုပ် ခဲ့ရာတွင် အဆိုပါ တွေ့ ရှိချက်ကို တွေ့ ရှိခဲ့ခြင်း ဖြစ်သည် ။  ကယ်လီ ဖိုနီးယား ပြည်နယ်မှ သုတေသီများက အပူရှိန်မြင့်ဖြင့် ကြော်လှော် ထားသော အစားသောက်များ စားသူများတွင် ၃၀ ရာခိုင်နှုန်ခန့် အကြိတ်ကင်ဆာ ဖြစ်ပွား နိုင်သည်ဟု ပြောကြား ခဲ့ကြောင်း သိရသည် ။

 

ကြယ်စင်Ref:  Good HealthSource: http://www.yatanarpon.com.mm/cp/goodhealth/news-55018


ဒန့်သလွန်ပင်  ( Moringa oleifera Lamk )  အကြောင်း သိကောင်းစရာ  .......  ဒန့်သလွန် သည် အနည်းငယ် ချို၍ ဖန်သော အရသာ ရှိ၏။ ထက်မြက်၏။ ကြေလွယ်၏။ နှုတ်ကို မြိန်စေ၏။ ၀မ်းမီးကို တောက်စေ၏။ လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ အပူနာ၊ အဖျဉ်း၊ ဂူလုံး အကြော အခြင် ၊ ရောင်ရမ်းနာ တို့ကို နိုင်၏။ မျက်စိ ကို အကျိုးပြု၏။   ဒန့်သလွန်ရွက်၊ ကြက်သွန်ဖြူ၊ ပတဲ ကောမြစ်၊ မိဿလင် ဟင်းခါး ချက်သောက် သော် ရာသီထိမ် ခြင်း ပျောက်၏။ ဒန့်သလွန် ရွက်ကို ၃ ခွက် တစ်ခွက်တင် ဟင်းချို အဖြစ် ပြုတ်သောက်သော် သွေးတိုး ကျ၏။ ဒန့်သလွန် မြစ်ကို ထုထောင်း ကြိတ်ခြေ၍ အရည်ကို ညှစ်ကာ စားပွဲဇွန်း နှင့် တစ်ဇွန်း ခန့် သောက်က အသံဝင် အသံကပ် လည်ချောင်းနာ ပျောက်၏။   ဒန့်သလွန် မြစ်နှင့် မုန်ညင်းစေ့ အမျှ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် ၂ နာရီ ကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ ၃ ကြိမ်သောက် က အစာ မကြေ ၀မ်းဖော ၀မ်းရောင် ပျောက်၏။ ဒန့်သလွန် မြစ်ကို သုံးခွက် တစ်ခွက်တင် ကျို၍ စားပွဲဇွန်း တစ်ဇွန်း မှန်မှန် သောက်သော် ၀မ်းတွင်း သက်တန့် ပျောက်၏။   ပန်းနာ ရောဂါ အတွက် ဒန့်သလွန် မြစ်ကို ကြိတ်၍ ရသော အရည်ကို ချင်းရေနှင့် ရောသောက် ရ၏။   ဒန့်သလွန် မြစ်မှုန့်နှင့် ပရန္န၀ါ မြစ်မှုန့် ဆတူကို အုန်းနို့ ပျားရည် တို့နှင့် ရောစပ် ချက်ပြီး နံနက် ည တစ်ဇွန်း စီ သောက်သော် အားအင် ပြည့်ဖြိုး ခွန်အား တိုး၍ အသက် ရှည်စေ၏။ အမြစ် ကိုကြိတ်၍ စည်းပေးသော် ရောင်တင်းခြင်း ပျောက်၏။ အမြစ် ကြိတ်ညှစ် ရည်ကို နို့နှင့် ရောသောက်သော် ဆီးချို ရောဂါ ပျောက်၏။

ဒန့်သလွန်ပင် ( Moringa oleifera Lamk ) အကြောင်း သိကောင်းစရာ .......

ဒန့်သလွန် သည် အနည်းငယ် ချို၍ ဖန်သော အရသာ ရှိ၏။ ထက်မြက်၏။ ကြေလွယ်၏။ နှုတ်ကို မြိန်စေ၏။ ၀မ်းမီးကို တောက်စေ၏။ လေ၊ သလိပ်၊ သည်းခြေကို နိုင်၏။ အပူနာ၊ အဖျဉ်း၊ ဂူလုံး အကြော အခြင် ၊ ရောင်ရမ်းနာ တို့ကို နိုင်၏။ မျက်စိ ကို အကျိုးပြု၏။ 

ဒန့်သလွန်ရွက်၊ ကြက်သွန်ဖြူ၊ ပတဲ ကောမြစ်၊ မိဿလင် ဟင်းခါး ချက်သောက် သော် ရာသီထိမ် ခြင်း ပျောက်၏။ ဒန့်သလွန် ရွက်ကို ၃ ခွက် တစ်ခွက်တင် ဟင်းချို အဖြစ် ပြုတ်သောက်သော် သွေးတိုး ကျ၏။ ဒန့်သလွန် မြစ်ကို ထုထောင်း ကြိတ်ခြေ၍ အရည်ကို ညှစ်ကာ စားပွဲဇွန်း နှင့် တစ်ဇွန်း ခန့် သောက်က အသံဝင် အသံကပ် လည်ချောင်းနာ ပျောက်၏။ 

ဒန့်သလွန် မြစ်နှင့် မုန်ညင်းစေ့ အမျှ ပေါင်းစပ်၍ ရောကြိတ်ပြီး ရေတွင် ၂ နာရီ ကျော်မျှ စိမ်ကာ တစ်ခါသောက် စားပွဲဇွန်း တစ်ဇွန်း တစ်နေ့ ၃ ကြိမ်သောက် က အစာ မကြေ ၀မ်းဖော ၀မ်းရောင် ပျောက်၏။ ဒန့်သလွန် မြစ်ကို သုံးခွက် တစ်ခွက်တင် ကျို၍ စားပွဲဇွန်း တစ်ဇွန်း မှန်မှန် သောက်သော် ၀မ်းတွင်း သက်တန့် ပျောက်၏။ 

ပန်းနာ ရောဂါ အတွက် ဒန့်သလွန် မြစ်ကို ကြိတ်၍ ရသော အရည်ကို ချင်းရေနှင့် ရောသောက် ရ၏။ 

ဒန့်သလွန် မြစ်မှုန့်နှင့် ပရန္န၀ါ မြစ်မှုန့် ဆတူကို အုန်းနို့ ပျားရည် တို့နှင့် ရောစပ် ချက်ပြီး နံနက် ည တစ်ဇွန်း စီ သောက်သော် အားအင် ပြည့်ဖြိုး ခွန်အား တိုး၍ အသက် ရှည်စေ၏။ အမြစ် ကိုကြိတ်၍ စည်းပေးသော် ရောင်တင်းခြင်း ပျောက်၏။ အမြစ် ကြိတ်ညှစ် ရည်ကို နို့နှင့် ရောသောက်သော် ဆီးချို ရောဂါ ပျောက်၏။

 


မုယားကြီး (ရွက်ပါး) Adhatoda Vasica Nees အကြောင်း သိကောင်းစရာ ....

ရှမ်းပြည်နယ် နှင့် ပြင်ဦးလွင် တို့ တွင် အများဆုံး တွေ့ရသည်။သဘာဝ အလျောက် ပေါက်ရောက်သည်။

မြန်မာ ဆေးကျမ်းများ အလိုအရ မုရားကြီး ရွက်သည် ဖန် ခါး၏ ၊ အေး၏ ၊ လေကိုပွား စေ၏ ၊ အသံကို ကောင်းစေ၏ ၊ နာကို လည်းကောင်း ၊ သွေးကျ သွေးအန် သော အနာကို လည်းကောင်း ၊ ပန်းနာ ၊ ရှူနာ တို့ကို လည်းကောင်း ပယ်နိုင်၏ ။ မုရားကြီး ရွက်သည် တေဇော ဓာတ်နှင့် ယှဉ်သော ချောင်းဆိုး နာ ကို လည်းကောင်း အောက်သို့ သွေးသက်သော အနာကို လည်းကောင်း ၊ ခံတွင်း ညှီနံ့ မကောင်း ခြင်းကို လည်းကောင်း ၊ လက်ဝဲ ခြေ ရောင်ရမ်း သော အနာ ကို လည်းကောင်း ပယ်နိုင်၏ ။

အပွင့် နှင့် တကွ အရွက်ကို ကြွေဇွန်း ကြီး တစ်ဇွန်း ခန့် အရည်ညှစ် ၍ သကြားခဲ သို့မဟုတ် ပျားရည် သင့် တော်ရုံ ထည့်သောက် ခြင်းဖြင့် သည်းခြေဖျား နှင့် သွေးအန် ၊ သွေးကျ ရောဂါ ပျောက်၏ ။ ကြစုသီး ကို မုရားကြီး ရွက်ညှစ်ရည် နှင့် စိမ်၍ တစ်ခွက် စာ ကြွေဇွန်း ကြီး ၃ ဇွန်း မျှ သောက်က သွေးအန် သွေးကျ ရောဂါ ပျောက်၏။ မုရားကြီး ရွက် ကို သုံးခွက် တစ်ခွက် တင် ကျို၍ ဆေးတစ်ခွက် စာ ကြွေးဇွန်း ကြီး ၃ ဇွန်းမျှ သောက်က ဆီးအောင့် ရောဂါ ပျောက်၏ ။ 

မုရာကြီး ရွက်ကို အရိပ်တွင် ခြောက်စေ၍ ပြာချ ပြီး ပြာကို ညက်အောင် ပြု၍ သိပ်ပေးက သွားနာ သွားကိုက် ၊ သွားဖုံး သွေးယိုခြင်း၊ သွားနဲ့ခြင်း များ ပျောက်၏။ မုရားကြီး ရွက်ကို မျက်စိ ရောဂါ ပျောက်ဆေး အဖြစ် ဖော်စပ် အသုံးပြု ၏ ။ အရွက်ကို ကျို၍သောက်က ၀မ်းကိုက် ရောဂါ ပျောက်သည်။ 

မုရားကြီး ရွက် လတ်တစ်ဆုပ် စာ ကို ရေသုံး ခွက် တစ်ခွက် တင် ပြုတ်၍ တစ်နေ့ ၃ ကြိမ် သောက်လျှင် သွေးဝမ်း ၊ သွေးဒူလာ ၊ မီးယပ် သွေးလွန် ရောဂါများ ပျောက်၏။ မုရားကြီး ရွက်နုကို ကြိတ်၍ ရသော အရည်အား ၀ိုင်အရက် နှင့်သော်လည်းကောင်း ၊ ပျားရည် နှင့် သော်လည်းကောင်း သောက်သော် ကြက်ညှာ ချောင်းဆိုး ရောဂါ ပျောက်၏။ 

မုရားကြီး အမြစ် သို့မဟုတ် အရွက် ကြိတ်၍ ရသော အရည်တွင် သကြားခဲ နှင့် သိန္ဓော သင့်ရုံ ထည့်၍ တစ်ခွက်စာ ကြွေဇွန်းကြီး တစ်ဇွန်း သောက်က ပန်းနာ ရင်ကျပ် နှင့် ချောင်းဆိုး ရောဂါ ပျောက်၏။ မုရားကြီး အနက် အမြစ်ကို ရေအေး နှင့်သွေး၍ ကင်းကိုက်သော နေရာသို့ လိမ်းပေးက ကင်းဆိပ်ပြေ ၏။မုရားကြီး မြစ်ကို ပိုးမွှားသတ်ဆေး အဖြစ်လည်း ဖော်စပ် အသုံးပြု နိုင်၏။

 


ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့်အချို့တွင် ကင်ဆာနှင့် မျိုးရိုးဗီဇကို ထိခိုက်စေနိုင်သည့် ဆိုးဆေးများတွေ့ ....

မြန်မာတစ်နိုင်ငံလုံးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ကင်ဆာဖြစ်စေပြီး မျိုးရိုးဗီဇကိုပါ ထိခိုက်စေနိုင်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားသည့် ငရုတ်သီးမှုန့်များနှင့် နနွင်းမှုန့်များ စစ်ဆေးတွေ့ရှိရကြောင်း သတင်းရရှိသည်။ 

၂၀၁၂ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဈေးကွက်များအတွင်း ရောင်းချနေသည့် ငရုတ်သီးမှုန့်၊ နနွင်းမှုန့် နမူနာပေါင်း ၁၀၀၀ နီးပါးအား ကောက်ယူကာ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခဲ့ပြီး ငရုတ်သီးမှုန့် အမှတ်တံဆိပ် ၂၀ နှင့် နနွင်းမှုန့်ထုတ်လုပ်သည့် အမှတ်တံဆိပ်နှစ်မျိုးတို့တွင် စားသုံးရန်မသင့်သည့် ဓာတုဆိုးဆေးများ အသုံးပြုထားကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။News

Like ·   · Share · 32 minutes ago · 

 


*ခံတွင်း ကျန်းမာရေး*
သံပုရာသီးဟာ သွားကို ဖြူစေ ပါတယ်။ သံပုရာသီး အခွံကိုဆား (တကော်စာ)နဲ့ ရောပြီး ပွတ်ပေးရင် သွားကို ဖြူစေ ရုံတင် မကဘူး။ တောက်ပ စေပါတယ်။ ခံတွင်းအနံ့ မကောင်းတာလည်း ပျောက်စေ ပါတယ်။
သွားကိုက် နေရင်လည်း သံပုရာရည်နဲ့ ပလုတ်ကျင်း ပေးပါ။

*နှုတ်ခမ်းကွဲခြင်း*

မျက်နှာ လိမ်းခရင်မ် တစ်ဇွန်း (လက်ဖက်ရည် သောက်ဇွန်း)နဲ့ လိမ္မော်ရည်၊ ပျားရည်တို့ကို ရောစပ်ပြီး လိမ်းပေးပါ။ တစ်ပတ်လောက် လိမ်းရုံနဲ့ သိသာ ထင်ရှား ပျောက်ကင်း သွားပါ လိမ့်မယ်။

*ဆံပင်ကျွတ်ခြင်း*

အုန်းရည် လေးဇွန်း (စားပွဲတစ်ဇွန်း)နဲ့ သံပရာရည်တို့ ရောစပ်ပြီး တစ်ပတ်တစ်ခါလောက် လိမ်းပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်း စေပါတယ်။

*ဦးရေပြား ယားယံခြင်းနှင့် ဒဏ်ပျောက်ဖို့အတွက်*

ကြက်ဥ အကာရည်နှင့် သံပရာရည် (သံပုရာသီး တစ်လုံးစာ) တို့ရောပြီး ဆံနွယ် အမြစ်ကနေ လိမ်းပေးပါ။ တစ်နာရီခန့်ကြာမှ ရေနဲ့ ပြန်ပြီး ဆေးကြောပေးပါ။ တစ်လလောက် လုပ်ပေး ရုံနဲ့တင် ဦးရေပြား သန့်ရှင်းပြီး ဗောက်၊ ဒက်တို့ ကင်းစင် သွားပါ လိမ့်မယ်။

*အသားအရေခြောက်သွေ့ခြင်းအတွက်*

ငှက်ပျောသီးမှည့် တစ်လုံးကို ယူပြီး ချေပေးပါ။ ပြီးရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာရည် တစ်စက် နှစ်စက်နဲ့ ချေထားတဲ့ ငှက်ပျောသီး တို့ကို ရောစပ်ပေးပါ။ ပြီးရင်တော့ မျက်နှာနဲ့ လက်ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ အသားအရေကို ချောမွေ့ သန့်ရှင်း စေပါတယ်။

နောက်တစ်နည်း ကတော့ ပျားရည်တစ်ဇွန်း (လက်ဖက်ရည်ဇွန်း)ကို ဟင်းသီးဟင်းရွက် ဆီနဲ့ ရောပေးပါ။ ပြီးရင် သံပုရာရည် တစ်စက် လောက်နဲ့ ထပ်ရောပြီး လက်တွေ၊ တံတောင်ဆစ် တွေ၊ ခြေဖနောင့်တွေနဲ့ ကြမ်းထော်နေတဲ့ နေရာတွေကို လိမ်းပေးပါ။ လိမ်းပြီးရင် ဆယ်မိ နစ်လောက် စောင့်ပေးပါ။ သံပုရာသီးဟာ အရေပြား အလှအပ အတွက် အကောင်းဆုံး ပေးစွမ်း စေနိုင်တဲ့ သစ်သီးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဝက်ခြံနဲ့ ယားနာတွေကို ပျောက်ကင်း စေတဲ့ သတ္တိ ရှိပါတယ်။ မှဲ့ခြောက် တွေကိုလည်း ပျောက်ကင်း စေပါတယ်။ သံပုရာရည်နဲ့သာ လိမ်းပေးရမှာ ဖြစ်ပါတယ်။

*အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်*

သံပုရာရည် နှစ်ဇွန်း (လက်ဖက်ရည်ဇွန်း)၊ နနွင်းမှုန့် ဇွန်းဝက်ခန့် (လက်ဖက် ရည်ဇွန်း) တို့ကိုယူပါ။ သင်္ဘောသီးစိတ်ကို ချေပြီး ပျော့ဖတ် သဖွယ် ရအောင်လုပ်ပါ။ ယင်းသင်္ဘောသီး ရည်ကို သုံးဇွန်းခန့် ယူပါ။ အားလုံးကို ရောစပ်ပြီး မျက်လုံးကလွဲရင် မျက်နှာတစ်ပြင်လုံးကို လိမ်းပေးရမှာ ဖြစ်ပါတယ်။ လိမ်းပြီး မိနစ် ၂၀ ခန့်ကြာအောင် စောင့်ပေးပါ။ ပြီးမှ ရေနဲ့ စ်ဖန် ပြန်ဆေးကြော ပေးပါ။

*တံတောင်ဆစ်မည်းခြင်းအတွက်*

သံပရာသီးအခွံနဲ့ ပွတ်ပေးပါ။ ပြီးရင်ရေနဲ့ ဆေးပေးပါ။ နည်းနည်းတော့ ကြာပေမယ့် အရေပြားကို သန့်စင်သွားပြီး တောက်ပြောင်ဝင်း လက်လာ ပါလိမ့်မယ်။ တချို့ အသားအရေ

တွေဟာ မှောင်မှောင် မှိုင်းမှိုင်းနဲ့ ခြောက်ခြောက် သွေ့သွေ့ ဖြစ်နေ တတ်ပါတယ်။ အရောင်အဝါ လင်းလက်ချင်တယ် ဆိုရင်တော့ လတ်လတ် ဆတ်ဆတ် သံပုရာသီး တစ်လုံးရဲ့ အရည်နဲ့ မျက်နှာမကျန် ခန္ဓာကိုယ် အနှံ့ အိပ်ရာမဝင်ခင် ပွတ်လိမ်းပေးပါ။ မနက်ကျမှ ရေချိုးပေးပါ။ အရေပြားကို တောက်ပြောင် ရွှန်းလဲ့စေပြီး နူးညံ့စေပါတယ်။ အိပ်ရတာ စေးထန်း ထန်းနဲ့ မအိပ်ချင်ဘူး ဆိုရင်တော့ ရေချိုးတဲ့အခါမှာ ချိုးမယ့်ရေထဲ သံပုရာရည် တစ်ခွက် တစ်ဝက်ခန့် ထည့်ပြီး အဲဒီ့ရေနဲ့စိမ်ချိုးပေးပါ။

*လက်သည်းဆေးစွန်းတာ ဖျောက်ချင်ရင်*

သံပုရာသီးစိတ် (သို့) သံပရာရည်ကို ရေထဲရောပြီး လက်ကို စိမ်ပေးပါ။ လက်သည်းမှာ ပေနေတဲ့ အစွန်းအထင်း တွေကို ချက်ခြင်းချေ ချွတ်ပေးသွား ပါလိမ့်မယ်။ ပြီးသွားရင် လက်သည်းကို ပြန်ဆိုးမယ် ဆိုရင်လည်း ပိုပြီး တောက်ပြောင် လာပါ လိမ့်မယ်။သံပုရာရည်ထဲ လက်သည်း ခြေသည်းကို ဆယ်မိနစ်ခန့် စိမ်ပေးပါ။ ပြီးလို့ရှိရင် ဘရက်ရှ်နဲ့ လက်သည်း၊ ခြေသည်းကို ပြန်ပွတ်တိုက် ပေးပါ။ ပြီးမှ ရေနွေး နွေးနဲ့ ဆေးကြော ပေးပါ။ ဒီနည်းဟာ လက်သည်းကို သန်စွမ်းစေပြီး တောက်ပြောင် စေပါတယ်။ ဖြစ်နိုင်ရင် ဗင်နီဂါဖြူ ဇွန်းဝက်ခန့်နဲ့ ရေနွေးတစ်ဝက်တို့ ရောပြီး ဘရက်ရှ်နဲ့ တိုက်ပေးရင် ပိုကောင်း ပါတယ်။

*ခြေထောက်*

သံပုရာရည် တစ်ခွက်စာ (ကော်ဖီခွက် တစ်ခွက်စာ)၊ သစ်ဂျပိုး(အနံ့အတွက်)၊ သံလွင်ဆီ နှစ်ဇွန်း (စားပွဲတင်ဇွန်း)၊ နွားနို့လေးပုံတစ်ပုံ (ခွက်တစ်ခွက်)၊ ရေသန့် (ရေကို သင့်တော်သလို ထည့်နိုင် ပါတယ်၊ အနည်း၊ အများ အရေးမကြီးပါ)တို့ ရောစပ်ပေးပါ။ တကယ်လို့ သစ်ဂျပိုး မသုံးချင်ဘူး ဆိုရင် တခြားအနံ့ ပစ္စည်းတို့ သုံးနိုင်ပါတယ်။ နှင်းဆီပွင့်ချပ် တို့ဖြင့်လည်း အစားထိုး အသုံးပြု နိုင်ပါတယ်။ အားလုံးရော စပ်ပြီးရင်တော့ အဲဒီ့အရည်ကို ခြေထောက်စိမ် ပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားမှ ရေနဲ့ ဆပ်ပြာ (Mild) နဲ့ သေချာဆေးကြောသန့်စင်ပေးပါ။ တစ်ပတ်လောက် လုပ်ကြည့် လိုက်တာနဲ့ ခြေထောက် အသားအရေဟာ သိသိသာသာ ချောမွေ့ လာပါ လိမ့်မယ်။

*နွေအပူမှာ ချွေးဆုနေခြင်းအတွက် အကောင်းဆုံးသစ်သီး*

ပူပြင်း ခြောက်သွေ့တဲ့ နွေရာသီလို ဥတုမျိုးမှာ ချွေးထွက် သက်သာအောင်ပဲ ဖြစ်ဖြစ်၊ ရင်ပူ သက်သာအောင် လုပ်ဖို့ပဲ ဖြစ်ဖြစ် သံပုရာ သီးရည်ကို ပျားရည် တစ်ဇွန်းနဲ့ ရောပြီး သောက်ပေးပါ။ သွေးလေ လည်ပတ်မှုကို ကောင်းမွန် စေရုံမျှမက ချွေးထွက်ခြင်းကိုလည်း သက်သာ စေပါတယ်။ သံပုရာသီးထဲမှာ ပါရှိတဲ့ ဂလူးကိုစ့်နဲ့ သတ္တုဓာတ်တွေကြောင့် ခန္ဓာကိုယ်ကို ချွေးထွက်ခြင်းမှ ကာကွယ်ပေးတဲ့အပြင် အေးမြအောင်လည်း စွမ်းဆောင် ပေးပါတယ်။

၁။သံပုရာရည်ကို သောက်ခြင်း အားဖြင့် မောပန်း နွမ်းနယ်မှုကို ပြေစေပြီး လူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပွား တတ်သော အထူးသဖြင့် ၀မ်းဗိုက်တွင် ဖြစ်ပေါ် တတ်သော ရောဂါများကို ကာကွယ် နိုင်ပါတယ်၊

၂။သံပုရာရည်ကို သကြား အနည်းငယ် ထည့်ကာ များများ သောက်ပေးပါက အစာအဆိပ် သင့်ခြင်း၊ အရက်မှ ဖြစ်သော အဆိပ်၊ ဘိန်းမူးလွန်နာ စသည်များကို ပျောက်ကင်းစေသည်။

၃။ထမင်းစား ပြီးနောက် အော့အန်ခြင်း ဖြစ်တတ်လျင် လပ်ဆတ်သော သံပုရာရည်ကို သောက်ရ ပါမည်။

၎။သံပုရာရည်ကို သကြားခတ်၍ သောက်ပါက ခန္ဓာကိုယ်တွင် အဆီများ၍ ချောင်းဆိုးခြင်း၊ သည်းခြေ အားနည်းခြင်း၊ ကိုယ်လက် အဆစ် အမြစ် ကိုက်ခဲခြင်းများ ပျောက်ကင်း စေပါတယ်။

၅။သံပုရာရည်တွင် သကြားခတ်ကာ နံနက်/ည တကြိမ်စီ သောက်ပေးပါက သွားမှ သွေးယို စီးခြင်းကို ပျောက်ကင်း စေသည်။

၆။သံပုရာ ဖျော်ရည်ကို နေ့စဉ် သောက်ပေးပါက အထိုင်အထ လုပ်စဉ် ဖြစ်တတ်သော မူးဝေခြင်း၊ မိုက်ကနဲ ဖြစ်ခြင်း များကို ပျောက်ကင်း စေသည်။

၇။ သံပုရာသီး အစိမ်း၏ အခွံကို စားပေးပါက လေနာ/ ရင်နာ များ ပျောက်ကင်း စေသည်။

၈။ယားနာ ပွေးနာ၊ အရေပြားတွင် အမည်းကွက်များ ပေါ်လာခြင်း ၊ အမွှေးများ ကျွတ်ခြင်း ဖြစ်ပါက သံပုရာခြမ်း နှင့် ပွတ် တိုက်ပေးရပါမည်။

၉။ သံပုရာသီး သနပ်ကို ထမင်းနှင့် နေ့စဉ် စားသုံးပါက သရက်ရွက် ကြီးသော ရောဂါကို ပျောက်စေသည်။

၁၀။ သံပုရာရည် နွေးနွေးကို ပျားရည်နှင့် ရောစပ်ကာ တနေ့ နှစ်ကြိမ်မျှ လျက်ပေးပါက လည်ချောင်းနာခြင်းကို ပျောက် စေသည်။

၁၁။ သံပုရာသီး တလုံးကို မီးကျွမ်းအောင် ဖုတ်ကာ လေးညှင်းတပွင့်နှင့် ထည့်ကျိတ်ပြီး သွားဖုံးရင်းတွင် သိပ်ပေးသော် သွားကိုက် သွားနာ ပျောက်ကင်းစေပါသည်။

၁၂။ ဆီးဆေးဖြူ ( တိုင်းရင်း ဆေးခန်းသုံး ဆေးအမှတ် ၂၁ ) နှင့် သံပုရာရည်ကို ဖျော်၍ သောက်ပေးပါက ဆီးအောင့်ခြင်း ဝေဒနာကို ပျောက်စေသည်။

၁၃။ သံပုရာခေါက်ကို နံနက် ည တကြိမ်စီ ရေနှင့် ကြိုချက်ကာ သောက်ပေးပါက အဖျား ပျောက်ကင်း စေသည်။

၁၄။ သံပုရာခေါက် ၅ ကျပ်သား၊ ရေ ၇၅ ကျပ်သားနှင့် ထက်ဝက်ခန့် ကျို၍ တခွက်စာ (၂ ကျပ်သားခန့်မျှ) တနေ့ ၂ ကြိမ် သောက်ပေးပါက မပြတ်နိုင်သော အဖျား ရောဂါများ ပြတ်သွား နိုင်သည်။

၁၅။ အစာမကြေ၊ လေထိုး၊ လေအောင့်၊ လေပြည့် ဖြစ်နေခဲ့သော် ဂျင်းခြောက်မှုန့် ၂ ပဲ၊ သိန္ဓော ၄ ပဲကို အမှုန့်ထောင်း၍ သံပုရာရည်နှင့် ဖျော်ကာ တနေ့ သုံးကြိမ် သောက်ပေးပါက ပျောက်ကင်း စေနိုင်သည်။

၁၆။ သံပုရာဖျော်ရည် ချိုချိုကို သောက်ပေးခြင်း၊ သံပုရာရည် နှင့် ဆားမီးဖုတ်ကို လျက်ပေးခြင်းဖြင့် နှလုံးတုန်ခြင်း၊ ရင် ခုန်ခြင်း၊ မူးဝေ မောပန်းခြင်း များကို သက်သာ ပျောက်ကင်း စေသည်။

၁၇။ မူးလျင် သံပုရာသီးကို ရှုပေးပါ၊ ရွဲ့စောင်းသော လေငန်းရောဂါများ၊ အာလေး လျှာလေး၍ စကား မပီသသော သူများ ပုံမှန် သံပုရာသီးတလုံးကို ငုံထားသင့်ပါသည်။

၁၈။ ခေါင်းတွင် ပေါက်တတ်သော ဒက်များ၊ ဘောက်များ ရှိနေပါက သံပုရာသီးအခွံနှင့် ခေါင်းကို ပွတ်တိုက် ပေးရပါမည်။ ယားယံသော နေရာများကိုလည်း ပွတ်တိုက်နိုင်ပြီး အမျိုးသမီးများ အတွက် သံပုရာသီးအခွံကို ခေါင်းလျော်ရည်တွင် ထည့် ကာ ခေါင်းလျော် နိုင်ပါသည်။

၁၉။ သံပုရာအစေ့ကို ကြိတ်ကာ ချက်မှာ အုံပြီး ၄င်းအပေါ်၌ ဆန်ဆေးရည်ကို အနည်းငယ် ဆွတ်ဖြန်း ပေးပါက ဆီးရွှင်စေပါတယ်။

၂၀။ သံပုရာချဉ် ပြုလုပ်၍ ထမင်းစားတိုင်း စားသုံးပေးပါက လေကြောင့်ဖြစ်ရသော သွက်ချာပါဒ၊ေ လငန်း၊ လေထိုး၊ လေအောင့်၊ အစာအိမ်ရောဂါ မှန်သမျှကို ကာကွယ်နိုင်သော အထူးစိတ်ချရသော အာဟာရ တစ်မျိုး ဖြစ်ပါသည်။

( ကြည်ကြည်ခင်၊ တိုင်းရင်းဆေး )

စာရေးသူ အထင်တော့ သံပုရာသီးဟာ ၀မ်းဗိုက်နဲ့ ပက်သက်တဲ့ ရောဂါမှန်သမျှ၊ လေနဲ့ ပက်သက်တာ မှန်သမျှကို ကာကွယ် နိုင်ပါတယ်၊ သူ့ရဲ့ ဘေးထွက် ဆိုးကျိုးကို မမြင်မိ သလိုပဲ၊ ချွင်းချက် အနေနဲ့ တနေ့ကို (၃) လုံးထက် ပိုစား မိရင်တော့ အစာအိမ် အချဉ်ပေါက်တဲ့ အနာမျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်၊

ပိန်နေသူများ ၀စေသည်

ရှေးရှေးသော ဆရာတော်ကြီးများ ကတော့ ညနေပိုင်းမှာ သံပုရာသီး(၁) လုံးနှင့်၊ ပျားရည် ထမင်းစားဇွန်း (၃) ဇွန်းလောက်ကို ဖန်ခွက်ကြီး တခုထဲမှာ ထည့်ပြီး ရေနွေး အဖြူနှင့် သမအောင် မွှေကာ သကြား အနည်းငယ် ထည့်ပြီး သောက်လေ့ ရှိခဲ့ကြတယ်၊ ရောဂါ မျိုးစုံကို ကာကွယ် နိုင်သလို၊ ညနေပိုင်းမှာလည်း ဗိုက်မဆာ တော့ဘူး၊ သံပုရာက လေကို နိုင်သလို ပျားရည်ကလဲ ၀မ်းတွင်း ကလီစာများကို ဆေးကု ပေးတတ်တယ်၊ စားကောင်း အိပ်ပျော်၊ ဆီးမှန် ၀မ်းမှန် ဖြစ်ပြီး လူကိုလဲ ၀ဖြိုးစေတယ်။ အသားအရေကိုလည်း ကြည်လင်စေတယ်။ အထူးသဖြင့် အစာအိမ် သမားများအတွက် ပျားရည်ဟာ အသင့်လျော်ဆုံး ဆေးကောင်းပါ၊ ပျားရည်က အစာအိမ် နာကြောင့် အစာအိမ်နံရံမှာ ဖြစ်ပေါ်နေတဲ့ အနာများကို ကျက်စေပါတယ်၊ စတုမဓူဟာလဲ အစာအိမ်အတွက် တော်တော် ကောင်းမွန် တဲ့ ဆေး စွမ်းတလက်ပါပဲ။

ဒီနေရာမှာ ကိုယ့်ကိုယ်ကို ပိန် လွန်းလို့ စိတ်ညစ်နေသူများ၊ ၀ချင်သူများ အထက်ပါနည်းကို ပုံမှန်လေး သောက်ပေး ကြည့်ပါ၊ မယုံမရှိပါနဲ့၊ ကိုယ်တွေ့ပါပဲ၊ စာရေးသူ မြန်မာပြည်မှာ ရှိနေစဉ်က ညနေပိုင်းမှာ အထက်ပါနည်းကိုပဲ စွဲစွဲမြဲမြဲ သောက်လာပြီး ၂ လလောက်လဲ နေရော၊ ခန္ဓာကိုယ်ပေါင်ချိန်က ( ၂၀ ) လောက် တက်လာလို့ ဆက်မသောက် ရဲတော့ဘူး၊ အစား လျော့ စားပေး ရင်တော့ ကိုယ်အလေးချိန် သိပ်မတက် နိုင်ပါဘူး၊

ဝနေသူကို ပိန်စေသည်

ဝလွန်းလို့ ပိန်ချင်သူများကတော့ ပျားရည်နှင့် မသောက်ပဲ သံပုရည် သက်သက် သောက်တာ ကောင်းပါတယ်၊ အထူးသဖြင့် သံပုရာရည်သောက်ပြီးလျင် ၀မ်းဗိုက်အတွင်းက ဟာနေတဲ့ အတွက် ညနေစာကို ၀ိတ်ချတာကို သတိမေ့ပြီး စိတ်ကြိုက် စားလေ့ရှိကြပါတယ်၊ အဲဒီမှာ ဘရိတ်မရှိလေတော့ ခန္ဓာကိုယ်က ပိန်မလာပဲ ၀မြဲ ၀နေတာ မျိုးဖြစ် တတ် ပါ တယ်၊ အဲဒီလို အစား မလျော့လျင်လည်း စားလိုက်သမျှ အာဟာရက ခန္ဓာကို အကျိုးပြုစေတာမို့ သတိထား စရာပါပဲ၊ အထူးသဖြင့် သံပုရာရည် သောက်ထားလေတော့ ၀မ်းဗိုက်က ရှင်းလင်းထား သလို ဖြစ်ပြီး ပိုစားနိုင်လာတတ်တယ်၊ ဒါဆိုရင်တော့ ရည်ရွယ် ချက်ပြည့်ဖို့ ခဲယဉ်းသွားပါလိမ့်မယ်၊ အခုခေတ်ပေါ်နေတဲ့ ပိန်ဆေးတွေက ဘေးထွက်ဆိုးကျိုးတွေ အများကြီး ရှိတာကို ဆရာဝန်တိုင်းက ထောက်ခံ ထားကြပါတယ်၊ သံပုရာကတော့ မရှိသလောက်ပါပဲ။

Like ·   · Share · 4 minutes ago

 

သင့်ကိုယ်တွင်းရှိ အဆိပ်အတောက်များကို ကင်းစင်စေမည့် အစားအသောက်များ

by Health Articles on Thursday, January 3, 2013 at 8:13pm ·

ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်တွေ ကင်းဝေးစေဖို့ လေ့ကျင့်ခန်း လုပ်တာ၊ အရက်ကို ရှောင်တာ၊ အခွံချွတ်ထားတဲ့ သကြားဖြူတွေကို မစားတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေစားတာ စတဲ့ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။  ဒီလိုနည်းလမ်းတွေ အပြင် ကိုယ်တွင်း သဘာဝကျကျ သန့်စင်စေတဲ့ အစွမ်းရရှိစေဖို့ အောက်ပါ အစားအသောက်တွေကို သင်စားတဲ့ အစာထဲ ထည့်စားပေးသင့်ပါတယ်။

 

(၁) တောင်ကြာကလေးရွက်

တောင်ကြာကလေးရွက်ဟာ သင့်ခန္ဓာကိုယ်တွင်းရှိ ဆဲလ်တွေထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်လ်တွေကို ကင်းဝေးစေပြီး အသည်းထဲရှိ သန့်စင်ပေးတဲ့ အင်ဇိုင်းတွေကို စွမ်းအားဖြည့်ပေးပါတယ်။ ဒါ့အပြင် သဘာဝ ဆီးသွားစေတဲ့ အာနိသင် ရှိပါတယ်။

 

(၂) သံပရာရည်

သံပရာရည်မှာ ဗီတာမင်စီများစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်မှ အဆိပ်တွေကို ချေဖျက်ပေးနိုင်စွမ်းရှိကာ အဆီတွေကို လောင်ကျွမ်းစေပါတယ်။ နံနက်တိုင်း သံပရာရည်ကို သောက်ပေးရင် အစာကြေညက်စေတယ်လို့ ဒေါက်တာဖရန့်က ဆိုပါတယ်။

 

(၃) အစိမ်းရင့် ဟင်းသီးဟင်းရွက်များ

သင်စားတဲ့ အစာထဲ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေ ထည့်စားပါ။ စားသင့်တဲ့နည်းက အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပြုတ်ပြီး သံလွင်ဆီဆမ်းကာ စားပေးရမှာ ဖြစ်ပါတယ်။ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေက အစာခြေလမ်းကြောင်းထဲမှာ ကလိုရိုဖီးလ် ပမာဏကို တိုးစေပြီး မီးခိုးနဲ့ ပိုးသတ်ဆေးတွေလို ပတ်ဝန်းကျင် အဆိပ်တွေကို ခန္ဓာကိုယ်ထဲမှ ထွက်ရှိစေပါတယ်။

 

(၄) လတ်ဆတ်သော သစ်သီး  

သင်ဗိုက်ဆာနေရင် စားသင့်တာကတော့ သစ်သီးပါပဲ။ ဗီတာမင်၊ အင်တီအောက်ဆီးဒင့်၊ အမျှင်ဓာတ်စတဲ့ အာဟာရဓာတ်တွေ အပြည့်အဝ ပါဝင်နေတာကြောင့် သစ်သီးတွေကို စားပေးရင် ခန္ဓာကိုယ်ထဲမှ အဆိပ်တွေ ပြေစေပါတယ်။

 

(၅) ဂေါ်ဖီထုပ်

 ဂေါ်ဖီထုပ်မှာ အသည်းထဲက အဆိပ်တွေကို သန့်စင်စေတဲ့ အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။

 

(၆) မုန်လာဥ (Beet)

  သည်းခြေအိတ် ပြဿနာရှိနေတဲ့ သူတွေကို မုန်လာဥ (Beet) များများစားဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ မုန်လာဥထဲမှာပါတဲ့ အမျှင်ဓာတ်ဟာ အင်တီအောက်ဆီးဒင့်အင်ဇိုင်း ထုတ်လုပ်မှုကို တိုးစေတာကြောင့် အသည်းနဲ့ သည်းခြေအိတ်ထဲမှ ခန္ဓာကိုယ်အတွက် အဆိပ်ဖြစ်စေတဲ့ အရာတွေကို ထွက်သွားစေပါတယ်။

 

 

(၇) ချင်းနှင့် ကြက်သွန်ဖြူ

ချင်းနဲ့ ကြက်သွန်ဖြူတွေက အသည်းကျန်းမာရေးအတွက် ကောင်းတဲ့အစာတွေ ဖြစ်ပါတယ်။ အကြောင်းကတော့ အဲဒီအစာတွေဟာ ခန္ဓာကိုယ်ထဲမှာ စုပုံနေတဲ့ ဖရီးရယ်ဒီကယ်တွေကို ဖယ်ရှားပေးနိုင်တာကြောင့်ပါ။

 

(၈) အခွံချွတ်မထားသော ကောက်နှံစာ

အခွံချွတ်မထားတဲ့ ကောက်နှံစာကို ရွေးစားပါက အာဟာရဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တို့ အပြည့်အဝ ပါဝင်တဲ့အပြင် မပျော်ဝင်နိုင်တဲ့ အမျှင်ဓာတ်လည်း ပါဝင်တဲ့အတွက် ဗိုက်ပြည့်စေပါတယ်။ သင့်ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ထွက်စေနိုင်တဲ့အပြင် လေပွတာနဲ့ ဝမ်းချုပ်တာကိုလည်း မဖြစ်စေနိုင်ပါဘူး။

 

  (၉) လက်ဖက်စိမ်း လက်ဖက်ရည်

အခုအချိန်မှာ အရည်တွေ အများကြီးကို မသောက်ချင်ဘူးဆိုရင်တောင် လက်ဖက်စိမ်း (Green Tea) တစ်ခွက်လောက်တော့ သောက်သင့်ပါတယ်။ လက်ဖက်စိမ်း လက်ဖက်ရည်မှာ ဖလေဗိုးနွိုက်ကတ်တီချင် ပါဝင်တာကြောင့် အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းစေပြီး အဆိပ်ချေဖျက်ပေးတဲ့ အင်ဇိုင်းတွေရဲ့ ထွက်နှုန်းကို တိုးစေပါတယ်။

 

 

ကြယ်စင်Ref:  Good HealthSource: http://www.yatanarpon.com.mm/cp/goodhealth/news-55018


http://minnyokhin.blogspot.com/p/new.html

စိတ္တာနုပဿနာ ရှုပားနည်
https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-ash3/528824_274585195957943_1187467482_n.jpg


ဤစိတ္တာနုပဿနာ (စိတ်ကို ရှုပုံရှုနည်း)နင့် ပတ်သက်ပြီး မိုးကုတ်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ဟောပောသော တရားတို့မ ယူ၍ အကဉ်းခပ်ကောက်နုတ်ဖော်ပပမည်။ [မိုး()-၄၅၆မ]

"
ကမ္မဋ္ဌာန်းတေကတော့ အစုံရိတာပဲ၊ ပေမယ့် ခင်ဗားတို့နဲ့ အလော်ဆုံးက ကိုယ့်စိတ် ကိုယ် ရှုတာအလော်ဆုံး (န်ပ) စိတ္တာနုပဿနာပေ" (န်ပ)

*
စိတ်ဆိုတာ ဖစ်ပြီး က်ပက်သားတဲ့စိတ်က တစ်မိုး၊ (န်ပ)
*
အဲဒကို သိတဲ့စိတ်က တစ်မိုး၊ (န်ပ)

ဘယ်နစ်မိုးတုံး (စ်မိုးပဘုရား)

ါဖြင့် ဖစ်ပက်ကို သိတယ်ဆိုပတော့ (န်ပ)

ါဖြင့် ဖစ်ပက်က အသေ၊(န်ပ) မဂ်က အရင် (န်ပ) သူက နောက်မ ပေရတာကိုး (န်ပ)ါဖြင့် အသေကို အရင်နဲ့ သိပေးတယ် (န်ပ) - ၀ိပဿနာပဲ၊ (န်ပဘုရား)

အသေကို အရင်နဲ့သိတာ ဘာခေမယ်(၀ိပဿနာပဘုရား)

ဟော ဒီလိုဆိုတော့ ဒကာ-ဒကာမတို့ ၀ိပဿနာဆိုတာ အလယ်ကလေးပလား (န်ပဘုရား)

အသေကို အရင်နဲ့သိရင် ၀ိပဿနာဖစ်နေပြီ၊ စာလို သုံနှုန်းနေလို့ အဟန့်ကြီးပြီးတော့ ခင်ဗားတို့က နားယောင်နေတာ(န်ပ) တကယ်တော့ ကိုယ့်အသေကို ကိုယ့်အရင်စိတ်နဲ့ သိရင် ပြီးတာပဲ (န်ပဘုရား) ကြည့်ပ ဒီအထဲမ စိတ်ကလေးတစ်ခုပေလာတယ်၊ စိတ်အသက်က ၁နင့် ပဲရိတယ်၊ ဆိုယင် ဖစ်တယ်၊ -ဆိုယင် က်တယ် (န်ပ)

အဲဒလေးကို နောက်သိလုံးကလေးနဲ့ နောက်စိတ်နဲ့ သိပေးလိုက်တာပေ (န်ပ) နောက်စိတ်နဲ့ အသက်ရင် နေတယ် (န်ပ) ဒီရေ့စိတ်က သေသားပြီကိုး (န်ပ) လူတစ်ယောက် သေသားပြီ၊ မောင်ဘအေးဖင့် မောင်ဘအေးတစ်ယောက် သေသားပြီ၊ ကိုသန်းမောင်ဖင့် ကိုသန်းမောင်တစ်ယောက် သေသားပြီ (န်ပ)

ကမ္မဋ္ဌာန်းကောင်းက ဒီမာပဲ

*
အသေဟာ ဘာသစ္စာခေကြမလဲ (ဒုက္ခသစ္စာပ)
*
အသိက (မဂ္ဂသစ္စာပ)

ကိုယ့်ဉာဏ်နဲ့ ကိုယ့်အသေကို သိတာ ၀ိပဿနာခေတယ်(န်ပ) ပေကြပလား

(
ပေပြီ ဘုရား)

ကိုင်း ၀ိပဿနာဆိုတာ အသေကို အရင်နဲ့ ကြည့်တာလို့မတ် (န်ပ) ၀ိပဿနာဆိုတာ (အသေကို အရင်နဲ့ကြည့်တာပဘုရား) ခင်ဗားတို့က တောကောင်း၊ တောင်ကောင်းသားပြီး ရှုမ ၀ိပဿနာထင်ကြတာကိုး၊ မဟုတ်ပဘူး -တဲ့၊ (န်ပဘုရား)

တောမထက်ခင်အောင်လို့ ဘုန်းကြီးက ဟောနေတာလို့ မထင်လိုက်ကြပနဲ့၊

ခင်ဗားတို့ လူစုတေက က်မာလဲ မဟုတ်ပဘူး (န်ပဘုရား)

ကဲလိုရင်းကတော့ ကိုယ့်အသေ ကိုယ်သိနေရင် ပြီးတာပပဲ၊ တောထဲသားနေပေမယ့်လို့ မြို့စိတ်ပေက်နေမယ်၊ာစိတ်ရောက်နေမယ်ဆိုရင် အလကားပပဲ၊ ကိုယ့်အသေ ကိုယ် မရှုဘူး-မင်ဘူးဆိုရင် အလကားပပဲ (န်ပဘုရား)

တောကောင်း တောင်ကောင်းဆိုတာတေက သမထအတက် ဟောတာ၊ (န်ပ) သမထကိတ်ဆိတ်ဖို့ လိုအပ်တယ် (မန်ပ) က သုတ္တန်နည်း။

ဝိပဿနာအတက်ကတော့ လေကားခုံက ခတစ်လမ်းဆင်းရင် တောကောင်း တောင်ကောင်းပဲ -တဲ့၊ က အဘိဓမ္မာနည်း၊ (န်ပဘုရား)

ဝိပဿနာအတက်ကတော့ မင်စိတ၊် ကြားစိတ်၊ နံစိတ်၊ စားစိတ် စတဲ့ စိတ်တေကို ရှုတာ ဆိုတော့ နေရာမရေးဘူး၊ (မန်ပ) ဘယ်နေရာမ ရှုရှု - ရတာပေ (န်ပဘုရား)

စိတ်ရှုရမာမဟုတ်၊ အပက် ရှုရမ

*
ဒကာ -ဒကာမတို့ "ကိုယ့်စိတ်ကိုယ်ရှုပ "ဆိုတာ "ကိုယ့်စိတ်-ကိုယ်သိပ" လို့ ပာတာ (န်ပ) "ကိုယ်စိတ်" ဆိုတာရယ် "ကိုယ်သိ" ဆိုတာရယ် -စိတ် (န်ပ) စိတ်-စိတ် င်းရှုရမယ့်ကိစ္စ၊အရေးကြီးတယ် (မန်ပဘုရား)

"
စိတ်-စိတ်ခင်းရှု" ဆိုပေမယ့် တကယ်တော့ ရှုတဲ့စိတ်ပေတဲ့အခိန်မ အရှုခံစိတ်က မရိတော့ပဘူး (န်ပ) ဘာပုလို့လဲဆိုတော့ တစ်ခိန်တည်းမ -စိတ် ပြိုင်၍ အသက်ရင်ရိုးထုံးစံ မရိလို့ပပဲ (န်ပ) "ဧကစိတ္တ သမာယုတ္တာ" ဆိုတဲ့အတိုင်း တစ်ခိန်မ တစ်စိတ်စီနဲ့သာ အသက်ရင်ရတာ မဟုတ်လား (န်ပဘုရား)

အဲဒီတော့ "ကိုယ့်စိတ် ကိုယ်သိပ" ဆိုပေမယ့် တကယ်တော့ စိတ်ကို သိရမ မဟုတ်ဘူး၊ အပက်ကို သိရမ (န်ပဘုရား) စိတ်ကို သိရမာလား၊ စိတ်ရဲ့ အပက်ကို သိရမာလား (စိတ်ရဲ့ အပက်ကို သိရမာပ ဘုရား) အေး ဟုတ်တယ်။

ါဖြင့် အရှုခံစိတ်ကလေးက အပက်၊ ဒီဘက်ရှုဉာဏ်စိတ်ကလေးက မဂ်၊ အဲလိုသားကိုက်တယ် (န်ပဘုရား) ကလေးတေက တော်တော် အရေးကြီးတဲ့ အခက်လေးတေနော် (န်ပဘုရား)

ခင်ဗားတို့ကတော့ ထင်မယ်၊ ဘုရားက " စိတ္တာနုပဿနာ" လို့ဟောတော့ စိတ်ကို အရှုခိုင်းတယ်လို့ထင်ကြမာ၊ (န်ပ) ဘယ်ဟုတ်လိမ့်မာလဲ၊ စိတ်ကို အရှုခိုင်းတာ မဟုတ်ဘူး၊ " စိတ်၏ပက်မှုကို ရှုပ" - လို့ပောတာ၊ (န်ပဘုရား)

အေး… "သမုဒယဓမ္မာနုပဿီဝ ၀ယဓမ္မာနုပဿီဝ" ဆိုတာတေ လာလိမ့်မယ်၊ အဲဒတေ နောက်တော့ ပာမယ်။ထပ်မံပောဦးမယ်၊ စိတ်ကို အရှုခိုင်းတာ မဟုတ်၊ စိတ်၏ မရိမှုကို ရှုခိုင်းတာ (်ပဘုရား) ရှုတဲ့အခိန်မ မရိတာဘဲ တေ့ရမယ် (န်ပ)ိပြီးမ မရိဘဲ ဖစ်သားတဲ့ သဘောကို တေ့ရမ (န်ပ) စောစောက ဒီနားရိတယ်၊ အခုမရိတော့ဘူး၊ အဲဒီသဘောကို တေ့ရမ (န်ပဘုရား)

ိတာရှုနေလို့ရိရင် ခိုင်တာမဲတာ ရှုနေသာကြောင့် သဿတဒိဋ္ဌိဖစ်တယ်၊(န်ပ) မရိတာ ရှုမ သာလျှင် သဿတဒိဋ္ဌိက တ်တယ်(န်ပဘုရား)

ါဖြင့် ဒကာ-ဒကာမတို့ "အသေကို အရင်နဲ့ရှုပ" ဆိုတာ အမန်ဆုံးပဲ (န်ပ) ဘာပုလို့လဲဆိုတော့ တစ်ခု သေပြီးမ တစ်ခု ဖစ်ရမာကိုး (န်ပ)

ခင်ဗားတို့က "စိတ်ကို အရှုခိုင်းတယ်" ဆိုပြီး "ကုပ်ကတော့ စိတ်တေလာတိုင်း ရှုနေတာပဲ" ဆိုရင် ဒ ၀ိပဿနာ မဟုတ်ဘူး ၀ိပဿနာ အ၀းမ၀သေးဘူး၊ ဆရာကရင် လိုနေမယ်၊ ကိုယ်ကရင်လဲ လိုနေမယ်၊ (န်ပဘုရား)

စိတ်က တစ်ခိန်တည်းမ -ခု ပိုင်၍ ပေကောင်းရဲ့လာ(မပေကောင်းပ) ကြောင့် ရေ့စိတ်ကို နောက်စိတ်နဲ့ မင်လို့ မရနိုင်ဘူး၊(န်ပ) ရေ့စိတ်အပက်ကိုသာ နောက်စိတ်နဲ့ မင်လို့ ရနိုင်မယ် (န်ပဘုရား)

ရေ့က ပထမစိတ်ပက်ပြီးမ နောက်က ဒုတိယစိတ် ပေနိုင်မယ် (န်ပ) ပထမစိတ်က အသေ၊ ဒုတိယစိတ်က င်ဆဲပ (န်ပ) အသေကို င်တဲ့စိတ်နဲ့ရှု၊ င်တဲ့စိတ်ထဲမ ဉာဏ်ပတယ် (န်ပ) အသေကို ဘာနဲ့ ရှုမယ် (အရင်နဲ့ရှုပမယ်) အဲဒ ၀ိပဿနာအစစ်ပ (န်ပဘုရား)

အပက်မပဘဲနဲ့ စိတ်သက်သက်ကိုသာ ရှုနေရင် ၀ိပဿနာအစစ် မဟုတ်သေးဘူး၊ ဖစ်လဲ ဖစ်နိုင်ဘူး(န်ပ) ဘာလို့လဲဆိုတော့ နောက်က ရှုတဲ့စိတ်ပေတဲ့ အခိန်မ ရေ့ကစိတ်ကိမ မရိနိုင်ဘဲ (န်ပဘုရား) က်သားရပြီ၊ က်သားပြီးမသာ နောက်က စိတ်နေိုင်ခင့်ရတာကိုး (န်ပဘုရား)

သမုဒယ - ၀ယဓမ္မာနုပဿီဝ

"
စိတ္တာနုပဿနာ = စိတ်ရှုတယ်" ဆိုတာ အပောကတော့ ပခင်ပောပေ့၊ ပေမယ့် အမန်စင်စစ်ကတော့ " ကိုယ့်အသေကို အရင်နဲ့ ရှုတာပ" အမန်ဗ (န်ပဘုရား)

ဝိပဿနာဆိုတာ ဘာပလိမ့် (အသေကို အရင်နဲ့ ကြည့်တာပ) အသေ မတေ့သေးလို့ရိရင်လဲ အနိစ္စမတေ့သေးဘူး၊ (န်ပ) ကြောင့် ၀ိပဿနာဆိုတာ (အသေကို အရင်နဲ့ ကြည့်တာပဘုရား) အေး

စိတ္တာနုပဿနာလား၊ အသေကို အရင်နဲ့ကြည့်တာလား(အသေကို အရင်နဲ့ ကြည့်တာပ ဘုရား) ဝေဒနာနုပဿနာလား၊ အသေကိုအရင်နဲ့ ကြည့်တာလား၊ (အသေကို အရင်နဲ့ ကြည့်တာပုရား) ဒ လမ်းမန်ကတယ် (န်ပဘုရား)

ါဖြင့် စိတ်ရှုရှု၊ ဝေဒနာရှုရှု၊ ရုပ်ရှုရှု၊ အပက်ကို မင်စေရမယ်လို့ ပာတာ (န်ပဘုရား) ဟာဘုရားဟော အထောက်အထားရိလို့ပောတာ (န်ပ)

*"
သမုဒယဓမ္မာနုပဿီဝ ၀ယဓမ္မာနုပဿီဝ စိတ္တသ္မိ`ံ ၀ိဟရတိ" -တဲ့၊ မဟာသတိပဋ္ဌာန် ပဠိတော်ကြီးမာပတယ်၊ မတ်စာဘုရား ဟောထားတာ (န်ပ)

သမုဒယ- ဆိုတာ ဖစ်တာ၊ မေးလာတာ၊ (န်ပ) ၀ယ - ဆိုတာ က်တာ၊ သေတာပေ (န်ပ) အဲဒီမေးလာပြီး သေသားလိုက်၊ မေးလာပြီး သေသားလိုက်တေကို ရှုရမာ၊ ဉာဏ်နဲ့ရှုရမ (န်ပဘုရား)

ပာနေက စကားလုံးနဲ့ ပာရရင်တော့ ဖစ်လာပြီးပက်သားလိုက်၊ ဖစ်လာပြီး က်သားလိုက်၊ အတိုကောက် "ဖစ်-က်" ပေ့၊ အဲဒတေကို ဉာဏ်နဲ့ရှုရမ (န်ပဘုရား)

မဟာသတိပဋ္ဌာန်ပဠိတော်ကြီးထဲမ ဘုရားရင် ကိုယ်တော်မတ်ကြီး က အတိအလင်း ဟောထားတာပဲ(န်ပ) "သမုဒယ-၀ယ" မေးလာပြီး သေသားတာကို မင်အောင် ကြည့်ရမယ်ဆိုတာလေ (မန်ပ) အဲဒီထိအောင်ားရမာ၊ အဲဒီကတော့မ ၀ိပဿနာဖစ်တာ(န်ပ)

ခုတော့ မဟုတ်ဘူး၊ ခင်ဗားတို့က စာကို ရေ့ပိုင်းတင်ပဲဖတ်ပြီး ရေ့ပိုင်းတင်ပဲပောနေကြတာ၊ ဒီနောက်ပိုင်း (သမုဒယဓမ္မာနုပဿီဝ - ၀ယဓမ္မာနုပဿီဝ) ထိအောင် လာရမ (န်ပဘုရား )

ကဲါဖြင့် ပန်မေးမယ်၊ ၀ိပဿနာဆိုတာ ဘာပလိမ့်(အသေကို အရင်နဲ့ ရှုတာပဘုရား) ဟုတ်တယ်၊ အရင်-အရင်ခင်း ကြည့်လို့ဖစ်မလား (ဖစ်ပ ဘုရား) အေးမြဲမြဲမတ်ထားကြ၊ (န်ပဘုရား)

[
မိုး(၂)န-၄၆၇။]


စိတ္တာနုပဿနာရှုပားနည်းအကဉ်းဖော်ပခက်

၁။ မင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ် ( အပင်ဧည့်သည်စိတ်()ခု။

၂။ လောစိတ်၊ ဒေသစိတ်၊ မောဟစိတ်၊ အလောဘစိတ်၊ အဒေသစိတ်၊ တေးတောစိတ် (အတင်းဧည့်သည်စိတ်()ခု)

၃။ လေကိုထုတ်ယူသောစိတ်၊ လေကိုသင်းယူသောစိတ် (အိမ်သည်စိတ် ()ခု)

ရှုပားပုံရှုပားနည်းစနစ်မ - အိမ်သည်စိတ်()ခုကို အရင်းခံထား၍ မည်သည့်စိတ်ပေပေ ပေတိုင်းပေတိုင်း ဖစ်ပက်မလတ်အောင်း ရှုရမည်ဖစ်သည်။

Credit to mogokdhamma.com

image

Lorem ipsum dolor sit

Aliquam sit amet urna quis quam ornare pretium. Cras pellentesque interdum nibh non tristique. Pellentesque et velit non urna auctor porttitor.

image

Nunc dignissim accumsan

Vestibulum pretium convallis diam sit amet vestibulum. Etiam non est eget leo luctus bibendum. Integer pretium, odio at scelerisque congue.