ကြက်သွန်ဖြူ အစွမ်း သွေးတိုးရောဂါအတွက် အံ့မခန်း
မြန်မာ့ဟင်းလျာများနှင့် အစားအစာများချက် ပြုတ် ရာတွင် ကြက်သွန်ဖြူကို ကျယ်ပြန့်စွာထည့်သွင်း ချက်ပြုတ်ကြပါတယ်။ တိုင်းရင်းဆေးဝါးဖော်စပ် ရာ တွင် ပရဆေးကုန်ကြမ်းအဖြစ်လည်း အသုံးပြုကြပါ တယ်။
မြန်မာ့တိုင်းရင်း ဆေးသမားတော်များ၏ ဆေးခန်းတွင်လည်း ဆေးဝါးတစ်မျိုးအဖြစ် အသုံးပြု လေ့ရှိပါတယ်။ ကျွမ်းကျင်သူ၏ ညွှန်ကြားချက်၊ ဆေးညွှန်း အတိုင်း ဆေးဝါးများကို စနစ် တကျ သောက်သုံးခြင်းသည် သက်ရှည် ကျန်းမာရေးကဏ္ဍ တွင်အဓိကကျသော အချက်အလက်တစ်ခုဖြစ် ပါတယ်။
အစဉ်သတိ အမြဲရှိ ကြက်သွန်ဖြူနှင့် ပတ်သက်သော ကျန်းမာရေးဆိုင်ရာ သိမှတ်စရာများ ကို ပဏာမ တင်ပြပါရစေ။ ကြက်သွန် ဖြူတွင် သွေးကျဲစေ သည့် အာနိသင်ရှိ သည့်အတွက် သွေးမတိတ်ရောဂါရှိသူ များ၊
မကြာခဏနှာခေါင်းသွေးယိုတတ် သူများနှင့်ခွဲစိတ်ကုသမှုခံယူထားသူများ ဟာ ကြက်သွန်ဖြူစားသုံးခြင်းကို ရှောင်ရှားသင့်ပါတယ်။ကြက်သွန်ဖြူကို အလွန် အကျွံ စားသုံး မိခြင်း ဖြင့် ကြက်သွန်ဖြူတွင် ပါဝင်သော အချိုဓာတ် များနှင့် ဓာတ် မတည့် မှု (Garlic Allergy) ဖြစ်ကာ ချွေးထွက်များခြင်း၊ လည်ချောင်းနာ ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း တို့ဖြစ်ပေါ် ခံစားရနိုင်ပါတယ်။
ကြက်သွန်ဖြူ ပျားရည်ဆေးနှင့် ကာကွယ်ပါ
ဒီနည်းကတော့ ရှေးကျတဲ့နည်း ဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အာဟာရများ ပါဝင်တဲ့ ဆေးဝါးနည်း တစ်မျိုးဖြစ်ပါတယ်။
လတ်ဆတ်တဲ့ ကြက်သွန်ဖြူဥတစ်လုံးကို အခွံနွှာပြီး သန့်ရှင်းသော ဖျာချုပ်အပ်နဲ့ ၅ချက်- ၆ချက်ခန့်ဖောက်ကာ ပျားရည်ထည့် ထားတဲ့ ပုလင်းထဲတွင် စိမ်ထားပါ။
ထိုပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း ကို နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် စားသုံးပေးခြင်းအားဖြင့်သွေးတိုးရောဂါ နဲ့ နှလုံး သွေးကြော ကျဉ်း ရောဂါ ရှင်များ အတွက် အကျိုးကျေးဇူးများ စွာ ဖြစ်ပေါ်စေနိုင်ပါတယ်။
ကြက်သွန်ဖြူတွင်ပါရှိသော Allicin ဒြပ်ပေါင်းသည် ဆေးဖက်ဝင် အာနိ သင်များကို ရရှိစေသည်ဟု သုတေ သနပညာရှင်များက မှတ်ချက်ပေး ထားပါတယ်။
ဆေးသိပံ္ပသုတေသန တွေ့ရှိချက် အဆို
သွေးခဲခြင်း၊ သွေးလွှတ်ကြော များကျဉ်း မြောင်းခြင်း၊ သွေးကြော မာခဲခြင်းတို့ကိုထိရောက်စွာ ကာကွယ် ပေးနိုင်သည့် အာနိသင်ရှိပါတယ်။
ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်မှု ကောင်းမွန်စေတဲ့အတွက် နှလုံးသွေး
ကြောကျဉ်းရောဂါ၊ လေဖြတ်၊ လေ သင်တုန်းရောဂါနဲ့လေငန်းရောဂါ အပြင် ခြေဖျားလက်ဖျားသို့ သွေးရောက်ရှိမှု နည်းသော ရောဂါသည်များ အနေဖြင့် ကြက်သွန်ဖြူ ကို ပုံမှန်စားနေကျအစား အစာတွေထဲမှာ ထည့်သွင်းစား သုံးသင့် တယ်လို့ ဆေးသိပ္ပံပညာရှင်များမှ တိုက်တွန်း အကြံပြုထားပါတယ်။

Ace Inhibitor ကဲ့သို့ အာနိသင် ရှိ သည့် Gamma-Glutamyl Cysteine ပါဝင်တဲ့အတွက် သွေးတိုးကျစေသည် ဟု သုတေသန စာတမ်းအချို့တွင် ထုတ်ဖော်ရေးသားထားပါတယ်။
လတ်တလောခံစားနေရသည့် မပြင်း ထန်သော သွေးတိုးရောဂါနှင့် နာတာ ရှည် သွေးတိုးရောဂါလူနာများအနေ ဖြင့် ကြက်သွန်ဖြူကို စားသုံးပေးသင့် ကြောင်း သိရပါတယ်။
အပင်ထွက် ဓာတုဒြပ်စင်များ (Phytochemical)
ကြက်သွန်ဖြူတွင် ပါဝင်သော အဓိကကျသည့် ဒြပ်ပေါင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်-
- Lecithin - Allicin - Beta Sitosterol
- Garlic Oil
- Linoleic Acid
- Palmitic Acid
Health Articles

0 comments:
Post a Comment