" သက်တော်ရှည်ဝါဆိုဆရာတော်ဘုရားကြီး၏ သြ၀ါဒတော် "
••••••••••••••••••••••••••••••••••••••••••••••••••
◙ - မိမိသာမကောင်းမှုပြု၍ သူတစ်ပါးကို
မတိုက်တွန်းသောလူသည် မိမိပြုသည့်
အတွက်ကိုသာ မိမိခံရသောကြောင့်
သူယုတ်မာ(ဗာလ)မည်၏။
◙ - မိမိလည်းပြု၊ သူများကိုလည်း တိုက်တွန်း
သောသူသည် မိမိသူတစ်ပါးနှစ်ဦးသားအတွက်
ခံရသောကြောင့် သူယုတ်မာထက်ယုတ်မာသူ
(ဗာလထက်ဗာလ) မည်၏။
◙ - ဒါန၊ သီလစသော ကုသိုလ်ကမ္မပထတရား၊
မိမိသာပြုသောသူသည်အခြံအရံများခြင်း၊
ကျော်စောထင်ရှားခြင်း၊ တမလွန်၌ နတ်ပြည်
တက်ရခြင်း၊ နိဗ္ဗာန်ရောက်ခြင်းစသော အကျိုးတူ၊
ခံစားရမည်ဖြစ်၍ သူတော်ကောင်းပညာရှိ
(သပ္ပုရိသ)မည်၏။
◙ - မိမိကိုယ်တိုင်လည်း ကုသိုလ်ပြု၊ သူတစ်ပါး
ကိုလည်း နှိုးဆော်တိုက်တွန်းသောသူသည်
နှစ်ဦးသားအတွက် ပစ္စုပ္ပန်၊ သံသရာနှစ်ဖြာသော
အကျိုးစီးပွားကို ခံစားရသောကြောင့်
သူတော်ကောင်းထက်သူတော်ကောင်း၊ ပညာရှိ
ထက်ပညာရှိ ( သပ္ပုရိသသေန သပ္ပုရိသတရ )
မည်၏။
ဖော်ပြပါပုဂ္ဂိုလ်လေးမျိုးတွင် " သပ္ပုရိသသေန သပ္ပုရိ
သတရ " ဖြစ်အောင် ကြိုးစားကြပါ။
- ဘဒ္ဒန္တအဂ္ဃိယ
( ရွှေကျင်သာသနာပိုင် )
အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက
အဂ္ဂမဟာပဏ္ဍိတ၊ နိုင်ငံတော်သြ၀ါဒစရိယ ၀ါဆိုကျောင်းဆရာတော်
( မဟာဝိသုဒ္ဓါရုံတိုက်သစ်၊ မန္တလေးမြို့ )
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
Re-Post By ACM 21-3-2013
အေးချမ်းမွန် Credit & Copy From >> Young Buddhist's Association<< Thank

1 comments:
온라인카지노 온라인카지노 카지노 카지노 dafabet dafabet gioco digitale gioco digitale jeetwin jeetwin クイーンカジノ クイーンカジノ クイーンカジノ クイーンカジノ 카지노 카지노 417
Post a Comment