Wednesday, January 2, 2013

New

Wow Superb.............
L
KIA ရော ၊ အစိုးရကော နှစ်ဘက်စလုံး စစ်ထဲမှာ ရင်းနှီးမြုပ်နှံထားတဲ့ ကုန်ကျငွေတွေကို  ပညာရေး ၊ ကျမ်းမာရေးမှာ သုံးစွဲလိုက်ပါလား ။ KIA ကလည်း စစ်ကို အကြောင်းပြပြီး ဘိန်းရောင်းစား ၊ နိုင်ငံတကာကို အလှူခံ အစိုးရကလည်း စစ်ကို အကြောင်းပြပြီး စစ်အသုံးစားရိတ်ဆိုပြီး စာရင်းပြ ၊ ပြီးတော့ အိပ်ကပ်ထဲထည့် ။ တိုင်းပြည်နဲ့ ပြည်သူတွေကတော့   .........................
KIA ရော ၊ အစိုးရကော နှစ်ဘက်စလုံး စစ်ထဲမှာ ရင်းနှီးမြုပ်နှံထားတဲ့ ကုန်ကျငွေတွေကို 
ပညာရေး ၊ ကျမ်းမာရေးမှာ သုံးစွဲလိုက်ပါလား ။
KIA ကလည်း စစ်ကို အကြောင်းပြပြီး ဘိန်းရောင်းစား ၊ နိုင်ငံတကာကို အလှူခံ
အစိုးရကလည်း စစ်ကို အကြောင်းပြပြီး စစ်အသုံးစားရိတ်ဆိုပြီး စာရင်းပြ ၊ ပြီးတော့ အိပ်ကပ်ထဲထည့် ။
တိုင်းပြည်နဲ့ ပြည်သူတွေကတော့ .........................
Like ·  ·  · 7 minutes ago · 
ဝိသုဒ္ဓိ (စင်ကြယ်ခြင်း) ၇-ပါး။
•••••••••••••••••••••••••
ပုထုဇဉ်ဘ၀မှ လွတ်မြောက်လိုသူတို့သည်၊ ၀ိသုဒ္ဓိ ၇-ပါးကို၊
အဆင့်လိုက် အားထုတ်ရမည်ဖြစ်ပေသည်။

• သီလ ၀ိသုဒ္ဓိ = သီလ စင်ကြယ်မှု၊

• စိတ္တ ၀ိသုဒ္ဓိ = စိတ် စင်ကြယ်မှု၊

• ဒိဋ္ဌိ ၀ိသုဒ္ဓိ = အယူ၏ စင်ကြယ်မှု၊

• ကင်္ခါဝိတရဏ ၀ိသုဒ္ဓိ = ယုံမှားခြင်းမှ စင်ကြယ်မှု၊

• မဂ္ဂါမဂ္ဂဉာဏဒဿန ၀ိသုဒ္ဓိ = မဂ်ဟုတ်သည်, မဟုတ်သည်၌ ဉာဏ်အမြင် စင်ကြယ်မှု၊

• ပဋိပဒါဉာဏဒဿန ၀ိသုဒ္ဓိ = မဂ်သို့ရောက်ကြောင်း အကျင့်ကောင်း၌ ဉာဏ်အမြင် စင်ကြယ်မှု၊

• ဉာဏဒဿန ၀ိသုဒ္ဓိ = နိဗ္ဗာန်ကို သိမြင်နိုင်သော ဉာဏ်၏ စင်ကြယ်မှု၊

( သင်္ဂဟ၊ ၁၅၆ )

အေးချမ်းမွန်မှ 3 Treasures: Buddha, Dhamma & Sangha တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
တစ်ခါတုန်းကပေါ့ ရွာလေးတစ်ရွာမှာ လူနှစ်ယောက်ဟာ အိမ်နီးနားချင်းတွေအဖြစ်နေကြတယ် ။ တစ်ဦးက လယ်သမားဖြစ်ပြီး နောက်တစ်ဦးကတော့ မုဆိုးတစ်ယောက်ဖြစ်ပါတယ် ။ လယ်သမားဟာ သူနေတဲ့ အိမ်ကလေးမှာ ဘဲတွေမွေးထားတယ် မုဆိုးကတော့ သူ့ခြံဝန်းထဲမှာ အမဲလိုက်ခွေးတွေမွေးမြူထားခဲ့တယ် ။ 

မကြာခဏဆိုသလိုပါပဲ အမဲလိုက်ခွေးတွေဟာ လယ်သမားရဲ့ခြံထဲကို ၀င်ရောက်ပြီး လယ်သမားမွေးထားတဲ့ ဘဲတွေကို သတ်ဖြတ်စားသောက်လေ့ရှိကြတယ် ။ လယ်သမားက အဲဒါနဲ့ မုဆိုးဆီသွားပြီးအမဲလိုက်ခွေးတွေကို ထိမ်းသိမ်းထားဖို့နဲ့ လွှတ်မထားဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့တယ် ။ ဒါပေမယ့် မုဆိုးဟာ နေမြဲအတိုင်းနေပြီး ခွေးတွေကို ဒီအတိုင်းလွှတ်ထားခဲ့တယ် ။ နောက်ဆုံးတော့ လယ်သမားဟာ လုံးဝကိုသည်းမခံနိုင်တော့ပဲ ရွာမှာရှိတဲ့အကြီးအကဲဆီသွားပြီးမုဆိုးရဲ့ခွေးတွေကို အရေးယူပေးဖို့တောင်းဆိုခဲ့တယ် ။ 

လယ်သမားရဲ့ ပြောကြားချက်ကို ကြားပြီးတော့ အသိပညာနဲ့ပြည့်စုံတဲ့အကြီးအကဲက အောက်ပါအတိုင်းပြောတယ် ။ " အဲဒီမုဆိုးကို ကျုပ်က အရေးယူပေးလို့ရပါတယ် ခွေးတွေကိုလည်း ချုပ်နှောင်ထားဖို့အမိန့်ပေးလို့ရပါတယ် အဲဒီလိုလုပ်လိုက်မယ်ဆိုရင် ခင်များမှာ မိတ်ဆွေကောင်း အိမ်နီးနားချင်းတစ်ယောက်ဆုံးရှုံးသွားနိုင်ပါတယ် ခင်ဗျားနဲ့အတူနေရတယ့် အိမ်နီးနားချင်းကို ရန်သူဖြစ်စေချင်သလား မိတ်ဆွေဖြစ်စေချင်ပါသလား " 

လယ်သမားက တချက်စဉ်းစားလိုက်ပြီး " မိတ်ဆွေပဲဖြစ် စေချင်ပါတယ် " ဖြေလိုက်တယ် ။ အဲဒီအခါ အကြီးအကဲက ဆက်ပြောတယ် ။ " ကောင်းပါပြီဒါဆို ကျုပ်အကြံတစ်ခုပေးပါ့မယ် ဘဲတွေ မဆုံးရှုံးစေရလို မိတ်ဆွေတစ်ယောက်တိုးလာပါလိမ့်မယ် " 

လယ်သမားက အကြီးအကဲပြောတဲ့အတိုင်းအိမ်ကိုပြန်သွားတယ်။ ပြီးတော့ အိမ်မှာမွေးထားတဲ့ဘဲတွေထဲက အလှဆုံးဘဲ လေးကောင်ကို ရွေးပြီး မုဆိုးရဲ့သားလေးယောက်ကိုလက်ဆောင်အဖြစ်ပေးလိုက်တယ် ။ လက်ဆောင်ဘဲလေးတွေနဲ့ နေ့တိုင်းပျော်ရွှင်စွာကစားနေတဲ့သားလေးယောက်ကို တွေ့တဲ့အခါ မုဆိုးဟာနေ့တိုင်း ၀မ်းသာကြည်နူးနေရတယ် ။ ပြီးတော့ သားလေးတွေလက်ဆောင်ရထားတဲ့ဘဲတွေကို ကိုက်စားမှာစိုးလို့ အမဲလိုက်ခွေးတွေကို သေချာ လှောင်ထားလိုက်ပါတော့တယ် ။ လယ်သမားကိုလည်း ကျေးဇူးတွေတင်ပြီး အမဲလိုက်လို့ပြန်လာတဲ့အခါ အသားတွေကို ဝေငှပေးတတ်လာပါတယ် ။ လယ်သမားကလည်း ခြံထွက်သီးနှံတွေနဲ့ဟင်းသီးဟင်းရွက်တွေ ဘဲဥတွေကို လက်ဆောင်အဖြစ်မုဆိုးကို ပေးခဲ့တယ် ။ ဒီလိုနဲ့သူတို့နှစ်ဦးဟာ အိမ်နီးချင်းကောင်းတွေဖြစ်လာကြပါတယ် ။ 

----------------------------------------------------------

တခါတလေ လောကကြီးမှာ ကိုယ်လိုချင်တာတစ်ခုတည်းကြည့်နေလို့မဖြစ်နိုင်ပါဘူး ။ သူတပါးကို ဘယ်လိုဖြည့်ဆည်းပေးလိုက်ရင် မိတ်ဆွေဖြစ်သွားမလဲဆိုတဲ့အချက်ကလည်း အရေးကြီးလှပါတယ် ။ ကိုယ်ချင်းစာစိတ်လေးက အရေးအကြီးဆုံးပါပဲ ။ မိတ်ဆွေစစ်မိတ်ဆွေမှန်ကိုလိုချင်ရင်ကိုယ့်လိုအင်ဆန္ဒတစ်ခုတည်း ၊ ကိုယ်ဖြစ်ချင်တာတစ်ခုတည်းကိုပဲဦးစားမပေးပါနဲ့ ။ တစ်ကိုယ်ကောင်းမဆန်ပါနဲ့ ။ သူ့ဖက်ကိုလည်းစာနာပြီး ဦးစားပေးတတ်မှသာ ရန်သူဘ၀ကနေ မိတ်ဆွေဖြစ်သွားနိုင်တာပါ ။ 

သင်ရော . . ရန်သူလိုချင်တာလား မိတ်ဆွေလိုချင်တာလား ။ 

သက်တန့်ချို
The farmer and the hunter အားဘာသာပြန်သည် ။
ထန်းတပင်မြို့နယ်၊ ကြိမ်တော်မြောင် ကျေးရွာမှာ ရှိတဲ့ ကြိမ်တောမြောင် ဘုန်းကြီးကျောင်းက ကျောင်းထိုင် ဘုန်းကြီး ဦးအာဒိစ္စ၀ံသ ၊(သက်တော် ၉၅နှစ်၊ ၀ါတော် ၇၅ ၀ါ )ဟာ ပျံလွန်ပြီး ၇ ရက်အကြာမှာ ကျောက်ဖြစ် သွားတယ်ဆိုတဲ့ သတင်းကြောင့် လာရောက်ဖူးမြော်သူများ တနေ့နဲ့ တနေ့ များပြားလာပါတယ်။ ဆရာတော် ရုပ်ကလပ်ကို လာရောက်ဖူးမြော်ကြသူတွေဟာ အနီးအနား ၀န်းကျင် ရွာတွေ အပြင် ရန်ကုန်၊ နေပြည်တော်၊မန္တလေး၊ ဖြူး၊မော်လမြိုင် ၊တောင်ကြီး စတဲ့မြို့တွေကပါ လာရောက်ကြည့်ရှုသူတွေ များပြားပါတယ်လို့ ကြိမ်တောမြောင် ကျောင်းရဲ့လက်ထောက် ကျောင်းထိုင်ဘုန်းကြီး ဖြစ်သူ ဦးပဏ္ဍ၀ံသက မိန့်ပါတယ်။ "ဆရာတော်ကြီး ပျံလွန်တော်မူပြီးတော့ ၇ရက် ကျော်တဲ့ အခါမျက်နှာတော် က အဖြူရောင် အကွက်တွေ စပေါ်လာတယ်။ နောက်တော့ ဖွေးလာပြီး တကိုယ်လုံးကို အဖြူရောင်သန်းလာတယ်။ တဖြည်းဖြည်းနဲ့ ကျောက်သားတွေလို ဖြစ်သွားတယ်" လို့ မိန့်ပါတယ်။" ဆရာတော်ကြီး ရဲ့ ရုပ်ကလာပ်က ကျောက်ဖြစ်သွားတယ်လို့ တဖြည်းဖြည်း နဲ့ ကျော်ကြားလာပြီး လာရောက်ဖူးမြောက်သူတွေ လည်း ပိုမိုများပြားလာခဲ့ပါတယ်။ သက်ဆိုင်ရာ က ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို လာရောက်စစ်ဆေးမှုတွေ ပြ...Continue Reading— ကျောက်ဖြစ်သွားတဲ့ ဆရာတော် ရုပ်ကလာပ် (7 photos)
Like ·  ·  · 55 minutes ago · 

အသက် ၁၀၀ နေရန် ပုံမှန်စားရမည့် အစားအစာများ

အသက် ၁၀၀ နေဖို့ဆိုတာထက် အသက်ရှည်ရှည်၊ ကျန်းကျန်းမာ မာ နေနိုင်ဖို့အတွက် ပုံမှန် စားသုံးနေရမယ့် အစားအစာများ ဖြစ်ပြီး အောက် ပါ အတိုင်း ဖော်ပြလိုက်ရပါတယ်။ 

Don't skimp on vegetables

အသီးအရွက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ်။ တစ်ရက်ကို အသီးနဲ့ အရွက် ငါးမျိုးလောက် စားသင့်တယ်လို့ တိုက်တွန်းပါတယ်။ ငါးမျိုးဆိုတာထက် အစိမ်းရောင် ဟင်းသီး၊ဟင်းရွက်ကို များများစားဖို့ ဆိုလိုရင်း ဖြစ်ပြီး အသည်း၊ နှလုံး၊ ကင်ဆာနဲ့ ဆက်စပ်ရောဂါများ မဖြစ်အောင် အဓိက ကာကွယ် တားဆီးပေးတဲ့ အစားအစာ ဖြစ်ပါတယ်။ 

Eat yogurt

အဆီထုတ်ပြီး ဒိန်ချဉ် ကို နေ့စဉ် သောက်သုံးခြင်းဖြင့် ကိုယ်ခံအား ကောင်း စေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အခြား ရောဂါ ဘယများ မဝင်ရောက်နိုင်သလို အဆီချရန် နည်းလမ်း တစ်ခုလည်း ဖြစ်ပါတယ်။ 

Have fish for dinner

တစ်ပတ်ကို ငါးဟင်းလျာ ၂ ကြိမ်မှ ၃ ကြိမ်လောက် ပုံမှန် စားသုံးဖို့ ဖြစ်ပါတယ်။ ငါးဆီများတဲ့ ဆောလမွန်ငါးတို့လိုက အိုမီဂါ-၃ fatty အက်ဆစ် ပါတဲ့အတွက် ကျန်းမာရေးအတွက် ပိုမို ထိရောက်ပြီး ရောင် ရမ်းခြင်းကို ဖြစ်စေတဲ့ ရောဂါအားလုံးကို လျော့ချပေးပါတယ်။ 

Go nuts

အခွံမာသီးများ ပုံမှန်စားသုံးရမှာ ဖြစ်ပါတယ်။ အခွံမာသီးဆိုလို့ သစ်ကြားသီး၊ ဆိမ့်သော အစိမ်းရောင် အသီးကို ပုံမှန် စားသုံးခြင်းဖြင့် နှလုံးနဲ့ ဆက်စပ် ရောဂါများကို ပျောက်ကင်းစေတယ်လို့ ဆိုပါတယ်။ 

Focus on fiber

ဖိုက်ဘာဓာတ်ပါတဲ့ အစားအစာကို တစ်ရက် ၂၅ ဂရမ်လောက် စားရမယ်လို့ ဆိုပါတယ်။ ယင်းဓာတ်က နေ့စဉ်စားသုံးနေတဲ့ အသီး၊ အရွက်၊ ဆန်၊ ဂျုံ တို့မှာလည်း ပါဝင်နေတဲ့အတွက် တကူးတက ရှာစားနေရန် မလိုအပ်ပါဘူး။ 
high-fiber အစားအစာများကို မည်သည့်ရောဂါ အမျိုး မျိုးကြောင့် မဆို သေဆုံး ရမည့် အန္တရာယ်ကို လျော့ချပေး တယ်လို့ဆိုပါတယ်။ 
----------
----------
----------
တန်ဆေးလွန်ဘေးဆိုသလို အမေရိကန် USDA မှ ပရော်ဖက်ဆာ တစ်ဦးက 'Eat food, not too much,' လို့ ဆိုထားပါတယ်။ အစားအသောက်ကို ပုံမှန်စားသောက်ခြင်းကသာ အသက်ရှည်စေတယ်လို့ ဆိုလိုပါတယ်။ ဒါကြောင့် အသက်ရှည်ရန်၊ ကျန်းမာစေရန် နေ့စဉ် ပုံမှန်လေး စားသုံး ရမယ့် အစားအစာများကို ယခုလို ဖော်ပြပေးလိုက် ရပါတယ်။ 
--
Ref: foxheaths
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_1.html

ဒေါသကို ဘယ်လို ထိန်းချုပ်မလဲ ?

ဒေါသကို ထိန်းချုပ်ဖို့ ဆိုတာ တကယ်တော့ မလွယ်ကူပါဘူး။ ဒါပေမယ့် ဒေါသ ထိန်းချုပ်ဖို့ အကျိုးရှိမဲ့ အကြံပြုချက်တွေတော့ ရှိပါတယ်။

တစ်ယောက် ယောက်က သင့်ကို ကားလမ်းကြောင်း ပိတ်လိုက်တဲ့အခါ သင့်ကိုယ်သင် ဒေါသထွက်တာ ခံစားဖူး ပါသလား။ သင့်သားသမီးက သင်ခိုင်းတဲ့ အတိုင်း လုပ်မပေးခဲ့ရင် တွေးတွေးပြီး ဒေါသ ပေါက်ကွဲ ဖူးပါသလား။ ဒေါသဆိုတာ ပုံမှန် ဖြစ်တတ်တဲ့ စိတ်လှုပ်ရှားမှု တစ်ခုပါပဲ။ ဒါပေမယ့် အကောင်းမြင်ပြီး တိုးတက်မှု ဖြစ်စေတဲ့ နည်းလမ်းကို ဘယ်လို သိနိုင်ပါ့မလဲ။ ထိန်းချုပ်မှု မရှိတဲ့ ဒေါသဟာ ဆိုးရွားတဲ့ စိတ်ခံစားမှုကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ရဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ၊ ဒါမှမဟုတ် တခြား သူစိမ်းတွေနဲ့ ဒေါသ ဖြစ်စရာ တစ်ခုခု ဖြစ်လာရင် ဒေါသ ကင်းဝေးရေး အတွက် လုပ်ရမယ့် ပင်ကိုယ် စွမ်းရည်ကို အသုံးချဖို့ အချိန် ရောက်ပြီဆိုတာ သိဖို့ လိုပါတယ်။ ဒေါသ ကင်းရေး ၁၀ ချက်ဆေးဟာ သင့်ရဲ့ ဒေါသတွေကို ထိန်းချုပ်ဖို့ ကူညီနိုင်မယ့် နည်းလမ်း အဖြစ် အသုံးပြုဖို့ မျှော်လင့်ပါတယ်။

(၁) ခတ္တခဏ အချိန်ယူ တတ်အောင် လုပ်ပါ။ သင့်ရဲ့ ဒေါသကို ထိန်းချုပ်ဖို့ တစ်ဖက်သားကို ခွန်းတုံ့ မပြန်ခင် ၁ ကနေ ၁၀ အထိ လက်ချိုးရေ တွက်လိုက်ပါ။

(၂) ကာလလေး တစ်ခု လုပ်တတ် အောင်လုပ်ပါ။ ခံပြင်းစရာတွေကို သက်သာခွင့် ရတဲ့အထိ ဒေါသကို တအောင့်လောက် ထိန်းလိုက်ပါ။

(၃) စိတ်တည်ငြိမ်အောင် လုပ်ပြီး သင့်ရဲ့ ဒေါသကို ရင်ဖွင့် ပြောပြတတ်အောင် လုပ်ပါ။ ထိပ်တိုက် ရင်ဆိုင်တဲ့ နည်းကိုမသုံးဘဲ သင့်ရဲ့ ခံပြင်းမှု၊ မချင့်မရဲ ဖြစ်မှုကို ထုတ်ဖော် ပြောပြဖို့ အချိန်ရောက်ပြီဆိုတာ ဆုံးဖြတ်လိုက်ပါ။ စိတ်လှုပ်ရှားမှုဟာ အခြေ အနေကို ပိုလို့ ဆိုးရွား စေနိုင်ပါတယ်။

(၄) လေ့ကျင့်ခန်း တစ်ခုခု လုပ်လိုက်ပါ။ ကာလ လှုပ်ရှားမှု လုပ်တာဟာ သင့်ရဲ့ စိတ်လှုပ်ရှားမှု တွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်လာမှာ သေချာ ပါတယ်။ အထူးသဖြင့် ဒေါသ ပေါက်ကွဲလုဆဲဆဲ အချိန်မှာ လုပ်ပေးနိုင်ရင် ပိုကောင်း ပါတယ်။ အပြင်ထွက်ပြီး ခပ်သွက်သွက် လမ်းလျှောက်၊ ဒါမှမဟုတ် ပြေးလိုက်၊ ဒါမှမဟုတ် ရေကူးလိုက်၊ ဒါမှ မဟုတ် အလေးမလိုက်ပါ။

(၅) တစ်ခုခုမပြောခင် အသေအချာ စဉ်းစားပါ။ မစဉ်းစားမိဘဲ ပြောမိမယ်ဆိုရင် ဝမ်းနည်း စိတ်ထိခိုက်လာပြီး ရန်များဖို့ ဖြစ်လာပါလိမ့်မယ်။ ဒီအချိန်မှာတော့ သင်ပြောချင်တာကို လက်ရေးနဲ့ ချရေးလိုက်ပါ။ ဒီလို လုပ်လိုက်တာနဲ့ ပြဿနာ တွေကို ပြီးအောင် လုပ်နိုင်ပြီး ဒေါသ ထွက်တဲ့အခါ လမ်းကြောင်း ပြောင်းတဲ့ လွယ်ကူတဲ့ နည်းလမ်းတစ်ခု ဖြစ်မှာပါ။

(၆) ပြဿနာ တွေကို ခွဲခြမ်း စိတ်ဖြာလိုက်ပါ။ သင့်စိတ်ကို ကယောက် ကယက် လုပ်တဲ့အပေါ် အာရုံစိုက်မဲ့အစား၊ အဓိက ပြဿနာကို ဖြေရှင်း ဆုံးဖြတ်ဖို့ ဒေါသ ထွက်အောင် လုပ်တဲ့သူနဲ့ အဆင်ပြေအောင် လုပ်ကြည့်လိုက်ပါ။

(၇) ပြဿနာကို ထုတ်ဖော်တဲ့ အခါမှာ 'ကျွန်တော်၊ ကျွန်မ' ဆိုပြီး သုံးနှုန်း ပြောဆိုပါ။ ဒီလို သုံးနှုန်း ပြောဆို လိုက်တာနဲ့ ဝေဖန်တာတို့၊ အပြစ်တင်တာ တို့ကို ရှောင်ကြဉ်နိုင်မှာပါ။ သူတစ်ပါးကို ဒေါသ ဖြစ်အောင်လုပ်တာ၊ ဒါမှ မဟုတ် မကျေမချမ်း အောင် လုပ်တာတွေကို ရှောင်ရှား နိုင်မှာပါ။ စိုးရိမ် ပူပန်မှု၊ အားပြိုင်မှုတွေ မရှိလာ နိုင်တော့ပါဘူး။ ဥပမာ- 'ကျွန်တော့် အိမ် အလုပ်တွေကို ခင်ဗျား တကယ် ကူညီ သင့်တယ်ဗျာ ' လို့ ပြောမယ့်အစား 'ကျွန်တော် စိတ်မချမ်းသာဘူးဗျာ .. ဒီညနေကျတော့ အိမ် အလုပ်တွေကို ခင်ဗျား ကူညီပေးနိုင်မှာ မဟုတ်ပါဘူး' လို့ ပြောလိုက်တာမျိုးပေါ့။

(၈) သဝန်တို၊ မနာလိုတာတွေ မလုပ်ဖို့ပါ။ တကယ်လို့ သူတစ်ပါးကို ခွင့်လွှတ်နိုင်ရင် နှစ်ဦးစလုံး အတွက် အဆင်ပြေမှာပါ။ သင်လိုချင်တဲ့ အတိုင်း လူတိုင်းကို အဆင်ပြေအောင် ဆက်ဆံဖို့ မျှော်လင့်ထားတာ သဘာဝ မကျပါဘူး။

(၉) စိတ်ဖိစီးမှုကို ရယ်စရာ ဟာသလုပ်ပြီး ချေဖျက် ပစ်လိုက်ပါ။ ရယ်စရာ လုပ်ပြစ်လိုက်ခြင်းဟာ စိတ်ပင်ပန်း ညစ်နွမ်းမှုကို ပျံ့နှံ့အောင် လုပ်လိုက်သလို ပါပဲ။ စောင်းချိတ်တဲ့ စကားထေ့လုံး ငေါ့လုံးတွေ မပြောမိဖို့ အရေး ကြီးပါတယ်။ ဒီလို ပြောလိုက်မိတဲ့ အတွက် ခံစားချက်တွေကို နာကျင်စေနိုင်ပါတယ်။ ပြီးတော့ အရာ ခပ်သိမ်းကို ပိုဆိုး ရွားစေနိုင်ပါတယ်။

(၁၀) အပန်းဖြေ အနားယူတဲ့ အလုပ်ကို လေ့ကျင့်ပါ။ အနားယူဖို့ စိတ်ဖိစီးမှု လျှော့ချခြင်းဟာ သင့်ဒေါသကို ထိန်းချုပ် ပေးနိုင်ပါလိမ့်မယ်။ အသက်ရှု လေ့ကျင့်ခန်းကို များများ လေ့ကျင့်ပါ။ အနားယူတဲ့ မြင်ကွင်းကို တွေးကြည့်ကြည့်ပါ။ ညင်သာတဲ့ စကားလုံးတွေကို ထပ်တလဲလဲ တွေးကြည့်ပါ။

ဥပမာ - သက်သက် သာသာနေပါ။ ဒေါသကို လျှော့ဖို့ တခြားခိုင်မာတဲ့ နည်းလမ်း တွေကတော့ သီချင်းနားထောင်ပါ။ စာများများရေးပါ။ ယောဂ ကျင့်ပါ။ လူတိုင်း နီးပါးတော့ ဒေါသ ဖြစ်ဖူး ကြမှာပါ။

ဒေါသ ထွက်လာရင် ဘာလုပ်ရမလဲပေါ့။ ဒေါသကို ပေါက်ကွဲ ထွက်လိုက်ရင်ပဲ ကျွန်မလည်း စိတ်ချမ်းသာ သလိုလို၊ ဒေါသကို မြိုသိပ်လိုက်တာက ကောင်းသလိုလို၊ ပင်လယ် ကမ်းခြေသွားပြီး အော်ဟစ် ခိုင်းလိုက်ရင်ပဲ ဒေါသ ပြေသွားသလိုလို၊ တောင်ထိပ်ပေါ်တက်ပြီး အော်ရင်ပဲ ရင်ထဲမှာ ပေါ့သွားသလိုလို အဲလို သလိုလိုတွေကြားထဲမှာ ဒီနည်းလမ်းလေးကို သုံးကြည့်ရင် ကောင်းမယ် ထင်တာနော်။ ဒီစာလေးကို ဖတ်ပြီး ဒေါသထွက်တဲ့ သူတွေ အနည်းဆုံးတော့ ပြုံးမိသွားမယ်လို့ ထင်ပါတယ်။
image

Lorem ipsum dolor sit

Aliquam sit amet urna quis quam ornare pretium. Cras pellentesque interdum nibh non tristique. Pellentesque et velit non urna auctor porttitor.

image

Nunc dignissim accumsan

Vestibulum pretium convallis diam sit amet vestibulum. Etiam non est eget leo luctus bibendum. Integer pretium, odio at scelerisque congue.