Monday, December 31, 2012

အင်္ဂါလေးပါးပြည့်စုံလျှင် ဒုတိယဘ၀မှာ ကိစ္စပြီးပုံ
.........................................................
ဒကာဒကာမတွေ တရားလည်းနာကြတယ်..
တရားလည်းမှတ်ကြတယ်.. ရတန်သလောက်လည်းရကြတယ်..
အဲဒီအကျိုးကျေးဇူးတွေ
ဘုရားသခင်ကိုယ်တော်မြတ်ကြီးသည်
လေးသင်္ချေနဲ.ကမ္ဘာတစ်သိန်း ဖြည်.ဆည်းပြီးတော.ရတဲ.
သဗ္ဗညုတဥာဏ်တော်ကြီးနဲ. တရားနာတဲ.ပုဂ္ဂိုလ်၊ တရားတွေ သရဇ္ဈယ်တဲ.ပုဂ္ဂိုလ်၊ တရားတွေ နှလုံးသွင်းတဲ. ပုဂ္ဂိုလ်၊ တရားတွေမြင်လိုက်သဖြင်.
ငါ ငါ.ဥစ္စာ မရှိဘူးလို. သိတဲ.ပုဂ္ဂိုလ်ဟာ ဒီဘ၀မှာ အလုပ်လုပ်လို. ကိစ္စမပြီးတောင် ဒုတိယဘ၀ အသေအချာပြီးတယ်ဆိုတာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက
သဗ္ဗညုတဥာဏ်တော်နဲ.ကြည်.ပြီး ဆုံးဖြတ်ချက်ချထားတာ စတုတ္ထနိပါတ် အဂုင်္တ္တိုမှာလာတယ်လို. မှတ်ရမယ်..။

ဒီဘ၀အားတော.ထုတ်တာပါပဲတဲ. ၊ ဒုက္ခအဆုံးကိုမရောက်ဘူး၊ ဒုက္ခလေးတွေမြင်ရုံနဲ.ပဲ စုတေကွယ်လွန်သွားလို.ရှိရင်ဖြင်. ဘယ်ဘုံများဖြစ်မလဲလို.
ဘုရားက သဗ္ဗညုတဥာဏ်တော်နဲ.ကြည်.လိုက်တဲ.အခါ ကိစ္စမရှိဘူး ဒုတိယဘ၀ကိစ္စပြီးနိုင်တဲ.အကြောင်း တာဝန်ခံသောကြောင်. အားလုံးသောဒကာဒကာမတွေ
နာလည်းနာကြပါ၊ နှလုံးလည်းသွင်းကြပါ၊ ဒိဋ္ဌိကွာအောင်လည်းလုပ်ပါ၊ ဒီလိုဆိုရင်ဖြင်. ဒီဘ၀ကိစ္စမပြီးလည်း ဒုတိယဘ၀ ကိစ္စပြီးမယ်။
ဒီဘ၀ကိစ္စပြီးရင်လည်း အတိုင်းထက်အလွန်ကောင်းတယ်လို. မှတ်ရမယ်။ အားမလျှော.ကြနဲ.လို. တိုက်တွန်းလိုက်ပါတယ်။

အနိစ္စ၊ ဒုက္ခ၊ အနတ္တတရား နာမှု တစ်နံပါတ်၊ ကိုယ်တိုင်ရမှု နှစ်နံပါတ်၊ နှလုံးသွင်းမှု သုံးနံပါတ်၊ နှလုံးသွင်းတဲ.အခါ ငါ သူတစ်ပါး ယောက်ျား မိန်းမ မရှိပါလားလို. ဒိဋ္ဌိကွာသိမှု လေးနံပါတ်။
ခုနအဂါင်္လေးပါးနဲ. ညီပြီးသေသွားကြမယ်ဆိုရင်ဖြင်. နတ်ရွာ သုဂတိဟာ သေချာရောက်ပါတယ်။
ခန္ဓာငါးပါးဟာ အနိစ္စပဲ ဒုက္ခပဲ အနတ္တပဲဆိုတာ တရားတွေနာလို.လည်းသိတယ်၊ ရွတ်ဖတ်လို.လည်း ရနေကြတယ်၊
ရှုလည်းရှုနေကြတယ်၊ ဒီထဲငါသူတစ်ပါး ယောက်ျား မိန်းမပါသေးလား၊ ဒိဋ္ဌိကလည်းကွာတယ်၊ ကွာပြီးသကာလ ဖြစ်ပျက်တော.မြင်၊ မြင်ပျက်တော.မုန်းပြီး
ဖြစ်ပျက်မဆုံးဘဲ သေသွားမယ်၊ ခုနကပြောခဲ.တဲ. အဂါင်္လေးချက်နဲ.တော. ညီပါရဲ.၊ ဖြစ်ပျက်မဆုံးဘဲနဲ. သေသွားမယ်၊
အဲဒီလိုသေသွားတဲ. ပုဂ္ဂိုလ်ဟာ ဘုရားသခင်ကိုယ်တော်မြတ်ကြီးက သဗ္ဗညုတဥာဏ်တော်နဲ.ကြည်.ပြီး နတ်ပြည် (၆)ထပ် တစ်ခုခုရောက်ရမယ်ကွတဲ..။

ရောက်ပြီးပြီဆိုလို.ရှိရင်ဖြင်. ဒီပုဂ္ဂိုလ်ဟာ လူ.ပြည်ကနာထားတဲ.တရားကို ရွတ်ထားတဲ.တရားကို နှလုံးသွင်းထားတဲ.တရားကို ဒိဋ္ဌိကလည်းကွာပြီးသကာလ မဂ်နဲ.ကွာတာမဟုတ်သေးဘူးနော်
သုတမယ စိန္တာမယနဲ. ကွာတာပဲရှိသေးတယ် အဲဒီလိုကွာပြီးသကာလ သေလို. လူ.ပြည်ကသေ နတ်ပြည်ရောက် ၊ နတ်ပြည်ရောက်တော. ဒီပုဂ္ဂိုလ်အတွက် ဘုရားသခင်ကိုယ်တော်မြတ်ကြီးက -
သူနတ်ပြည်ရောက်မှန်းကို မသိသေးဘူးတဲ.၊ လူ.ပြည်ကနာထားတဲ.တရားတွေက အော် ဒီခန္ဓာကြီးဟာ (စိတ်ဆိုတဲ.တရားဟာ အနိစ္စပါလား ဒုက္ခပါလား အနတ္တပါလား၊ ဝေဒနာရှုတဲ.ပုဂ္ဂိုကလည်း
ဝေဒနာဟာ အနိစ္စပါလား ဒုက္ခပါလား အနတ္တပါလား လို. ရှုတာက အရင်ပေါ်လာတယ်.. နတ်ပြည်ရောက်ကြောင်း မသိသေးဘူးတဲ. ဒကာဒကာမတို.။ ရှုတဲ.ဥာဏ်က အရင်ပေါ်လာတယ်။
ပေါ်လာသည်နဲ.တပြိုင်နက် အဲဒီမှာ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာကျအောင် ဖြစ်သွားတာပဲ။ လူ.ပြည်မှာ ဒုက္ခမဆုံးတောင်မှ ပူစရာမရှိဘူးဆိုတဲ. အဓိပ္ပါယ်ကို ဘုရားသခင်ကိုယ်တော်မြတ်ကြီးက
ဟောပါတယ်။ နတ်ပြည်ရောက်ကြောင်း မသိခင် မဂ်ဖိုလ်ကျတာက အရင်ရောက်ပါတယ်တဲ.။

ဒါကြောင်. ဒကာဒကာမတို. ကြိုးစားပြီး တရားနာ၊ ကြိုးစားပြီး နှုတ်ထဲရောက်အောင်၊ ကြိုးစားပြီး နှလုံးသွင်းပြီး
ကြိုးစားပြီး ဒိဋ္ဌိခွာခဲ.လို. ရှိရင်ဖြင်. စုတေကွယ်လွန်ပြီး နတ်ပြည်ရောက်၊ နတ်ပြည်ရောက်ပြီး သူ.ဟာသူ နတ်ပြည်ရောက်ကြောင်းမသိသေးဘူး၊ ၀ိပဿနာဥာဏ်က စပေါ်တယ်။ ဘယ်နှယ်.ကြောင်. ၀ိပဿနာဥာဏ်က စပေါ်ရပါလဲလို. မေးခွန်းထုတ်လို.ရှိရင်ဖြင်. နတ်တွေမှာ သလိပ်တို. သွေးတို. ပြည်တို.မရှိဘူး၊ အဲဒါကြောင်. သူတို.ဥာဏ်ကအင်မတန်ထက်ပြီး ချက်ချင်းပေါ်လာတယ်။
ဒါဖြင်. တစ်နံပါတ်ပုဂ္ဂိုလ်က နတ်ပြည်ရောက်ပြီး တရားဟောဆရာမတွေ.ဘဲနဲ. ရဟန္တာပုဂ္ဂိုလ်ဖြစ်သွားတယ်။လူ.ပြည်မှာ အဂါင်္လေးချက်ညီအောင်လုပ်သွားကြပါ၊

နှစ်နံပါတ် ပုဂ္ဂိုလ်ကတော. ခုနက အဂါင်္လေးချက်- တစ်နံပါတ် အနိစ္စ ဒုက္ခ အနတ္တတရားတွေ နာမှုလည်းရှိတယ်..၊ နှစ်နံပါတ် နှုတ်ထက်ရမှုလည်းရှိတယ်၊ သုံးနံပါတ် နှလုံးသွင်းမှုလည်းရှိတယ်
လေးနံပါတ် ယောက်ျား မိန်းမ ပုဂ္ဂိုလ်သတ္တ၀ါမပါ ပါလား ဓမ္မသဘောတွေပါလားလို. ဒိဋ္ဌိကွာမှုလည်းရှိတယ်။ သို.သော် သေကာနီးကျတော. တွေဝေမိန်းမောပြီးသကာလ သေသွားတယ်၊ တွေဝေပြီးသေရင်သေ
နတ်ပြည်ခြောက်ထပ်ရောက်တာပဲကွတဲ.။ နတ်ပြည်ရောက်ပြီးသကာလနေတုန်းမှာပဲ သူ.စိတ်ကို သိတဲ.နတ်က အနားလာပြီးသကာလ မင်းလူ.ပြည်တုန်းကကွာ မင်းတို.ဆရာဆီမှာ စိတ္တာနုပဿနာမင်းရှုခဲ.တယ်
ဝေဒနာနုပဿနာမင်းရှုခဲ.တယ်၊
စိတ်ဖြစ်ပျက်၊ ဝေဒနာ ဖြစ်ပျက်တွေ နှလုံးသွင်းခဲ.တာကို မင်းအောက်မေ.ပါလားဆိုပြီး သူ.စိတ်သိတဲ.မိတ်ဆွေနတ် တစ်ဦးတစ်ယောက်က သူနှလုံးသွင်းတဲ.တရားလာပြောသည်နဲ.တပြိုင်တည်း
ခန္ဓာကိုယ်လှည်.ပြီး နှလုံးသွင်းလိုက်တာ သူ.ခန္ဓာကြီး အနစ္စအချက်တွေ ဒုက္ခအချက်တွေ အနတ္တအချက်တွေ သံသယမရှိဘဲ ပေါ်လာပြီး သူလည်း သောတာပန် သကဒါဂမ် အနာဂါမ် ရဟန္တာဖြစ်တာပဲ။

တတိယပုဂ္ဂိုလ်ကတော. လူ.ပြည်.နေတုန်းက တရားနာမှု၊ နှုတ်ထက်ရမှု၊ အနိစ္စ ဒုက္ခ အနတ္တနှလုံးသွင်းမှု၊ ဖြစ်ပျက်မြင်တဲ. ပုဂ္ဂိုလ်ဟာ ငါသူတစ်ပါး ယောက်ျားမိန်းမမရှိပါလားလို. ဒိဋ္ဌိကွာမှု အဂါင်္လေးပါးနဲ.
ပြည်.စုံပြီးသကာလ သေခါနီးကျတော. တတိယပုဂ္ဂိုလ်လည်း တွေဝေမိန်းမောပြီး သေသွားတယ်..။ သို.သော် နတ်ပြည်ပဲရောက်ပါတယ်၊ တွေဝေမိန်းမောသေတာတောင်မကြောက်ပါနဲ.တဲ.။
နတ်ပြည်ရောက်သွားတဲ.အခါကျတော. နတ်ပြည်မှာလည်း ၇ ရက်တစ်ပတ် တရားပွဲရှိတယ်။ သိကြားကဟောတဲ.အခါရှိတယ်၊ ဒိပြင် နတ်ထူး နတ်မြတ်တွေက ဟောတဲ.အခါလည်းရှိတယ်၊
၇ ရက်တစ်ပတ် တရားနာကြရတယ်၊ အဲဒီတရားပွဲသွားလိုက်လို.ရှိရင်ဖြင်. သူနာထားတဲ. အားထုတ်ထားတဲ.တရားဟာ အကုန်ပေါ်လာပြီးသကာလ အဲဒီတရားပွဲထဲမှာပဲ သောတာပန် သကဒါဂမ် အနာဂါမ် ရဟန္တာဖြစ်တယ်။ လောကီဥပမာနဲ.ပြရရင်တဲ. ၊ မြို.ကြီးသားတစ်ယောက်ဟာ တောထဲမှာ မျက်စိလည်နေချိန် ခရုသင်းသံကြားရတဲ.အခါ ဒါဘာသံပါလိမ်.လို. သသယဖြစ်စရာမရှိဘဲ ဒါ ခရုသင်းသံပဲလို. သေချာသိသလို
မြတ်စွာဘုရားရှင်ဟောထားတဲ. တရားတွေနာရတဲ.အခါ ဒါ နိဗ္ဗာန်ရောက်ကြောင်းတရားပဲ ချက်ချင်းဆုံးဖြတ်ချက်ချပြီး သိသလိုပဲတဲ.။

လေးနံပါတ် ပုဂ္ဂိုလ်ကတော. တရားနာမှု၊ နှုတ်ထက်ရမှု၊ နှလုံးသွင်းမှု၊ ဒိဋ္ဌိကွာမှုဆိုတဲ. ခုနအဂါင်္လေးချက်နဲ.ပြည်.စုံပြီးသကာလ သေခါနီးကျတော. ဒီတရားတွေ နှလုံးမသွင်းနိုင်ပဲ သေသွားတယ်၊
နတ်ပြည်ခြောက်ထပ် တစ်ခုခုရောက်တာပဲတဲ.၊ အားငယ်စရာဘာမှမရှိဘူးလို. သေချာမှတ်ပါ၊ ဒါနဲ. သူသည်ကားဆိုရင် နတ်ပြည်ရောက်သွားတယ်၊ ခုဥပုသ်စောင်.ကြတယ်၊ တရားနာလာကြတဲ. ပုဂ္ဂိုလ်တွေ
ရာထောင်မကရှိတယ်၊ ဒီပုဂ္ဂိုလ်တွေဟာ ဒီလိုသေသွားရင်ဖြင်. သေချာပေါက် နတ်ပြည်ရောက်မှာပဲတဲ.၊ ဘယ်သူမှမရောက်မယ်.ပု၈္ဂိုလ်မပါပါဘူး၊ ကြိုးစားနေတ. ပုဂ္ဂိုလ်တွေကိုး၊
အဲတော. တစ်ယောက်ကအရင်ရောက်နှင်.တယ်၊ ခုနင်ကပုဂ္ဂိုလ်က တွေတွေဝေေ၀နဲ.သေပြီး နတ်ပြည်ရောက်သွားတယ်၊ ရောက်သွားလို.ရှိရင်ဖြင်. သူကဘယ်လိုပဲမေ.နေဦး၊
ဒီတရားနာနေတဲ.ပုဂ္ဂိုလ်ထဲက နတ်ပြည်မှာ အရင်ရောက်နှင.်တဲ.ပုဂ္ဂိုလ်ရှိတယ်၊ အရင်ရောက်နှင်.တဲ. ခုနင်က ဓမ္မမိတ်ဆွေနတ်တွေက လာပြောကြတယ်၊
ငါ.ရှင် အလာကားမနေနဲ.၊ မင်းလူ.ပြည်.တုန်းက တို.နဲ.တရားနာတယ်၊ တရားတွေလည်း အတူတူအားထုတ်ခဲ.ကြတယ်၊ မင်း ဒီစိတ်ကလေး ဖြစ်ပျက်ရှုပါလား၊ ဝေဒနာလေး ဖြစ်ပျက်ရှုပါလားလို. လာပြောနေတာ၊

နောက်ရောက်တဲ.ပုဂ္ဂိုလ် သတိများမေ.နေတယ်ဆိုလို.ရှိရင်ဖြင်. နတ်ပြည်ရောက်တာနဲ. ငါ.ရှင် လူ.ပြည်တုန်းက ဒီဓမ္မာရုံမှာ ဆရာဆီမှာ ဖြစ်ပျက်တွေ နှလုံးသွင်းခဲ.ကြတယ်၊ မင်းပြန်နှလုံးသွင်းပါလားလို.
အရင်ရောက်နှင်.တဲ. ဓမ္မမိတ်ဆွေ နတ်က လာပြောတာပဲ၊ ပြောသည်နဲ.တပြိုင်တည်း သူဟာ ခန္ဓာထဲဥာဏ်လှည်.လိုက်လို.ရှိရင်ဖြင်. တခါတည်း သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာကျအောင်ဖြစ်တာပဲ။
ဓမ္မမိတ်ဆွေချင်း လာပြီး သတိပေးလိုက်တယ်။ ကလေးများကစားတဲ.အခါ တစ်ယောက်နဲ.တစ်ယောက်သင်သလို အရင်ရောက်နှင်.တဲ. ဓမ္မမိတ်ဆွေ နတ်သား နတ်သမီးတွေက ငါ.ရှင် လူ.ပြည်တုန်းက
စိတ္တာနုပဿနာကြိုးစားခဲ.သားပဲ ၊ ဝေဒနာနုပဿနာကြိုးစားခဲ.သားပဲ ပြန်ပြီးနှလုံးသွင်းပါလားလို. လာပြီး သတိပေးတာပဲ။

ကိုင်း ဒါဖြင်. တစ်နံပါတ် ပုဂ္ဂိုလ်ကတော. ခုနင်က အဂါင်္လေးချက်နဲ.ပြည်.စုံပြီး နတ်ပြည်ရောက်တော. တရားမဟောဘဲနဲ. ဘယ်သူမှလာမပြောဘဲနဲ. အိပ်သောယောက်ျား နိုးသော်လားသို. သူ.အလိုလိုပေါ်တယ်။

ဒုတိယပုဂ္ဂိုလ်ကတော. သူ.စိတ်သိတဲ. နတ်က လာဟောတယ်။

တတိယပုဂ္ဂိုလ်ကတော. နတ်ပြည်ရောက်တော. ၇ ရက်တစ်ပတ်နေပြီး တရားပွဲကြုံတာနဲ. ကိစ္စပြီးသွားတယ်။

စတုတ္ထပုဂ္ဂိုလ်ကတော. ဓမ္မမိတ်ဆွေအချင်းချင်း လာသတိပေးတာနဲ. ကိစ္စပြီးသွားတယ်။
နတ်ပြည်ရောက်တာ လေးယောက်စလုံးပဲ ၊ သတိပေးပုံချင်းသာ ကွာတယ်။ ဒါဖြင်. ဘုန်းကြီးတို. ဒကာဒကာမတွေ ကြောက်စရာ လန်.စရာ ဘာမှ မရှိပါဘူး။

ဘုန်းကြီးက တရားဟောကောင်းလို. အားတက်တာလား၊ ဘုရားက တိုက်ရိုက်ဟောလို. အမှန်ယူရမှာလားဆိုရင် ဘုရားကတိုက်ရိုက်ဟောလို. အမှန်ယူရမှာဆိုရင်
ဒကာဒကာမတွေ သေရမှာ ဘာမှမကြောက်နဲ.၊ ဒီအဂါင်္လေးချက်နဲ. ညီအောင်သာ ကြိုးစားကြပါလို. တိုက်တွန်းလိုက်ပါတယ်။

(မိုးကုတ်ဆရာတော်ကြီး ၂-၉-၁၉၅၈ တွင် ဟောတော်မူသော အင်္ဂါလေးပါးပြည့်စုံလျှင် ဒုတိယဘ၀မှာ ကိစ္စပြီးပုံတရားတော် (သောတာ နုဂတသုတ်) မှ ကောက်နုတ်ပူဇော်ပါသည်)

သုတ၀ါ-ပညာနားဖြင်.ကြားဖူးတာဖြစ်ပါစေ၊ အရိယာ သာဝကော-အရိယာတို.၏ ကျင်.စဉ်အတိုင်း မှတ်သားပြီး ကျင်.နိုင်တဲ.ပုဂ္ဂိုလ်ဖြစ်ပါစေ……..။

မေတ္တာဖြင်. ...

0 comments:

Post a Comment

image

Lorem ipsum dolor sit

Aliquam sit amet urna quis quam ornare pretium. Cras pellentesque interdum nibh non tristique. Pellentesque et velit non urna auctor porttitor.

image

Nunc dignissim accumsan

Vestibulum pretium convallis diam sit amet vestibulum. Etiam non est eget leo luctus bibendum. Integer pretium, odio at scelerisque congue.