Sunday, January 20, 2013


  1.  Advanced Win Service Manager  Updated
  2.  AIM Password Decryptor
  3.  Asterisk Password Spy
  4.  Auto Screen Capture
  5.  Browser History Spy  Updated
  6.  Browser Password Decryptor  Updated
  7.  Chrome Password Decryptor
  8.  Digsby Password Decryptor  Updated
  9.  Directory Scanner
  10.  Dll Hijack Auditor  Updated
  11.  Download Hash Verifier  Updated
  12.  Dreamweaver Password Decryptor  Updated
  13.  Excel Password Recovery
  14.  Exe Scan
  15.  Facebook Password Decryptor
  16.  Filezilla Password Decryptor  Updated
  17.  Fire Master
  18.  Fire Master Cracker
  19.  Firemaster Linux
  20.  Fire Password  Updated
  21.  Fire Password Viewer
  22.  Flashfxp Password Decryptor  Updated
  23.  Foxmail Password Decryptor  Updated
  24.  FTP Commander Password Decryptor  Updated
  25.  Ftp Password Decryptor  Updated
  26.  FTP Password Kracker  Updated
  27.  FTP Password Sniffer  Updated
  28.  Google Password Decryptor
  29.  Hash Compare
  30.  Hash Generator
  31.  Hash Kracker
  32.  IDM Password Decryptor
  33.  IE Password Decryptor
  34.  Incredi Mail Password Decryptor
  35.  Instant PDF Password Remover
  36.  iTunes Password Decryptor
  37.  JDownloader Password Decryptor
  38.  Keychain Recovery
  39.  LDAP Password Kracker  Updated
  40.  LDAP Search
  41.  Linkedin Password Decryptor  New
  42.  Mail Password Decryptor
  43.  Meebo Password Decryptor  Updated
  44.  Messenger Password Decryptor
  45.  Miranda Password Decryptor  Updated
  46.  MSN Live Password Decryptor
  47.  Myspace Password Decryptor
  48.  Mysql Password Auditor
  49.  Net Database Scanner
  50.  Net Share Monitor
  51.  Network Password Decryptor  Updated
  52.  Opera Password Decryptor  Updated
  53.  Oracle Password Auditor
  54.  Orbit Password Decryptor
  55.  Outlook Password Decryptor
  56.  Paltalk Password Decryptor  Updated
  57.  Password Unlocker
  58.  Pcprox RFID Reader  Updated
  59.  PDF Locker
  60.  PDF Password Recovery
  61.  PDF Unlocker
  62.  PE Spin Plugin
  63.  Pidgin Password Decryptor  Updated
  64.  Port Scanner
  65.  Proc Heap Viewer
  66.  Proc Net Monitor  Updated
  67.  Product Key Decryptor  New
  68.  Rar Password Unlocker
  69.  Remote Dir Detector
  70.  Remote DLL
  71.  Router Password Kracker
  72.  Safari Password Decryptor
  73.  SFC Lister
  74.  Shell Detect
  75.  Show Windows
  76.  Smartftp Password Decryptor
  77.  Social Password Decryptor  New
  78.  Spy BHO Remover  Updated
  79.  Spy DLL Remover
  80.  SSL Cert Scanner
  81.  Stream Armor
  82.  SX Password Suite
  83.  SX System Suite  Updated
  84.  Thunderbird Pass Decryptor  Updated
  85.  Trillian Password Decryptor
  86.  Twitter Password Decryptor
  87.  Virus Total Scanner  Updated
  88.  Vista UAC Maker
  89.  VNC Password Recovery  New
  90.  Web Directory Buster
  91.  Wi Fi Password Decryptor  Updated
  92.  Windows Autologin Password  New
  93.  Windows Password Kracker
  94.  Win Sniff
  95.  Word Password Recovery
  96.  WS_FTP Password Decryptor  Updated
  97.  Xfire Password Decryptor
  98.  Yahoo Password Decryptor
  99.  Zexplo
  100.  Zip Password Unlocker

Friday, January 18, 2013

rowse » Home »  » မန်းဆေးတက္ကသိုလ်ပါချုပ်နှင့်စာရေးမကိစ္စ ဆက်မစုံစမ်းရန် လွှတ်တော်မှဆုံးဖြတ်

မန်းဆေးတက္ကသိုလ်ပါချုပ်နှင့်စာရေးမကိစ္စ ဆက်မစုံစမ်းရန် လွှတ်တော်မှဆုံးဖြတ်




မန္တလေးဆေးတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသန်းဝင်းအား မန္တလေးဆေးတက္ကသိုလ် ငွေစာရင်းဌာနမှဌာနခွဲစာရေးဒေါ်စန်းလှမှ တိုင်တန်းထားသောကိစ္စအား ဆက်လက် စုံစမ်းစစ်ဆေးခြင်းများမပြုလုပ်ရန်နှင့် အမှု ပိတ်သိမ်းပစ်ရန် အမျိုးသားလွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။
 
နိုင်ငံသားများ၏မူလအခွင့်အရေး ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌဖြစ် သူ ဒေါက်တာအေးမောင်က ယခုကဲ့သို့ဆိုသည်။
 
"ဒေါ်စန်းလှရဲ့တိုင်တန်းမှုကြောင့် သက်ဆိုင်ရာ ကာယကံရှင်များနဲ့ ပါချုပ် ဒေါက်တာ သန်းဝင်းတို့ကို နေပြည်တော် မှာခေါ်တွေ့ ပြီးဆွေးနွေးခဲ့တယ် ၊ ကော်မတီအနေနဲ့တွေ့ရှိချက်တွေကို အမျိုးသား လွှတ်တော်ကို ဆက်လက် တင်ပြခဲ့တာဖြစ်တယ် ၊ အမျိုးသားလွှတ်တော်ကနေပြီးတော့ ဒီကိစ္စကို ဆက်လက် မစုံစမ်းပဲအမှုကို ပိတ်လိုက်ဖို့ ညွှန်ကြားလာတယ် " ဟု ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။
 
အဆိုပါကော်မတီသည် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ၊ လွှတ်တော်ရေးရာဆောင်အမှတ် ( I-17 ) တွင် ၂၀၁၂ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့ ညနေ(၃)နာရီအချိန်က နှစ်ဖက် ကာယကံရှင် များကို ခေါ်ယူတွေ့ဆုံ မေးမြန်းခဲ့ခြင်းဖြစ်သည်။
 
မန္တလေးဆေးတက္ကသိုလ်မှ ဌာနခွဲစာရေး ဒေါ်စန်းလှသည် ၎င်းအား ဆေးတက္ကသိုလ်ပါချုပ်ဖြစ်သူ ဒေါက်တာ သန်းဝင်းမှ မတရားသဖြင့် မယူမနေရပင်စင် ( Forced to Retire ) ပေးခြင်းအတွက် တိုင်တန်းခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ပေးခြင်းကို ဥပဒေအရ လုပ်ပိုင်ခွင့်ရှိကြောင်းနှင့် ဒေါ်စန်းလှသည် ကျောင်းတွင် အခြားပြဿနာများ ရှိသည်ဟု ပါချုပ်ဒေါက်တာသန်းဝင်းက မန္တလေးဆေးတက္ကသိုလ်ကျောင်းအတွင်းရှိ အစည်းအဝေးခန်းမတွင် မီဒီယာသိြု့ ပန်လည်ဖြေရှင်းပြောကြားခဲ့သည်။
 
" ကျွန်တော်တို့ ဒေါ်စန်းလှနဲ့ပတ်သတ်လို့ ကျောင်းမှာ စုံစမ်းစစ်ဆေးရေးတွေလုပ်ပါတယ် ၊ သူ့အဆင် မပြေတာ တွေလည်း ရှိတယ် ၊ အဲဒီစစ်ဆေးရေးကော်မတီကနေမှ မယူမနေရပင်စင်ကိုပေးခဲ့တာပါ ၊ အလုပ် ထုတ်လိုက်ရင် သူ့အတွက် ပိုတောင်နစ်နာသွားပါမယ် " ဟု ပါချုပ်ဖြစ်သူ ဒေါက်တာသန်းဝင်းက မီဒီယာ သို့ ပြောကြားခဲ့သည်။
 
အဆိုပါ Force to Retire ပေးရန်အတွက် ညွှန်ကြားချက်များကို ဒုသမ္မတ(၁)မှတစ်ဆင့် ၀န်ကြီးဆီသို့၎င်း ၊ ၀န်ကြီးမှတစ်ဆင့် ညွှန်ကြားရေးမှူးထံသို့၎င်း အဆင့်ဆင့်ညွှန်ကြားခဲ့ပြီး ညွှန်ကြားချက်တွင် ၀န်ထန်းရေးရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်ရန်ဟူ၍ ညွှန်ကြားထားသည်ဟု မန္တလေးဆေးတက္ကသိုလ် ပါချုပ်ဒေါက်တာသန်းဝင်းက ဆက်လက်ပြောကြားသည်။
 
မြို့ပြ၀န်ထမ်းစည်းမျဉ်းဥပဒေ အပိုင်ဒ်(၃) (၄၆၅ - က) နှင့် မြန်မာပြည်ထပ်ဆင့်ထုတ် မြို့ပြ၀န်ထမ်း စည်းမျဉ်း ဥပဒေ အပိုဒ်(၁၉၃) (၁၉၈-၃)တို့တွင် ၀န်ထမ်းတစ်ဦးသည် ၀န်ထမ်းစည်းကမ်း ဌာနဆိုင်ရာစည်းကမ်းများကို ချိုးဖောက်ခြင်းမလိုက်နာခြင်းများ ကြိမ်ဖန်များစွာဖြစ်လာပါက ဌာအကြီးအကဲမှ မယူမနေရ အငြိမ်းစား ပေးနိုင်ကြောင်းပြဌာန်းထားသည်ဟု ပါချုပ်ဒေါက်တာသန်းဝင်းက ရှင်းလင်းပြောကြားသည်။
 
ငွေစာရင်းဌာနမှ ဒေါ်စန်းလှနှင့် မန္တလေးဆေးတက္ကသိုလ်မှ ပါချုပ်ဖြစ်သူ ဒေါက်တာသန်းဝင်းတို့ကိစ္စအား နိုင်ငံ သားများ၏ မူလအခွင့်အရေး ၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီက ခေါ်ယူတွေ့ဆုံမေးမြန်း ခဲ့ပြီး ဒေါ်စန်းလှအား မူလရာထူးနှင့်လက်ရှိနေထိုင်သော ၀န်ထမ်းအိမ်ရာတွင် ဆက်လက်နေထိုင်ခွင့်ပြုရန် ယာယီ ဆုံးဖြတ်ခဲ့ပြီးနောက် အမျိုးသားလွှတ်တော်မှ အမှုအားရပ်ဆိုင်းပစ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
 
ဒုသမ္မတ(၁)ဖြစ်သူ ဒေါက်တာဆိုင်းမောက်ခမ်းနှင့် ကျန်းမာရေးဝန်ကြီးဖြစ်သူ ဒေါက်တာဦးဖေသက်ခင်တို့သည် မန္တလေးဆေးတက္ကသိုလ်ထွက်များဖြစ်ကြပြီး နစ်နာသူဟု ယူဆရသူဒေါ်စန်းလှက လူ့အခွင့်အရေးကော်မတီ ဥက္ကဌဖြစ်သူဒေါက်တာအေးမောင်က ၎င်းအား မူလရာထူးပြန်ပေးရန်ဆုံးဖြတ်ခဲ့ပြီး ထိုအမိန့်စာအား တစ်ပတ် အတွင်းပြန်လည်ထုတ်ပေးမည်ဟု ပြောကြားခဲ့သော်လည်း အမိန့်စာထွက်ရှိမလာခြင်းအပေါ် ၀မ်းနည်း မိကြောင်း ပြောကြားခဲ့သည်။
 
" ကျမဖတ်ဖူးတာ ဥပဒေအထက်မှ ဘယ်သူမှမရှိဘူး ၊ သူတို့ကတော့ ဥပဒေအထက်မှာခွထိုင်ပြီး လုပ်ချင် ရာလုပ်တဲ့ ခေါင်းဆောင်တွေ ၊ ပါချုပ်ဖြစ်ဖြစ် ၀န်ကြီးဖြစ်ဖြစ် ညွှန်ချုပ်ဖြစ်ဖြစ် လုပ်ချင်ရာလုပ်ခွင့်ရှိတဲ့ လိုင်စင် ရပုဂ္ဂိုလ်တွေပါလား ၊ ကျမအဲဒီလိုမြင်သွားပြီ ၊ ခုကျမနိုင်ရက်သားနဲ့ လွှတ်တော်မှာနိုင်ရက်သားနဲ့ သူမှားပါတယ်လို့ ၀န်ခံရဲ့သားနဲ့ ကျမကြောင့် ဆေးတက္ကသိုလ်မန္တလေးရဲ့အနာဂတ် တစ်စုံတစ်ရာထိခိုက်ရင် ခုချက်ချင်း အတိ အကျထောက်ပြပါလို့ ကျမပြောခဲ့တာ ခုချိန်ထိသူတို့ဘာမှပြန်မပြောနိုင်ပါဘူး " ဟု ဒေါ်စန်းလှက ပြောကြားခဲ့သည်။
 
ထို့အပြင် ကျန်းမာရေးဝန်ကြီးဖြစ်သူဒေါက်တာဦးဖေသက်ခင်နှင့် လက်ရှိမန္တလေးဆေးတက္ကသိုလ်မှပါချုပ်ဒေါက်တာ သန်းဝင်းတို့၏ ရင်းနှီးမှုမှာလည်း သာမန်ထက်ပိုသည့်ရင်းနှီးမှုများရှိသည်ဟု မန္တလေးဆေးလောကအတွင်းမှ အမည်မဖေါ်လိုသူများကပြောကြားခဲ့ပြီး ပါချုပ်ကိုကြောက်ရွံ့သောကြောင့်သာ အချို့သူများက ထုတ်မပြော ခြင်းဖြစ်သည်ဟု  သိရသည်။
 
မန္တလေးဆေးတက္ကသိုလ်သို့ ပါချုပ်အဖြစ် ဒေါက်တာသန်းဝင်းရောက်ရှိလာပြီးနောက် အငြင်းပွားဖွယ် အုပ်ချုပ်မှု များရှိနေခဲ့ပြီး စာမေးပွဲအောင်စာရင်းများ အကြိမ်ကြိမ်ပြန်လည်ထုတ်ပြန်ချင်းများ ကျောင်းသားများ ရာချီမင်နီ တားခံရခြင်းများရှိခဲ့ကြောင်းကို ပြီးခဲ့သည့်လများက မန္တလေးဆေးတက္ကသိုလ်ကျောင်းသားများက သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ခဲ့သော်လည်း ယနေ့ချိန်ထိ ပါချုပ်ဒေါက်တာသန်းဝင်းအား တစ်စုံတစ်ရာမေးမြန်းမှုများ မရှိခဲ့ကြောင်းသိရသည်။
 
ထို့ပြင် မန္တလေးဆေးတက္ကသိုလ်ငွေစာရင်းဌာနမှဒေါ်စန်းလှက ဆေးတက္ကသိုလ်တွင်ရှိသော ကျောင်းဆောင်များ လက်ရှိငှားရမ်းခနှုန်းထားနှင့် အစိုးရသို့ပြန်လည်ငွေသွင်းနေသောနှုန်းထားများ ကွာဟမှုရှိနေကြောင်း ကိုလည်း ထောက်ပြပြောဆိုမှုများရှိခဲ့သည်။
 
" ကျမသေချာပြောပြမယ် အဆောင်အခန်းပေါင်းခုနှစ်ရာကျော်ရှိတယ် ၊ အဲဒါဘဏ်စာရင်းကို ၀င်မှ လက်မှတ် ထိုးရတဲ့မှတ်တမ်းမှာ အပျိုလူပျိုဆိုတစ်ရာ အိမ်ထောင်သည်ဆို နှစ်ရာ ၊ အဲဒါအရင်ကတည်းက အစိုးရဈေးနှုန်း ၊ အဲဒီအတိုင်းပဲ ဘဏ်ကိုငွေသွင်းတယ် ၊ တကယ်ကောက်တာက ၀န်ထမ်းအငယ်တွေဆို သုံးထောင် ဆရာဝန်ဆို ရှစ်ထောင်တစ်သောင်းထိ ကောက်တယ် ၊ တစ်လကို အဲဒါပဲ အနည်းဆုံးသိန်းသုံးဆယ် ရှိတယ် " ဟု ဒေါ်စန်းလှက ပြောဆိုခဲ့သည်။
 
ဆက်လက်ပြီး၎င်းက ထိုကဲ့သို့ငှားရမ်းထားမှုများ များစွာရှိနေပြီး ယခုပြောဆိုမှုသည် ထိုအထဲမှ တစ်ချက်သာ ဖြစ်သေးသည်ဟုဆိုကာ ၎င်းအနေဖြင့် ယခုလိုပြောဆိုခဲ့မှုများကြောင့် ရာထူးမှအနားပေးခံခဲ့ရသည် ဟု ထင်မြင်ကြောင်းဆိုခဲ့သည်။
 
ယင်းသို့စွပ်စွဲပြောဆိုမှုကို ဒေါ်စန်းလှအားကျောင်းတွင်း စစ်ဆေးမှုများပြုလုပ်စဉ်ပါဝင်ခဲ့သည့် ကော်မတီဝင်ဆရာကြီးတစ်ဦးဖြစ်သူဒေါက်တာအောင်ကြီးက မိမိတို့ဝန်ထမ်းလောကတွင် တစ်ချို့ကိစ္စများမှာ အကုန်ချပြရန် မလိုကြောင်း ဥပမာအနေနှင့် ထိုနေ့က စာမေးပွဲစစ်နေစဉ် နယ်မှလာသည့်စာစစ်ဆရာများအတွက် ဧည့်ခံစရိတ်များနှင့် ကျောင်းအတွက်အခြားဧည့်ခံစားရိတ်များ ရှိကြောင်း ထိုစာရိတ်များကို နိုင်ငံတော်မှ ချထား ပေးသည် မဟုတ်ကြောင်းကိုလည်း ရှင်းပြခဲ့သည်။
 
ပါချုပ်ဖြစ်သူဒေါက်တာသန်းဝင်းကလည်း ၎င်းသည်ပါချုပ်ဖြစ်သည်မှယနေ့ထိ မိမိကိုယ်ပိုင်အိမ် တွင်နေထိုင် ကြောင်း အစိုးရမှပေးထားသည့် အိမ်ခန်းအားမယူခဲ့ကြောင်း၊ မိမိ၏၀င်ငွေသည် နန်းတော်ဆေးရုံမှ ရရှိသော ၀င်ငွေဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပြီး နိုင်ငံတော်စာရင်းစစ်ရုံးမှလည်း ထိုကိစ္စ အတွက် ကျောင်းတွင်လာရောက်စစ်ဆေးပြီးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
 
မန္တလေးဆေးတက္ကသိုလ် ငွေစာရင်းဌာနမှ ဒေါ်စန်းလှအား မယူမနေရပင်စင်ပေးခဲ့ရသည့်အပေါ် ကျောင်းတွင်း စုံစမ်းရေးကော်မတီတွင် ပါဝင်ခဲ့သည့်ဆရာများက ထိုကဲ့သို့ပေးခဲ့ခြင်းသည် တရားမျှတသည်ဟုပြောဆိုခဲ့ကြပြီး ပါချုပ်ဖြစ်သူဒေါက်တာအောင်ကြီးက ၎င်းသည်နိုင်ငံတော်သမ္မတမှ တိုက်ရိုက်ခန့်အပ်ထားသည့်အတွက် ပါချုပ် တစ်ယောက်အနေဖြင့် လုပ်ပိုင်ခွင့်အပြည့်အ၀ရှိကြောင်းပြောဆိုခဲ့သည်။


လူသေရင်လူပြန်ဖြစ်ပါသလား

မြတ်စွာဘုရားဟောကြားသောတရားတစ်ခုတွင် သမုဒ္ဒရာကြမ်းပြင်တွင် သွားသော လိပ်ကမ်းက နှစ်တစ်ရာပြည့်မှ အပေါ်တက်ပြီး မျော ချင်တိုင်းမျောနေသော သစ်သားတန်ပိုးနှင့် ဝင်ဆွပ်ရန် ဖြစ်ကောင်းဖြစ်နိုင် ရာ၏။ လူသေပြီး လူ့ပြည်မှစ အထက်အထက် ဘုံဘဝ ကာမသုဂတိဘုံ၊ ဗြဟ္မာ ဘုံရောက်ဖို့က အင်မတန်ခဲယဉ်း၏။ ဟု မြတ်စွာဘုရားရှင် ကိုယ်တိုင်ဟောကြား သည်။

အဘယ်ကြောင့် ထိုကဲ့သို့ဟောကြားသနည်း။

အမှန်စင်စစ် လူတို့သည် ကိလေသာကာမဂုဏ်တွင်ပျော်ပါးကြ၏။ ဆင်းရဲခြင်းဒုက္ခအမှန်ဟူသမျှကြောက်ရွံ့ကြ၏။ ခွေး၊နွားကဲ့သို့သော တိရစ္ဆာန်ဖြစ်ရမည်ကို ကြောက်ရွံ့ကြ၏။ မကျွတ်မလွတ်သော ဗြိတ္တာ၊ တစ္ဆေဘုံဘဝကို မလိုလားခြင်းဖြစ်ရာ၏။ ဆင်းရဲဒုက္ခ၏ အနှစ်အရသာဟူသမျှ တစ်စက်ကလေးတောင် ခံစားရန် မလိုလားကြသည်မှာ သတ္တဝါတိုင်း၏ လိုအင်ဆန္ဒဖြစ်၏။

ဖြစ်နိုင်လျှင် ဘာမှမလုပ်ပဲ ပျော်စရာဟူသမျှနေသော နတ်ပြည်ကဲ့သို့ ဘုံဘဝကိုတပ်မက်သည်။ ဗြဟ္မာဘုံတပ်မက်။ ဥာဏ်ပညာဖြင့် သိမြင်သူတို့က ကိလေသာကုန်စင်သော နိဗ္ဗာန်ဟူသော နောက်ဆုံး ပန်းတိုင်ကို ရောက်ရှိရန် လိုချင်ဆန္ဒပြုကြ၏။

သေပြီးလျှင် မိမိသည် မည်သည့်ဘုံဘဝ၊ မည်သည့်ပုံသဏ္ဍန်အမျိုးအစားနှင့် ကံဘဝတစ်ခုရရှိမည်ကို သိရှိလိုကြသည်။ သေသည်ဟူသော မရဏတရားကိုကြောက်ရွံ့ကြသည်။ သေပြီးလျှင် ဖြစ်နိုင်မည့်ဘဝများကို မြတ်စွာဘုရားပွင်ထွန်းပေါ်ပြီးသော အခါ သိရှိလာရသည်။

မည်သည့်ကုသိုလ်၊အကုသိုလ်ပြုလုပ်လျှင် မည်သည့် ဘုံဘဝရရှိမည် ကို သေချာသိစေသည်။ ဘုံအမျိုးအစား တိတိကျကျ သိရချေသည်။ ငရဲကိုသိရချေသည်။ တိရစ္ဆာန်ဘုံကို သိရချေသည်။ စသည်ဖြင့်၊ စသည်ဖြင့် ၃၁ ဘုံလုံးကို သိရှိလေ့လာရပြီး ထိုဘုံဘဝများနှင့်လွတ်ကင်းသော နိဗ္ဗာန် ဟူသည့် ဘုံကို သိရှိရလာပြန်သည်။

ထိုဘုံဘဝများကိုသိရှိပြီး ယင်းဘုံဘဝများမှလွတ်ကင်းအပ်သော တရားများကို ဟောကြားသည်။ မဂ်ဖိုလ်ရအပ်သော သစ္စာလေးပါး တရားပါဝင်သည့် အဘိဓမ္မာတရား များကိုဟောကြားသည်။ တရားအစု ကဋေပေါင်း ၈သောင်း ၄ထောင် အကျယ်ဟောကြားပြီး လိုက်လံကျင့်သုံးရလွယ်ကူသော အကျဉ်းတရားလည်း ဟောကြားသည်။

ဆင်းရဲခြင်းအမှန်လွတ်ကင်းအပ်သော တရားအစစ်ကို ကျမ်းဂမ်ပြည့်ပြည့်စုံ စုံနှင့် မလေ့လာနိုင်သည့်တိုင် တရားအနှစ်ချုပ် အကျဉ်းများကို ဟောကြားပေး သည်။ လေ့လာသင်ယူစေသည်။

သို့သော် ယင်းတရားများကို မလေ့လာမိသူနှင့် လေ့လာမိပြီးသည့်တိုင် ဥာဏ်မထက်သန်သူတို့က သံသယတို့ ဝင်လာရသည်။ ဥပမာ- လူသေလျှင် လူပြန်ဖြစ်သည် ဟူ၍ဖြစ်သည်။

လူသေလျှင်လူပြန်ဖြစ်ပါတယ်။ သို့သော် မြတ်စွာဘုရားဟောကြားသကဲ့သို့ လက်သည်းခွံတော်တွင်း ကပ်နေသော ဖုံတစ်စက်ကသာ လူဖြစ်ပြီး ကမ္ဘာပေါ်ရှိ သံမှုမြေသားအားလုံးမှာ ငရဲ၊တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ် ကဲ့သို့သော အပါယ်ဘုံတို့ကို ရအပ်သည်။

ထို့ကြောင့် လူသေပြီးလူပြန်ဖြစ်ရမည့် နည်းလမ်းကို မြတ်စွာ ဘုရားဟောကြား သည်။ ဥပမာ- ဝိပဿနာကျင့်ကြံခြင်း၊ အဘိဓမ္မာသင်ယူလေ့လာခြင်းတို့ဖြင့် နိဗ္ဗာန်မရောက်စေသေးသည့်တိုင် ဒုက္ခတိဘုံဘဝတို့မှ လွတ်မြောက်ရသည်။ စသည်ဖြင့် လူသေလျှင် လူပြန်ဖြစ်ရာသော၊ သုခတိဘုံရောက်ရာသော နည်းလမ်း၊ကျင့်စင်များကို အတိအလင်းဟောကြားသည်။ ၃၁ ဘုံတွင် မိမိနှစ်သက်သော ဘုံဘဝကို ရည်စူး၍ကျင့်ကြံနိုင်လောက်အောင်ပင် တိတိကျကျဟောကြားခဲ့သည်။ ဥပမာ- ဈာန်အင်္ဂါး အပါးအသီးသီးဖြည့်ကျင့်၍ သမထလမ်းစဉ်ဖြင့် ဗြဟ္မာဘုံ အသီးသီးသို့ ရောက်စေခြင်း တို့ကဲ့သို့ ဖြစ်သည်။

သို့သော် တရားတော်လေ့လာမှုနည်းသော သူတို့က "စိတ်ကသာအဓိကပါ။ စိတ်က လူဖြစ်တယ်လို့ ယုံလိုက်လျှင် လူဖြစ်ကိုဖြစ်သည်" ဟူသော ဒိဌိအတွေးတို့ရှိကြသည်။ လူသေလျှင်လူဖြစ်ရန် စိတ်ကိုထားတတ် လျှင်ရသည်၊ ယုံကြည်လျှင်ရသည် ဟူသော အတွေးအခေါ်အမှားအချို့ကို စာရေးဆရာအချို့ကိုယ် တိုင်လက်ခံရေး သားခဲ့ကြသည်။

ထို့ကြောင့် ထိုကဲ့သို့ လူသေလျှင်လူပြန်ဖြစ်သည်ဟု ထောက်ခံအားပေးသော စာပေ၊ဆောင်းပါးများကို ဖတ်ရှုမည့်အစား ဒုက္ခတိဘုံဘဝလွတ်မြောက်၊ နိဗ္ဗာန်ရောက်စေသည့် တရားတော်များကို လေ့လာကျင့်ကြံကြပါရန် စာရေးသူမှ တိုက်တွန်းလိုက်ရပါသည်။

အောင်ခမ်း ( ရိုးရာလေး )


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUBVe3DZzTkV6gNQFGyu3qhI8C_0b4U702XR-mayMHJfA-7a4oEnKqcOu8gpcHwXqaJEUvnCND9BqMYEyZf7kIBfA7lKSRBTl9z6yJ2YPv4s19FeUXE92JIxbEjb_AL9dryAzvslVF-pT/s400/Hover+Car.jpg

 

ကမ္ဘာကြီးဟာ နည်းပညာခေတကမ္ဘာကြီးဟာ နည်းပညာခေတ်ကြီးထဲ ရောက်နေတာကို နောက်ဆုံး သက်သေပြတဲ့ ကား အသစ်အဆန်း တခု ပေါ်လာပါတော့မယ်။

ဒီကားကို ဂျာမနီ နိုင်ငံ Volkswagen ကုမ္ပဏီက ထုတ်လုပ်မှာ ဖြစ်ပေမယ့် တရုတ်နိုင်ငံက ပညာရှင်တွေက ဒီဇိုင် ဖန်တီးထားတဲ့ မကြာတော့တဲ့ အနာဂါတ်မှာ မြင်တွေ့ရတော့မယ့် ဘီးလည်း မပါ၊ မြေလည်း မထိတဲ့ ကားဖြစ်ပါတယ်။

ဒီကားဟာအလိုအလျှောက် မောင်းနှင်နိုင်ပြီးအာရုံခံကိရိယာလည်းပါတဲ့အတွက်အလွန်လည်းအံ့သြဖွယ် ကောင်းတာကို

မြင်တွေ့ပါလိမ့်မယ်။်ကြီးထ

aaa

http://r4---sn-j5u-c33s.c.youtube.com/videoplayback?algorithm=throttle-factor&burst=40&cp=U0hUTVVLUF9ITENONF9NRVREOm04Y3oxZXljeFNp&cpn=eArkazZWb0SAR777&expire=1358502332&factor=1.25&fexp=927604%2C911632%2C916623%2C902534%2C920704%2C912806%2C922403%2C922405%2C929901%2C913605%2C925710%2C929104%2C929110%2C908493%2C920201%2C913302%2C919009%2C911116%2C910221%2C901451&gcr=mm&id=256876a93f72893a&ip=122.248.97.111&ipbits=8&itag=34&keepalive=yes&key=yt1&ms=au&mt=1358479632&mv=m&newshard=yes&ratebypass=yes&signature=A2E62621E5D7298DAA96B6942FB322F476F1AEB0.BB7D4D0E9248808399361237EC3E96CE2FC78DC0&source=youtube&sparams=algorithm%2Cburst%2Ccp%2Cfactor%2Cgcr%2Cid%2Cip%2Cipbits%2Citag%2Csource%2Cupn%2Cexpire&sver=3&upn=bE086wQgmU8

image

Lorem ipsum dolor sit

Aliquam sit amet urna quis quam ornare pretium. Cras pellentesque interdum nibh non tristique. Pellentesque et velit non urna auctor porttitor.

image

Nunc dignissim accumsan

Vestibulum pretium convallis diam sit amet vestibulum. Etiam non est eget leo luctus bibendum. Integer pretium, odio at scelerisque congue.