Wednesday, January 2, 2013

ပွင့်လင်းမြင်သာမှုမရှိသည့် လုပ်ငန်းနှစ်ခုအား ကော်မရှင်ပြန်လည် ရုတ်သိမ်းငြင်းပယ်

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ပွင့်လင်းမြင်သာမှုမရှိသည့် ဗိုလ်တထောင်ဆိပ်ကမ်းအဆင့်မြှင့်တင်ရေး လုပ်ပိုင်ခွင့်နှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦး၏ တနင်္သာရီတိုင်းဒေသကြီး၌ ဆီအုန်းစိုက်ပျိုးရန် မြေဧကနှစ်သိန်းခွဲရယူလိုကြောင်း တင်ပြမှုများအား ရုတ်သိမ်းငြင်းပယ်လိုက်ကြောင်းသိရသည်။

ဗိုလ်တစ်ထောင်ဆိပ်ကမ်း အဆင့်မြှင့်တင်ရေးအတွက် ကောင်းမြန်မာအောင်ကုမ္ပဏီမှ လုပ်ပိုင်ခွင့်ရရှိခဲ့မှုအား ကော်မရှင်မှ လုပ်ထုံးလုပ်နည်းနှင့်အညီပြန်လည် စိစစ်စစ်ဆေးရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပြည်ထောင်စုဝန်ကြီး ၅ ဦး၊ ဒုတိယဝန်ကြီး ၁ ဦးနှင့် အရပ်ဘက်မှ ပညာရှင် ၅ ဦးတို့ပါဝင်သော ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အစည်းအဝေးပြုလုပ်ကာ ရုတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခင်အစိုးရလက်ထက်ကတည်းကပင် လုပ်ပိုင်ခွင့်များစွာရရှိခဲ့သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းစိုက်ပျိုးရန် မြေဧကနှစ်သိန်းခွဲရယူလိုကြောင်း တင်ပြလာမှုအပေါ် ကော်မရှင်မှ စိစစ်၍ ပွင့်လင်းမြင်သာမှုမရှိသည့်အတွက် လုပ်ကိုင်ခွင့်ကိုရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်မှ နိုင်ငံရေးလောကသို့ဝင်ရောက်လာသည့် လုပ်ငန်းရှင်တစ်ဦး၏ ဘိလပ်မြေစက်ရုံတည်ဆောက်ရန် မြေဧကပိုမိုတောင်းခံမှုများကိုလည်း ကော်မရှင်မှစိစစ်၍ ငြင်းပယ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ၁၉၈၈ ခုနှစ်မှစတင်၍ ၂၀၁၂ နှစ်ကုန်ထိတိုင် လုပ်ငန်းနယ်ပယ် ၁၁ ခုတွင်ကုမ္ပဏီ ၈၆၉ ခုမှ ကျပ်သန်းပေါင်း ၂၂၅၅၉၂၀.၆၂ သန်းရင်းနှီးမြှုပ်နှံခဲ့ကြောင်း သိရသည်။

by Yangon Chronicle

0 comments:

Post a Comment

image

Lorem ipsum dolor sit

Aliquam sit amet urna quis quam ornare pretium. Cras pellentesque interdum nibh non tristique. Pellentesque et velit non urna auctor porttitor.

image

Nunc dignissim accumsan

Vestibulum pretium convallis diam sit amet vestibulum. Etiam non est eget leo luctus bibendum. Integer pretium, odio at scelerisque congue.