Wednesday, January 2, 2013

New

ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များတွင် မှတ်ပုံတင်ပေါင်နှံမှုအထိရှိကာ အပေါင်ဆိုင်များတွင် ရွှေမှလွဲ၍ ကျန်ပစ္စည်းများကို အဆုံးခံပေါင်နှံမှုများ 
ရှိနေ 
Wednesday, 02 January 2013

ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များရှိ ပြင်ပအပေါင်ခံသူများထံတွင် ကြားပွဲစားမှတစ်ဆင့် မှတ်ပုံတင်ပေါင်နှံမှု ပိုများလာကြောင်း၊ လိုင်စင်ရအပေါင်ဆိုင်များတွင်မူ ရွှေမှလွဲ၍ ကျန်ပစ္စည်းများကို အဆုံးခံလေ့ရှိလာကြောင်း အပေါင်ဆိုင်များမှ စုံစမ်းသိရှိရသည်။

ထိုသို့ ဆင်ခြေဖုံးရပ်ကွက်များအတွင်း မှတ်ပုံတင်အပေါင်ခံရာတွင်
ပေါင်နှံလိုသူများက ကြားပွဲစားမှတစ်ဆင့် ပေါင်နှံရခြင်းဖြစ်ပြီး မှတ်ပုံတင်တစ်ခုလျှင် ငွေကျပ်ငါးသောင်းအထိ ချေးခွင့်ရှိပြီး ကြားပွဲစားကိုပွဲစားခ ပေါင်နှံသူမှ ကျပ်ငါးထောင်ပေးရကြောင်း သိရသည်။

"မှတ်ပုံတင်တစ်ခုပေါင်ရင် ကျပ်ငါးသောင်းရတာမှာ ကျွန်မတို့က ပွဲစားကို ငါးထောင်ပေးရတယ်။ ချေးငွေကို နေ့တိုင်းပြန်သွင်းရတယ်။ တစ်လဆိုရင် အတိုးအရင်းပေါင်း ခုနစ်သောင်းခွဲ ပြန်ဆပ်ရတယ်။ တချို့က ပြန်မရွေးနိုင်ဘဲ အဆုံးခံလိုက်ကြတာတွေ ရှိတယ်" ဟု မြောက်ဥက္ကလာမြို့နယ်ရှိ
ပြင်ပအပေါင်ခံသူတစ်ဦးထံ မှတ်ပုံတင်သွားရောက်ပေါင်နှံသူက ဆိုသည်။

ဆင်ခြေဖုံးရပ်ကွက်များအတွင်း ရှိလိုင်စင်ရအပေါင်ဆိုင်များနှင့် ပြင်ပ
အပေါင်ခံသူများသည် ရွှေဆိုပါက သုံးကျပ်အတိုးနှုန်း၊ အ၀တ်အထည်နှင့် အခြားအိမ်သုံးပစ္စည်းဆိုပါက ကျပ် ၁၀ အတိုးနှုန်းပေးရပြီး လိုင်စင်ရ
အပေါင်ဆိုင်နှင့် ပြင်ပအပေါင်ခံသူတို့အကြား အတိုးနှုန်းပေးရမှု ကွာခြားကြောင်း စုံစမ်းသိရှိရသည်။

"ကျွန်မဆီမှာကတော့ ရွှေနဲ့အိမ်သုံးပစ္စည်းတွေ အပေါင်ခံပါတယ်။ အ၀တ်အထည်တွေ လာပေါင်တာများတယ်၊၊ တစ်နေ့ကို အ၀တ်
အထည်လာပေါင်တဲ့သူ အနည်းဆုံး ၁၀ ယောက်ကနေ အယောက် ၂၀ လောက်အထိရှိတယ်။ လာပေါင်ရင်လည်း အထည်ပေါ်မူတည်ပြီး 
ကျပ် ၃၀၀ ကနေ ကျပ် ၅၀၀ အထိ ပေးပါတယ်။ တစ်လအတွင်း လာရွေးတဲ့သူတွေရှိသလို အတိုးပုံမှန်ပေးသွားတဲ့သူတွေလည်း ရှိတယ်" ဟု မြောက်ဥက္ကလာပမြို့နယ်ရှိ အမိန့်ရအပေါင်ဆိုင်တစ်ဆိုင်၏ ပိုင်ရှင်က ဆိုသည်။

ယခုနှစ်သည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ပစ္စည်းပေါင်နှံလိုသူ နည်းပါလာကြောင်း၊ တချို့မှာ ပစ္စည်းလပေးရောင်းသူများထံမှ ပစ္စည်း
ယူကာ အပေါင်ဆိုင်သို့ သွားရောက်ပေါင်နှံလေ့ရှိကြောင်း သိရသည်။

"ဒီဘက်နှစ်မှာ အပေါင်နည်းလာတယ်။ စီးပွားရေးကောင်းလာလို့ 
မဟုတ်ဘူး၊ အ၀တ်တောင်ပေါင်စရာမရှိတော့လို့ မပေါင်နိုင်ကြတော့
တာ၊ ပေါင်စရာမရှိတော့ မှတ်ပုံတင်ပေါင်တာမျိုး၊ အထည်လပေး
ယူပြီး ပြန်ပေါင်တာမျိုးတွေ ရှိလာတယ်။ တချို့ဆို ငွေရပြီးရောဆိုပြီး အတိုးနှုန်းအရမ်းများတဲ့သူတွေဆီက ယူကြတယ်။ ပေါင်ပြီးရင်လည်း သုံးလအထိအတိုးပေးနိုင်ပြီး ပြန်မရွေးတော့တာလည်း ရှိတယ်" ဟု ရွှေပေါက္ကံမြို့သစ် (၁၂) ရပ်ကွက်ရှိ အပေါင်ဆိုင်ပိုင်ရှင်တစ်ဦးက ဆိုပါသည်။

Eleven Media Group
ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များတွင် မှတ်ပုံတင်ပေါင်နှံမှုအထိရှိကာ အပေါင်ဆိုင်များတွင် ရွှေမှလွဲ၍ ကျန်ပစ္စည်းများကို အဆုံးခံပေါင်နှံမှုများ  ရှိနေ 	 Wednesday, 02 January 2013  ရန်ကုန်မြို့ ဆင်ခြေဖုံးမြို့နယ်များရှိ ပြင်ပအပေါင်ခံသူများထံတွင် ကြားပွဲစားမှတစ်ဆင့် မှတ်ပုံတင်ပေါင်နှံမှု ပိုများလာကြောင်း၊ လိုင်စင်ရအပေါင်ဆိုင်များတွင်မူ ရွှေမှလွဲ၍ ကျန်ပစ္စည်းများကို အဆုံးခံလေ့ရှိလာကြောင်း အပေါင်ဆိုင်များမှ စုံစမ်းသိရှိရသည်။  ထိုသို့ ဆင်ခြေဖုံးရပ်ကွက်များအတွင်း မှတ်ပုံတင်အပေါင်ခံရာတွင် ပေါင်နှံလိုသူများက ကြားပွဲစားမှတစ်ဆင့် ပေါင်နှံရခြင်းဖြစ်ပြီး မှတ်ပုံတင်တစ်ခုလျှင် ငွေကျပ်ငါးသောင်းအထိ ချေးခွင့်ရှိပြီး ကြားပွဲစားကိုပွဲစားခ ပေါင်နှံသူမှ ကျပ်ငါးထောင်ပေးရကြောင်း သိရသည်။
Like ·  ·  · 9 minutes ago · 

0 comments:

Post a Comment

image

Lorem ipsum dolor sit

Aliquam sit amet urna quis quam ornare pretium. Cras pellentesque interdum nibh non tristique. Pellentesque et velit non urna auctor porttitor.

image

Nunc dignissim accumsan

Vestibulum pretium convallis diam sit amet vestibulum. Etiam non est eget leo luctus bibendum. Integer pretium, odio at scelerisque congue.