Friday, January 11, 2013

မိုးကုတ်ဆရာတော် ဘုရားကြီး၏ ခဏကောင်းကို မလွန်မိပါစေနှင့် 


ခဏလေးပဲ... ခဏလေးပဲ ပြောကြတယ်...။ အဲဒီခဏဟာ ... အခုတွေ့ကြုံရတဲ့ ခဏမျိုးဟာ အင်မတန်မှပင်ရှားပါးပါတယ်။ ကြုံခဲတယ် ဆုံခဲတယ် ဆိုတာ သေချာမှတ်ရမယ်။ သာသနာနဲ့မတွေ့နိုင်တဲ့ ကျွတ်တမ်းမ၀င်နိုင်တဲ့ ခဏက (၈) ခဏ ရှိတယ်.. ကျွတ်တမ်းဝင်နိုင်တဲ့ ခဏက တစ်ခဏထဲဆိုတော့ (၉) ခုရှိတဲ့အထဲကမှ တစ်ခုထဲမှာ လာကြုံဖို့ရာက အတော်ခဲယဉ်းတယ်လို့ မှတ်ရမယ်။ ရပ်ပြစ် ၈-ပါး မှာသွားဖြစ်နေတဲ့ ခဏဟာ အလကားခဏတွေပဲလို့ မှတ်ရမယ်။ ခုဘုရားပွင့်တဲ့အခါ ကာလ၊ လူဖြစ်တဲ့အခါကာလ၊ ပညာရှိနဲ့ ကြုံတဲ့အခါကာလ ဒီခဏလေးသာ အဖိုးတန်တဲ့ ခဏ လို့ ဆိုရပါမယ်။



(၁) ရုပ်ခန္ဓာချည်းရှိနေတဲ့ဘုံတွေ.. နာမ်ခန္ဓာချည်းရှိနေတဲ့ ဘုံတွေမှာ ကမ္ဘာပေါင်းများစွာ ဖြစ်နေရသော်လည်း ထိုဘုံများသို့ ဘုရားလဲ မရောက်၊ ရောက်ခြင်းကြောင့်လဲ အကျိုးကျေးဇူးမရှိ၊ သေတာပတ္တိမဂ် တည်ဖို့ အတွက်မှာလဲ တရားနာမှသာ တည်နိုင်မည် ဖြစ်လေသောကြောင့် ထိုဘုံများတွင်သွားနေရသော ခဏကိုလဲ အလကားခဏဟု မှတ်ရပါမယ်။ သြော်.. အဲဒီဘုံတွေမှာ ခန္ဓာသက် ရတာလည်း.. ဒုက္ခ သစ္စာသာလျှင်ဖြစ်နေတာပါပဲလို့ မှတ်ရပါမယ်။ ဒါကြောင့် အဲဒီ ဘုံဌာနတွေကို ရပ်ပြစ်-၈ ပါးထဲ သို့ သွင်းရခြင်းဖြစ်ပါတယ်။

(၂) တစ်ခါ ငရဲရောက်နေတော့.. ငရဲရောက်နေတဲ့ ခဏဟာလဲ ဒကာ၊ဒကာမတို့ ဘာအသုံးကျသေးသတုန်း။ ထွက်ရပ်လမ်း ရှာနိုင်ပါ့မလား။ မရှာနိုင်လို့ရှိရင်.. အဲဒီခဏ ဟာလဲ အလကားပါပဲ။

(၃) တိရိစ္ဆာန်ဘုံ ရောက်နေတဲ့ ခဏ ဟာလဲ ဒီတိုင်းပဲ ထားလိုက်ပါတော့။ ဘာမှအသုံးမကျတဲ့ ခဏပဲ။

(၄) ပြိတ္တာဘုံရောက်နေတဲ့ ခဏဟာလဲ ဒကာ၊ဒကာမတို့ အလကားခဏပါပဲ။အဟိတ်ပုဂ္ဂိုလ်တွေ ဖြစ်ပြီးနေသောကြောင့် မြတ်စွာဘုရား တရားဟောကြားသော်လည်း ဘယ်လိုမှ နားမ၀င်နိုင်တဲ့ခဏ။

(၅) တစ်ခါလူ့ပြည်လာဖြစ်တော့လဲ မိစ္ဆာာဒိဌိ ဖြစ်နေမယ်ဆိုရင် ဘုရားတရားဟောရင် ဘုရားနဲ့ ရန်ဖြစ်မယ်၊ ဘုရားမြင်ရရင် ဘုရားခန္ဓာနဲ့ ရန်ဖြစ်မယ်။ အဲဒီ မိစ္ဆာဒိဌိ ဖြစ်နေရတဲ့ဘ၀ဟာလဲ အလကားခဏ။

(၆) ဘုရား၏ တပည့်သား ဖြစ်တဲ့ ဘိက္ခူနီမတို့ ဘိက္ခူယောကျာ်းတို့ တရားဟောရာ မရောက်တဲ့ ပစ္စန္တရာဇ်အရပ်မှာ လူဖြစ်နေရတဲ့ ခဏဟာလဲ အလကားခဏ။

(၇) ပြီးတော့တစ်ခါ စဉ်းစားလိုက်ပြန်တော့... ဘုရားပွင့်နေတဲ့ ကာလဖြစ်ငြားသော်လည်း ကိုယ့်မှာ ဆွံ့အ ပြီးတော့ သကာလ ပြောတာနားမလည်ပဲနဲ့ သုညတ ဓမ္မဆိုတဲ့ ရုပ်နာမ် ဓမ္မတွေ၊ ပဋ္ဋိစက်သမုပါဒ် ဓမ္မတွေ ပြောငြားသော်လည်း နားမလည်နိုင်တဲ့ ဆွံ့အနေတဲ့ ဘ၀မျိုး ရောက်ပြန်တော့်လဲ အလကားခဏပါပဲ။ ဒါတွေကတော့ ဘုရားပွင့်နေရက်နဲ့ကိုပဲ ကျေးဇူးမရှိဘူးဖြစ်နေပြီ။

(၈) တစ်ခါ ဘုရားမပွင့်တဲ့ကာလမှာကိုလဲ လူဖြစ်လာရရင်လဲ အလကားခဏပဲ။ ဆိုလိုတော့ အဲဒီ (၈)ခဏဟာ အလကားခဏပါပဲ။ အဲဒီတော့ ရပ်ပြစ် (၈)ပါးဆိုတာ အခုပြောခဲ့တာတွေပဲ ဖြစ်ပါတယ်။

အဲဒီတော့.. ထို (၈) ခဏနဲ့ လွတ်ပြီးသကာလ.. ဘုရားသာနာနဲ့ ကြုံတဲ့ခဏ၊ လူဖြစ်ရတဲ့ခဏ၊ ပညာရှိနားတွေနဲ့ ထောင်နိုင်တဲ့ ခဏမှာ ကြုံနေတော့ ဒီခဏလွဲရင်ဖြင့်... ဒီခဏ ကြုံဖို့ရာ အတော်ကြိုးစားခဲ့ကြတယ်ဆိုတာလဲ ကိုယ့်အကြောင်းကိုယ်နောက်ပြန်တွေးရင် ကိုယ်သိပါတယ်။ လူလဲဖြစ်ကြတယ်.. သာသနာတွင်းလဲကြုံကြတယ်.. ထောင်နိုင်တဲ့နားဆိုတဲ့ ပညာရှိခဏနဲ့ရော ကြုံဆုံပြီး သကာလနေတော့ စဉ်းစားကြည့်ရင်.. ဒီခဏလွဲရင် ဟိုခဏ (၈) ခုထဲသွားတော့မယ်။ အဲဒီတော့ ဒီခဏလေးဟာ ဒကာ၊ဒါယိကာမတို့ ကိုယ့်သက်တမ်းနဲ့ ကိုယ်ကြည့်လိုက်တော့ ... သြော်.. မနက်ဖြန်သေရင် ဒီနေ့ မဂ်ဖိုလ် ဆိုက်မှ... တစ်ဘက်ခါသေရင် မနက်ဖြန်လောက် မဂ်ဖိုလ်ဆိုက်မှ မဟုတ်ရင် ဒီခဏကို လွဲပြီး ကိုယ်ကျိုးနဲပေါ့ ဆိုတာ ဒကာ။ဒကာမတွေ သေချာမှတ်ပါ။

Credit to သဘာဝ အမှန်တရား
မိုးကုတ်ဆရာတော် ဘုရားကြီး၏ ခဏကောင်းကို မလွန်မိပါစေနှင့်    ခဏလေးပဲ... ခဏလေးပဲ ပြောကြတယ်...။ အဲဒီခဏဟာ ... အခုတွေ့ကြုံရတဲ့ ခဏမျိုးဟာ အင်မတန်မှပင်ရှားပါးပါတယ်။ ကြုံခဲတယ် ဆုံခဲတယ် ဆိုတာ သေချာမှတ်ရမယ်။ သာသနာနဲ့မတွေ့နိုင်တဲ့ ကျွတ်တမ်းမ၀င်နိုင်တဲ့ ခဏက (၈) ခဏ ရှိတယ်.. ကျွတ်တမ်းဝင်နိုင်တဲ့ ခဏက တစ်ခဏထဲဆိုတော့ (၉) ခုရှိတဲ့အထဲကမှ တစ်ခုထဲမှာ လာကြုံဖို့ရာက အတော်ခဲယဉ်းတယ်လို့ မှတ်ရမယ်။ ရပ်ပြစ် ၈-ပါး မှာသွားဖြစ်နေတဲ့ ခဏဟာ အလကားခဏတွေပဲလို့ မှတ်ရမယ်။ ခုဘုရားပွင့်တဲ့အခါ ကာလ၊ လူဖြစ်တဲ့အခါကာလ၊ ပညာရှိနဲ့ ကြုံတဲ့အခါကာလ ဒီခဏလေးသာ အဖိုးတန်တဲ့ ခဏ လို့ ဆိုရပါမယ်။    (၁) ရုပ်ခန္ဓာချည်းရှိနေတဲ့ဘုံတွေ.. နာမ်ခန္ဓာချည်းရှိနေတဲ့ ဘုံတွေမှာ ကမ္ဘာပေါင်းများစွာ ဖြစ်နေရသော်လည်း ထိုဘုံများသို့ ဘုရားလဲ မရောက်၊ ရောက်ခြင်းကြောင့်လဲ အကျိုးကျေးဇူးမရှိ၊ သေတာပတ္တိမဂ် တည်ဖို့ အတွက်မှာလဲ တရားနာမှသာ တည်နိုင်မည် ဖြစ်လေသောကြောင့် ထိုဘုံများတွင်သွားနေရသော ခဏကိုလဲ အလကားခဏဟု မှတ်ရပါမယ်။ သြော်.. အဲဒီဘုံတွေမှာ ခန္ဓာသက် ရတာလည်း.. ဒုက္ခ သစ္စာသာလျှင်ဖြစ်နေတာပါပဲလို့ မှတ်ရပါမယ်။ ဒါကြောင့် အဲဒီ ဘုံဌာနတွေကို ရပ်ပြစ်-၈ ပါးထဲ သို့ သွင်းရခြင်းဖြစ်ပါတယ်။  (၂) တစ်ခါ ငရဲရောက်နေတော့.. ငရဲရောက်နေတဲ့ ခဏဟာလဲ ဒကာ၊ဒကာမတို့ ဘာအသုံးကျသေးသတုန်း။ ထွက်ရပ်လမ်း ရှာနိုင်ပါ့မလား။ မရှာနိုင်လို့ရှိရင်.. အဲဒီခဏ ဟာလဲ အလကားပါပဲ။  (၃) တိရိစ္ဆာန်ဘုံ ရောက်နေတဲ့ ခဏ ဟာလဲ ဒီတိုင်းပဲ ထားလိုက်ပါတော့။ ဘာမှအသုံးမကျတဲ့ ခဏပဲ။  (၄) ပြိတ္တာဘုံရောက်နေတဲ့ ခဏဟာလဲ ဒကာ၊ဒကာမတို့ အလကားခဏပါပဲ။အဟိတ်ပုဂ္ဂိုလ်တွေ ဖြစ်ပြီးနေသောကြောင့် မြတ်စွာဘုရား တရားဟောကြားသော်လည်း ဘယ်လိုမှ နားမ၀င်နိုင်တဲ့ခဏ။  (၅) တစ်ခါလူ့ပြည်လာဖြစ်တော့လဲ မိစ္ဆာာဒိဌိ ဖြစ်နေမယ်ဆိုရင် ဘုရားတရားဟောရင် ဘုရားနဲ့ ရန်ဖြစ်မယ်၊ ဘုရားမြင်ရရင် ဘုရားခန္ဓာနဲ့ ရန်ဖြစ်မယ်။ အဲဒီ မိစ္ဆာဒိဌိ ဖြစ်နေရတဲ့ဘ၀ဟာလဲ အလကားခဏ။  (၆) ဘုရား၏ တပည့်သား ဖြစ်တဲ့ ဘိက္ခူနီမတို့ ဘိက္ခူယောကျာ်းတို့ တရားဟောရာ မရောက်တဲ့ ပစ္စန္တရာဇ်အရပ်မှာ လူဖြစ်နေရတဲ့ ခဏဟာလဲ အလကားခဏ။  (၇) ပြီးတော့တစ်ခါ စဉ်းစားလိုက်ပြန်တော့... ဘုရားပွင့်နေတဲ့ ကာလဖြစ်ငြားသော်လည်း ကိုယ့်မှာ ဆွံ့အ ပြီးတော့ သကာလ ပြောတာနားမလည်ပဲနဲ့ သုညတ ဓမ္မဆိုတဲ့ ရုပ်နာမ် ဓမ္မတွေ၊ ပဋ္ဋိစက်သမုပါဒ် ဓမ္မတွေ ပြောငြားသော်လည်း နားမလည်နိုင်တဲ့ ဆွံ့အနေတဲ့ ဘ၀မျိုး ရောက်ပြန်တော့်လဲ အလကားခဏပါပဲ။ ဒါတွေကတော့ ဘုရားပွင့်နေရက်နဲ့ကိုပဲ ကျေးဇူးမရှိဘူးဖြစ်နေပြီ။  (၈) တစ်ခါ ဘုရားမပွင့်တဲ့ကာလမှာကိုလဲ လူဖြစ်လာရရင်လဲ အလကားခဏပဲ။ ဆိုလိုတော့ အဲဒီ (၈)ခဏဟာ အလကားခဏပါပဲ။ အဲဒီတော့ ရပ်ပြစ် (၈)ပါးဆိုတာ အခုပြောခဲ့တာတွေပဲ ဖြစ်ပါတယ်။  အဲဒီတော့.. ထို (၈) ခဏနဲ့ လွတ်ပြီးသကာလ.. ဘုရားသာနာနဲ့ ကြုံတဲ့ခဏ၊ လူဖြစ်ရတဲ့ခဏ၊ ပညာရှိနားတွေနဲ့ ထောင်နိုင်တဲ့ ခဏမှာ ကြုံနေတော့ ဒီခဏလွဲရင်ဖြင့်... ဒီခဏ ကြုံဖို့ရာ အတော်ကြိုးစားခဲ့ကြတယ်ဆိုတာလဲ ကိုယ့်အကြောင်းကိုယ်နောက်ပြန်တွေးရင် ကိုယ်သိပါတယ်။ လူလဲဖြစ်ကြတယ်.. သာသနာတွင်းလဲကြုံကြတယ်.. ထောင်နိုင်တဲ့နားဆိုတဲ့ ပညာရှိခဏနဲ့ရော ကြုံဆုံပြီး သကာလနေတော့ စဉ်းစားကြည့်ရင်.. ဒီခဏလွဲရင် ဟိုခဏ (၈) ခုထဲသွားတော့မယ်။ အဲဒီတော့ ဒီခဏလေးဟာ ဒကာ၊ဒါယိကာမတို့ ကိုယ့်သက်တမ်းနဲ့ ကိုယ်ကြည့်လိုက်တော့ ... သြော်.. မနက်ဖြန်သေရင် ဒီနေ့ မဂ်ဖိုလ် ဆိုက်မှ... တစ်ဘက်ခါသေရင် မနက်ဖြန်လောက် မဂ်ဖိုလ်ဆိုက်မှ မဟုတ်ရင် ဒီခဏကို လွဲပြီး ကိုယ်ကျိုးနဲပေါ့ ဆိုတာ ဒကာ။ဒကာမတွေ သေချာမှတ်ပါ။  Credit to သဘာဝ အမှန်တရား

0 comments:

Post a Comment

image

Lorem ipsum dolor sit

Aliquam sit amet urna quis quam ornare pretium. Cras pellentesque interdum nibh non tristique. Pellentesque et velit non urna auctor porttitor.

image

Nunc dignissim accumsan

Vestibulum pretium convallis diam sit amet vestibulum. Etiam non est eget leo luctus bibendum. Integer pretium, odio at scelerisque congue.