Wednesday, January 9, 2013

မိုးကုတ်ဆရာတော်ဘုရားကြီး၏သံဝေဂဓမ္မတရားအစု(၉)
***********************************
၁။ ကိုယ့်ကယ်တင်မဲ့အရေး ဖြည်းဖြည်းလုပ်ကြတာပေါ့၊
ဖြည်းဖြည်းပေါ့နဲ့ အခေါင်းထဲရောက်သွားရော။

၂။ ကိုယ့်ကိုကယ်တင်မဲ့ တရားမရှိဘဲ အသေမရဲကြပါနဲ့၊
ဝိပဿနာကမှ ကိုယ့်ကို ကယ်တင်မဲ့တရား။

၃။ ကံစခန်းက ကြာတာ၊ဉာဏ်စခန်းဆိုတာ ကြာတာမ
ဟုတ်ဘူး များများလုပ် မြန်မြန်ခရီးပေါက်တယ်၊ဒီဥစ္စာ
တစ်နာရီအတွင်းလည်း ဖြစ်နိုင်တယ် မလျှော့နဲ့။

၎။ ဝိပဿနာ တရားကမှ အနှစ်သားတရား။

၅။ အသေလွတ်ရာ မြင်ပြီးမှ ပျော်ကြပါ။

(ဝိပဿနာဆိုတာ နာမ်၊ခန္ဓာ ဉာဏ်ကပ်၍
ကံဖြတ်နေတဲ့တရား သောတာပန်လမ်း ဉာဏ်စခန်း)

၆။ ရှေးဦးစွာ ပစ္စုပ္ပါန် ဖြစ်ဆဲ ဆတ်ဆတ်ပရမတ် ခန္ဓာ၏
ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်အရင် နားလည်အောင်လုပ်ပါ။

၇။ ယခုလက်ငင်းဆတ်ဆတ် ပစ္စုပ္ပါန်ခန္ဓာ၏ ပဋိစ္စသမုပ္ပါဒ်
ဖြစ်စဉ်မသိဘဲ တရားအားထုတ်နေခြင်းသည် ပင်ပန်းရုံပဲမှတ်ပါ။

၈။ ယခုဖြစ်ဆဲ ဆတ်ဆတ် ပစ္စုပ္ပါန်ခန္ဓာ၏ ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်
သိမှ အရှိနှင့်အသိ ကိုက်ညီမည်။

၉။ အရှိနှင့် အသိ ကိုက်ညီမှသာလျှင် ယထာဘူတံ ဟုတ်တိုင်းမှန်
စွာသိရှိရမည်၊

၁၀။ ယထာဘူတံ ဟုတ်တိုင်းမှန်စွာ သိရှိမှသာလျှင် ယောနိသောမန
သိကာယ အသင့် အတင့် နှလုံးသွင်နိုင်မည်။

အရှင်ဉာဏဓဇ

Post By : Aye Aye Cho
မိုးကုတ်ဆရာတော်ဘုရားကြီး၏သံဝေဂဓမ္မတရားအစု(၉) *********************************** ၁။ ကိုယ့်ကယ်တင်မဲ့အရေး ဖြည်းဖြည်းလုပ်ကြတာပေါ့၊ ဖြည်းဖြည်းပေါ့နဲ့ အခေါင်းထဲရောက်သွားရော။  ၂။ ကိုယ့်ကိုကယ်တင်မဲ့ တရားမရှိဘဲ အသေမရဲကြပါနဲ့၊ ဝိပဿနာကမှ ကိုယ့်ကို ကယ်တင်မဲ့တရား။  ၃။ ကံစခန်းက ကြာတာ၊ဉာဏ်စခန်းဆိုတာ ကြာတာမ ဟုတ်ဘူး များများလုပ် မြန်မြန်ခရီးပေါက်တယ်၊ဒီဥစ္စာ တစ်နာရီအတွင်းလည်း ဖြစ်နိုင်တယ် မလျှော့နဲ့။  ၄။ ဝိပဿနာ တရားကမှ အနှစ်သားတရား။  ၅။ အသေလွတ်ရာ မြင်ပြီးမှ ပျော်ကြပါ။  (ဝိပဿနာဆိုတာ နာမ်၊ခန္ဓာ ဉာဏ်ကပ်၍ ကံဖြတ်နေတဲ့တရား သောတာပန်လမ်း ဉာဏ်စခန်း)  ၆။ ရှေးဦးစွာ ပစ္စုပ္ပါန် ဖြစ်ဆဲ ဆတ်ဆတ်ပရမတ် ခန္ဓာ၏ ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်အရင် နားလည်အောင်လုပ်ပါ။  ၇။ ယခုလက်ငင်းဆတ်ဆတ် ပစ္စုပ္ပါန်ခန္ဓာ၏ ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်မသိဘဲ တရားအားထုတ်နေခြင်းသည် ပင်ပန်းရုံပဲမှတ်ပါ။  ၈။ ယခုဖြစ်ဆဲ ဆတ်ဆတ် ပစ္စုပ္ပါန်ခန္ဓာ၏ ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ် သိမှ အရှိနှင့်အသိ ကိုက်ညီမည်။  ၉။ အရှိနှင့် အသိ ကိုက်ညီမှသာလျှင် ယထာဘူတံ ဟုတ်တိုင်းမှန် စွာသိရှိရမည်၊  ၁၀။ ယထာဘူတံ ဟုတ်တိုင်းမှန်စွာ သိရှိမှသာလျှင် ယောနိသောမန သိကာယ အသင့် အတင့် နှလုံးသွင်နိုင်မည်။  အရှင်ဉာဏဓဇ  Post By : Aye Aye Cho

0 comments:

Post a Comment

image

Lorem ipsum dolor sit

Aliquam sit amet urna quis quam ornare pretium. Cras pellentesque interdum nibh non tristique. Pellentesque et velit non urna auctor porttitor.

image

Nunc dignissim accumsan

Vestibulum pretium convallis diam sit amet vestibulum. Etiam non est eget leo luctus bibendum. Integer pretium, odio at scelerisque congue.