Monday, January 7, 2013

လွှတ်တော် ဆုံးဖြတ်ချက်ကို မလိုက်နာသော အခြေခံပညာရေးဌာန (ပေးစာ)

သို့

သမ္မတကြီးရှင့် 
ကျမသည် တနသာင်္ရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်မှ ကျောင်းအုပ်ဆရာမကြီး တစ်ဦးဖြစ်ပါသည်။ ကျမ တင်ပြချင်သည့် အကြောင်းက လွှတ်တော်တွင် တင်ပြသော ဒု-၀န်ကြီး ဦးအေးကြူ၏ တင်ပြချက်နှင့် ပတ်သက်၍ ပြောပြပါရစေ။ ဦးအေးကြူက ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ စ၍ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအတွက် ကျောင်းသုံး၊ ရုံးသုံးပစ္စည်းများဖြစ်သည့် မြေဖြူ၊ ကျောက်သင်ပုန်းဖျက်၊ သောက်ရေအိုး၊ သောက်ရေခွက်၊ ရေစစ်၊ ရေပုံး --- စသည်တို့ကို ၀ယ်ယူနိုင်ရေးအတွက် မူလတန်းကျောင်း တစ်ကျောင်းလျှင် အောက်ပါအတိုင်း ထောက်ပံ့ ပေးထားတဲ့အကြောင်းကို လွတ်တော်တွင် တင်ပြခဲ့ပြီးဖြစ်သည်။

(၁) မူလတန်းအဆင့် ကျောင်းသားဦးရေ (၁၀၀) နှင့်အောက် 50000 ကျပ်

(၂)မူလတန်းအဆင့် ကျောင်းသားဦးရေ (၁၀၀) နှင့်အထက် 80000 ကျပ်

(၃)မူလတန်းအဆင့် ကျောင်းသားဦးရေ (၂၀၀) နှင့်အထက် 100000 ကျပ်

ထောက်ပံ့ပေးမည့် အကြောင်းကို လွတ်တော်တွင် တိုင်းသိ၊ ပြည်သိ တင်ပြခဲ့သည်မှာ ပြည်သူများ အားလုံး ကြားသိပြီး ဖြစ်ပါလိမ့် မည်။ သို့ပါသော်လည်း ကျမတို့အား အမှန်တကယ် ထောက်ပံ့ပေးသည်မှာ ----

(၁) မူလတန်းအဆင့် ကျောင်းသားဦးရေ (၁၀၀) နှင့်အောက် 20000 ကျပ်

(၂) မူလတန်းအဆင့် ကျောင်းသားဦးရေ (၁၀၀) နှင့်အထက် 30000 ကျပ်

(၃)မူလတန်းအဆင့် ကျောင်းသားဦးရေ (၂၀၀) နှင့်ထက် 40000 ကျပ်သာချထားပေးသည်။ တနင်္သာရီ တစ်တိုင်းလုံး အထက်ပါ ထောက်ပံ့ကြေးသာ ရရှိကြပါသည်။

အခြားသော တိုင်းဒေသကြီးများ / ပြည်နယ်များတွင်လည်း အထက်ပါအတိုင်းသာ ရရှိကြောင်း သိရသည့်အတွက် ပညာရေးဌာန ဒု-၀န်ကြီး ဦးအေးကြူ၏ လွှတ်တော်တွင် တင်ပြဆွေးနွေးချက်များနှင့် အလွဲကြီး လွဲနေပါသည်။ လွတ်တော်ဆုံးဖြတ်ချက်နှင့် အခြေခံကျောင်းများ ထပ်တူ မကျဘဲ ရှိနေပါသေးသည်။ ဒု-၀န်ကြီးက လိမ်ညာ ပြောဆိုခဲ့လေသလား။ အခြေခံပညာရေးဌာန အဆင့်ဆင့်က လိမ်ညာတာလား။

ယခုက ဘယ်လိုအခြေနေလည်းဆိုတော့ -- လွှတ်တော်တွင်ပြောခဲ့သော စကားကြောင့် ကျောင်းအုပ်ကြီးများ၏ လက်ထဲတွင် ကျပ်ငွေ 80000 ရရှိသည်ဟု အထင်ခံနေရခြင်း ဖြစ်သည်။ ကျမကတော့ မြို့မှ ခွဲဝေထားသည့် ငွေကြေးအတိုင်း ရုံးခန်းတွင် ကပ် ထားပြီး မေးမြန်းလာသော မိဘပြည်သူများကို ဖြေရှင်းနေပါကြောင်းနှင့် အထက်ပါကိစ္စသည် ပညာရေး ဒု-၀န်ကြီး ဦးအေးကြူ၏ လိမ်ညာပြောသော လွှတ်တော်တင်ပြချက်လား၊ ဒါမှမဟုတ် အခြေခံပညာရေးဌာနက လိမ်ညာတာလားဟု ဖော်ထုတ်ပေးစေ လိုပါသည်။

မူလတန်းကျောင်းအုပ်ကြီးများ (တနင်္သာရီတိုင်း)

0 comments:

Post a Comment

image

Lorem ipsum dolor sit

Aliquam sit amet urna quis quam ornare pretium. Cras pellentesque interdum nibh non tristique. Pellentesque et velit non urna auctor porttitor.

image

Nunc dignissim accumsan

Vestibulum pretium convallis diam sit amet vestibulum. Etiam non est eget leo luctus bibendum. Integer pretium, odio at scelerisque congue.