Monday, January 7, 2013

http://moemaka.com/?p=30782



ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၁)

ဦးမျိုး (ဥပဒေ)၊ ဇန်န၀ါရီ ၁၊ ၂၀၁၃

၂၀၁၂ ခုနှစ်၊ တက္ကသိုလ် ပညာရေး ဥပဒေ

(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် – - – - – -)

ဥပဒေကြမ်း ကို သမိုင်းသင်ခန်းစာများနှင့် ဆက်စပ်၍ ဝေဖန် ဆန်းစစ် သုံးသပ်ချက်။  

အပိုင်း (၁)

ပညာသမာ၊ အာဘာနတ္ထိ စာတမ်းပါ ရင်ထိုးတံဆိပ်ဝိုင်း အ၀ါလေးတွေ၊ ကောင်းမှုတခု နေ့စဉ်ပြု ဒိုင်ယာရီ စာအုပ်ငယ်လေးတွေကို ခရိုင် ကျောင်းဆရာများ သမဂ္ဂ ခေါင်းဆောင် မူလတန်း ကျောင်းအုပ်ဆရာကြီး အိမ်တွင် ၁၉၆၂ ခုနှစ် မတိုင်မီက မျက်မြင်တွေ့ရှိဖူးပါသည်။

၁၉၆၂ ခုနှစ် ဇူလိုင် ရ ရက်နေ့ကျတော့ အကို တက္ကသိုလ် ကျောင်းသားတွေ လက်ကျိုးပြီး ပတ်တီးတွေနဲ့ ဂျိုင်းထောက်တွေနဲ့ လေယာဉ်ပေါ်က ဆင်းလာကြသည်ကို မျက်စိထဲက ယနေ့ထိ ပြေးမထွက်သေးပါ။ အောက်မေ့ သတိရ နေမိသည်။ သြော်… တက္ကသိုလ် ပညာရေး… သွေးနဲ့ အရင်းတည်ခဲ့ရသည်ကိုး။

            ယခုတော့ တက္ကသိုလ် ပညာရေး ဥပဒေကြမ်းကို စစ်အုပ်စု တဖြစ်လဲ ကြံ့ဖွံ့ အစိုးရ လွှတ်တော်က အတည်ပြုဖို့ဆွေးနွေးရာမှာ ရပ်ဆိုင်းထားလိုက်ရကြောင်း သိရှိရ ပါသည်။ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီက တင်သွင်းလာသည့် ၂၀၁၂ ခုနှစ်၊ တက္ကသိုလ် ပညာရေး ဥပဒေကြမ်းကို ရွှေ့ဆိုင်း၍ အသစ်ပြန်လည် ရေးဆွဲ ရန် ဇူလိုင်လ ၃၁ ရက်၌ ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

 ဆွေးနွေးခဲ့ရာမှာ ပညာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေးက "ကျွန်တော်တို့ နိုင်ငံရဲ့အနေအထားအရ တက္ကသိုလ်တွေဟာ ၀န်ကြီးဋ္ဌာန ၁၂ ခုအောက်မှာ တက္ကသိုလ်ပေါင်း ၁၆၅ ခုရှိပါတယ်။ ဒီဂရီကောလိပ်ပေါင်း ၆၄ ခုရှိပါတယ်။"ဟု ပြောပါသည်။

လွှတ်တော်ကိုယ်စားလှယ်များ က

"တက္ကသိုလ်များရဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ပြောတာသာ ဖြစ်ပါတယ်။ ဒါ ကြောင့်မို့လို့ တက္ကသိုလ်အသီးသီးရဲ့ လွတ်လပ်ပိုင်ခွင့် ရှိဖို့အတွက် ပညာရေး ၀န်ကြီး ဌာနရဲ့ သြဇာလျှော့ချရေးကို ကျမတို့ အဓိကထားပြီးတော့ ပြောကြတာလို့ ကျွန်မနား လည်ပါတယ်" ဟု လည်းကောင်း၊

ဝန်ကြီးဌာနများ၏ စီမံခန့်ခွဲမှုအောက်တွင်သာ ရှိနေ သည့် အချက်များ ပါဝင်သည့် အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးမှုကို ရွေ့ ဆိုင်းရန် အဆိုတင်သွင်းခဲ့သည် ဟု လည်းကောင်း၊

 "ဒီဥပဒေကြမ်း တစ်ခုလုံးကို ပြန် လည် ဆွေးနွေးပြီးတော့ ဒီနိုင်ငံနဲ့ ဒီကာလနဲ့ ဒီကမ္ဘာကြီးနဲ့ ပိုပြီးတော့ သင့်လျော်မယ့် ဥပဒေကြမ်းတစ်ခု ဖြစ်ပေါ်လာရေးအတွက် လုပ်ဆောင်ပေးကြပါလို့ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်" ဟု လည်းကောင်း၊

"ဥပဒေကြမ်းကို ပြည်သူတွေအားလုံးက ကြည့်ပြီးတဲ့ အခါကျမှ ကျွန်မတို့ ပြည်သူ့လွှတ်တော်ကို ပြန်လာရမှာပါ။ အစကတည်း က ပရိုစီဂျာ နည်းနည်းမှားတယ်လို့ ကျွန်မ ယူဆပါတယ်" ဟုလည်းကောင်း၊

"အင်မတန်မှ ကျွန်တော်တို့ နိုင်ငံရဲ့ အနာဂတ်အတွက် သေရေးရှင်ရေးတမျှ အရေးကြီး တဲ့၊  ဒီဥပဒေကြမ်း ဆွေးနွေးခြင်းကို ရွှေ့ဆိုင်းပေးဖို့ ကျွန်တော်တို့ နိုင်ငံရဲ့ အကျိုးငှာ ကျွန်တော်တို့ အဆိုတင်သွင်း အပ်ပါတယ်" ဟုလည်းကောင်း၊

"အဲဒီလို အခြေအနေတွေကြောင့် ပို၍ ပြည်စုံသော၊ ပို၍ နိုင်ငံအကျိုး သက်ရောက်သော၊ အထူးသဖြင့် ကျောင်းသားလူငယ်တွေရဲ့ အသံကိုပါ ကိုယ်စားပြုနိုင်သော တက္ကသိုလ်ပညာရေး ဥပဒေမူကြမ်းတစ်ခုကို ကျွန်တော်တို့ လွှတ်တော်က ထပ်မံဆွေးနွေးနိုင်ရေးအတွက်" ဟု လည်းကောင်း အသီးသီး တင်ပြသွား ကြသည်များကို ထင်ထင်ရှားရှား တွေ့ရှိရပါသည်။

            ပညာရေး မြှင့်တင်မှု ကော်မတီ၊ တက္ကသိုလ် ပညာရေး ဥပဒေ ပြုပြင်ရေး ဆွဲနိုင် ရေး အတွက် စိစစ်တင်ပြချက်တွင် တည်ဆဲ ဥပဒေပြဋ္ဌာန်းချက် ဖြစ်သည့် ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ တက္ကသိုလ် ပညာရေးဥပဒေ (၁၉၇၃ ခုနှစ်၊ ပြည် ထောင်စု မြန်မာနိုင်ငံ၊ တော်လှန်ရေး ကောင်စီ ဥပဒေအမှတ် ၁၃) ၊ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၊ တက္ကသိုလ် ပညာရေးကို ပြင်ဆင်သည့် ဥပဒေ (၁၉၈၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေ အမှတ် ၄) ၊ ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ ၊ တက္ကသိုလ် ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၁၉/၈၉) နှင့် ၁၉ရ၃ ခုနှစ်၊ ပြည်ထောင်စု မြန် မာနိုင်ငံ၊ တက္ကသိုလ်ပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ ဥပဒေအမှတ် ၄/၉၈) တို့ ဖြင့် ယခု ပြဋ္ဌာန်းလာမည့် ၂၀၁၂ ခုနှစ်၊ တက္ကသိုလ် ပညာရေး ဥပဒေ ( ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် – - – - ) ကိုဘေးချင်းကပ် နှိုင်းယှဉ်ဖော်ပြထားသည်ကို တွေ့ရပါသည်။

ဖော်ပြထားချက်များ၏  တည်ဆဲဥပဒေ ပြဋ္ဌာန်းချက် စာတိုင် အောက်၌ အခန်း(၈) အထွေထွေအခန်းရှိ  ၁၉၇၃ ခုနှစ် ပြည်ထောင်စု မြန်မာနို်င်ငံတော်၊ တက္ကသိုလ် ပညာ ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေ၏ နောက်ဆုံးတွင် " ၁၉၆၄ ခုနှစ်၊ ပြည်ထောင် စုမြန်မာနိုင်ငံ၊ တက္ကသိုလ်ပညာရေးကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်။" ဟု ဖော်ပြ ပါရှိသည်။

၎င်းနှင့် ဘေးချင်းကပ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ပညာရေးမြှင့်တင်မှု ကော်မတီတို့ ညှိနှိုင်းပြင်ဆင်ချက် စာတိုင်အောက်ရှိ နောက်ဆုံးတွင် အထက်ဖော် ပြခဲ့ပြီးဖြစ်သည့် ၁၉၆၄ တက္ကသိုလ် ဥပဒေမှအပ ကျန်ဥပဒေများအားလုံးကို ဤဥပ ဒေဖြင့် ရုပ်သိမ်းလိုက်သည်၊ ဟုဖော်ပြထားပါသည်။ ဘေးချင်းကပ် အကျိုးအကြောင်း ဖော်ပြချက် စာတိုင်အောက်တွင် "၁၉၆၄ ခုနှစ်အစား ၁၉၇၃ ခုနှစ် ဥပဒေ၊ ၁၉၈၃ ခုနှစ် ဥပဒေ၊ ၁၉၈၉ နှင့် ၁၉၉၈ ခုနှစ် ဥပဒေ များဖြင့် အစားထိုး ပြင်ဆင်သည်၊" ဟုပါ ဖော်ပြထားသည်ကို တွေ့မြင်သိရှိရပါသည်။

 ၁၉၆၄ ခုနှစ် တက္ကသိုလ် ဥပဒေ ဆိုသည် မှာ  ၁၉၆၂ ခုနှစ် ၇ -ရက် ဂျူလိုင်လ၌ ကျောင်းသား တရာကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး တက္ကသိုလ်ကျောင်းသား သမဂ္ဂကို မိုင်းခွဲဖြိုဖျက်ပြီး နောက် ၂ နှစ်အကြာ တွင် စစ်အုပ်စု စစ်အာဏာ အောက်က တလမ်းသွားပညာရေးနှင့် ကျောင်းသားတွေကို ချုပ်ချယ်ရန် ပြဋ္ဌာန်းခဲ့သည့် ဥပဒေဖြစ်သည်ကိုလည်း သီးသန့်နားလည်ထားရန် လိုအပ် ပါသည်။

ထိုဥပဒေမှ ထပ်ဆင့်ပေါက်ဖွားလာသည့် စစ်အုပ်စု န၀တနှင့် နအဖ စစ်ဖိနပ် အောက်က ဥပဒေများမှာလည်း မျောက်လောင်း မျောက်လောင်းပင်ဖြစ်သည်ကို မျက် မြင်တွေ့နေရသည့် ၈ လေးလုံး မျိုးဆက်သစ် တက္ကသိုလ် ကျောင်းသားအနေဖြင့် သမိုင်းနောက်ကြောင်း အပြန်မခံနိုင်တော့ပါ။ ကျောင်းသားရှိရင် သမဂ္ဂရှိရမယ် စိတ် ဓါတ်အပြည့်ဖြင့် လှုပ်ရှားနေကြပြီ။ ပေါ်ထွက်လာမည့် ယခင်ကကဲ့သို့ တက္ကသိုလ် ပညာ ရေး ဥပဒေမျိုးနှင့် တူညီမည့် ဥပဒေများကို လားလားမှ လက်ခံနိုင်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် အမျိုးသား ပညာရေး စနစ်ကို မြှင့်တင်နိုင်မည့် ပညာရေး ဥပဒေများအတွက် ၈ လေးလုံး တက္ကသိုလ် ကျောင်းသားခေါင်းဆောင်များ၏ ပါဝင်ရေးဆွဲနိုင်မှုကို အလေး ထား ဖေါ်ထုတ်သွားရပါမည်။

            ကိုလိုနီ ပညာရေးကို အဆုံးသတ်စေခဲ့သည့် ကျောင်းသား သမဂ္ဂများ၏ တိုက်ပွဲ ကို ဦးစွာပထမ အသိအမှတ် ပြုကို ပြုရပါမည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း တက္က သိုလ် ကျောင်းသားသမဂ္ဂများ၏ ပါဝင်ရာအခန်းကဏ္ဍကို မရမနေ ရရှိအောင် တောင်း ဆိုရပါတော့မည်။

 တက္ကသိုလ်ပညာရေး ဥပဒေ ရေးဆွဲရေးတွင် တက္ကသိုလ် ကျောင်း သား သမဂ္ဂ ခေါင်းဆောင်များ ပါဝင်ရပါမည်။ အထူးသဖြင့် ၈ လေးလုံး မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပါဝင်ရပါမည်။ လက်ရှိ တက္ကသိုလ် ကျောင်းသားသမဂ္ဂ များဦးဆောင်သည့် ညီလာခံတရပ်ကိုလည်း ကျင်းပသင့်ပါသည်။ တပါတီ အာဏာရှင် စနစ်အောက်က မည်သည့် ကိုလိုနီ ပညာရေးစနစ်မျိုးကိုမှ မြန်မာမြေပေါ်တွင် မတည်ရှိ စေသင့်ပါ။ လွှတ်တော်သက်သက် နိုင်ငံရေးသည် အမျိုးသား နိုင်ငံရေး မဟုတ်ကြောင်း ကို ပြတ်ပြတ်သားသား တတ်သိနားလည်ထားသော အမျိုးသားနိုင်ငံရေး (၀ါ) ပြည်သူ့ နိုင်ငံရေးစနစ်ကို ဖော်ဆောင်မည့် ကျောင်းတော်သားကြီးများ ရှေ့တလှမ်းတက်ကြ ရပါမည်။ ဒီမိုကရေစီပညာရေးကို သွေးဖြင့် အရင်းတည်ခဲ့သော ၆၂ ကျောင်းသားခေါင်း ဆောင်များ၏ လမ်းညွှန်ချက်အတိုင်း လိုက်နာရပါမည်။ ထိုမှတပါး တခြားလမ်း မရှိပြီ။ ယနေ့ထိ စစ်အာဏာရှင်စနစ် အဆက်ဆက်အောက်က တက္ကသိုလ် ပညာရေး ဥပဒေ များနှင့် လားလားမျှ မတူနိုင်သည့် ဒီမိုကရေစီ ပညာရေးစနစ်အတွက် အာမခံချက်ရှိမည့် ဥပဒေသာ ဖြစ်သင့်ပါသည်။ 

            ဒီမိုကရေစီ ပညာရေး စနစ်ကို အကောင်အထည်ဖော်မည် ဆိုလျှင် ဒီမိုကရေစီ နည်းလမ်းတကျ ပါဝင်သင့်သည့် ပါဝင်ရမည့် ပုဂ္ဂိုလ်များ ပါဝင်ရပါမည်။ စစ်ဘက်ဆိုင်ရာ မည်သည့် ၀န်ကြီး၊ ၀န်ကလေးများမှ မပါဝင်သင့်ပါ။၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိဒါန်း၌ပင် စစ်တပ်က အာဏာသိမ်းပိုက်ထား သည်ကို တရားဝင် အတည်ပြုထားသောကြောင့် ဖြစ်ပါသည်။ 

ပထမအဆင့် တက္ကသိုလ် ကျောင်းသား သမဂ္ဂများ ညီလာခံ တရပ်ကို လွတ်လွတ်လပ်လပ် ကျင်းပခွင့် ပေးရပါမည်။ မည်သည့် အုပ်ချုပ်ရေး အာဏာပိုင်မျှ ပါဝင်ခွင့် မရှိသင့်ပါ။ မိဘ ဆရာ ကျောင်းသားများသာ ပါဝင်သင့်ပါသည်။ မိဘဆိုသည်မှာ အမျိုးသားနိုင်ငံရေးကို ဖော် ဆောင်သည့် နိုင်ငံရေးပါတီများ အဖွဲ့အစည်းများက ခေါင်းဆောင်များကို ဆိုလိုပါ သည်။ လွှတ်တော် ကိုယ်စားလှယ် ဟုတ်-မဟုတ် အကြောင်း မဟုတ်ပါ။ ဆရာ ဆို သည်မှာ အာဏာရအစိုးရ၏  လက်ကိုင်တုတ်မဟုတ်သော သမာသမတ်ရှိသည့် ရှေ့မီ နောက်မီ ဆရာကြီးများ၊ စာရေးဆရာကြီးများ ကိုဆိုလိုပါသည်။ ကျောင်းသားဆို သည်မှာ တက္ကသိုလ် ကျောင်းသားသမဂ္ဂများကို ဆိုလိုပါသည်။ သုံးယောက်ပေါင်း လောင်းကျော် နိုင်ရပါမည်။     

ဦးမျိုး (ဥပဒေ)

၆ – ၆ – ၂၀၁၂

(ဆက်လက်ဖော်ပြပါမည်)

 

 

ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၂)

ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း ()

ဦးမျိုး (ဥပဒေ) ဇန်န၀ါရီ ၃၊ ၂၀၁၃

အပိုင်း ()

            မြန်မာနိုင်ငံ ပညာရေးလှုပ်ရှားမှုသမိုင်းတွင် ၁၉၅၄-၅၅ ခုနှစ်က စပြီး လက်ရှိ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုခဲ့ကြသည်။ ၁၉၅၆၅၇ ခုနှစ် တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှုဆောင်အဖွဲ့က တက္ကသိုလ်ပညာရေးကို ပြုပြင် ပြောင်းလဲဖို့တင်ပြခဲ့ကြသည်။ ၁၉၅၇ ခုနှစ်မှာ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနု က သဘာ ပတိ အဖြစ်ဆောင်ရွက်ပြီး ပညာရေး စုံစမ်းမှုကော်မတီကို ဖွဲ့စည်းခဲ့သည်။ ၁၉၅၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၈၂၉ ရက်နေ့တွင် မော်လမြိုင်မြို့မှာ ကျင်းပခဲ့သည့် တက္ကသိုလ်၊ ကော လိပ်ပေါင်းစုံ ဆွေးနွေးပွဲမှာ ပညာရေး နှီးနှောဖလှယ်ပွဲကြီး တရပ် ကျင်းပဖို့ ဆုံးဖြတ် ခဲ့ကြသည်။ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ် ကျောင်းသားများ ပညာရေး နှီးနှော ဖလှယ်ပွဲကြီးကို ၁၉၅၈ ခုနှစ် သြဂုတ်လ ရက်မှ ၁၃ရက်နေ့နံနက်ပိုင်းအထိ ရက်တိုင်တိုင် ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည့် သမိုင်းအစဉ် အလာ ကြီးမားမှုကို သင်ခန်းစာယူသင့်ပါသည်။ နှီးနှောဖလှယ်ပွဲကြီးတွင်-

၁။ ပညာရေး ၀ါဒ တင်ပြချက်စာတမ်း

၂။ သင်ကြားမှု မဏ္ဍိုင်ဘာသာရပ်နှင့် ပတ်သက်၍ သဘောထား တင်ပြချက်

၃။ မူလတန်း၊ မူလတန်းလွန် ပညာရေးနှင့် အလွတ်ပညာသင်ကျောင်း စာတမ်း

၎။ အတန်းလွန် ပညာရေး စာတမ်း

၅။ စက်မှု လက်မှု အသက်မွေး ၀မ်းကျောင်းပညာရေး စာတမ်း

၆။ လူမျိုးစု ပညာရေး စာတမ်း

၇။ ပညာရေး လွတ်လပ်ခွင့်နှင့် သမဂ္ဂ ဖွဲ့စည်းခွင့် စာတမ်း

၈။ လူထု ပညာရေးနှင့် သက်ကြီးပညာရေး စာတမ်း

-ဟူ၍ စာတမ်းပေါင်း (၁၃) ခုရေးသား တင်ပြခဲ့သည်။ ကော်မရှင် စုခွဲကာ ဆွေးနွေး ခဲ့ကြသည်ကို တွေ့ရပါသည်။ ပညာရေး လွတ်လပ်ခွင့် စာတမ်းတွင် ဒီမိုကရေစီကျသော ပညာရေး၌ ပညာရေး လွတ်လပ်ခွင့်သည် ဤသို့ရှိရမည်။

(က) ကျောင်း၏ လုပ်ငန်းတွင် လွတ်လပ်ခွင့်၊ လုပ်ကိုင်ဆောင်ရွက်နိုင်ခွင့် သဘောရှိရ မည်။ ဤကဲ့သို့ လုပ်ကိုင်ရာ၌ ကျောင်းသား၊ မိဘ၊ ဆရာ သုံးပွင့်ဆိုင် ချိန်ခွင်သဖွယ် (Balanced Participation) ပူးတွဲ ဆောင်ရွက်ရမည်။

() ကျောင်းတိုးတက်ရာ တိုးတက်ကြောင်း လုပ်ငန်းမှန်သမျှ လုပ်ရာတွင် မနှောင့် ယှက်သည့်ပြင် မိမိတို့၏ မူမမှန်သော သဘောတရပ်ကို ကျောင်းထဲတွင် မသွတ်သွင်း စေရန် ဆောင်ရွက်ရမည်။

() စီးပွားရေးနှင့် ဥပဒေ လွတ်လပ်ခွင့် အာမခံချက် ရှိရမည်။ တချိန်တည်းတွင် လောကဓာတ်သိပ္ပံနှင့် ယဉ်ကျေးမှုပညာ တိုးတက်ရာ တိုးတက်ကြောင်း လေ့လာလိုက် စားခွင့် ရှိစေရမည်။

() ပညာသင်ကြားစနစ် ခေတ်မီရမည်။ ဆိုလိုသည်မှာ ပညာသင်ကြားရေးနှင့် လူ့ လောက အဆက်အစပ်ရှိရမည်။ အမျိုးဘာသာ အသွင်ဆောင်၍ ၀ိဇ္ဇာနည်းကျသော ကျောင်းသုံးစာအုပ်များ ပြဋ္ဌာန်းရမည်။

            ကျောင်းသားများအား တက္ကသိုလ်နှင့် အထက်တန်းကျောင်း အုပ်ချုပ်ရေးတွင် ပါဝင်ခွင့် ရှိရမည်။ တက္ကသိုလ်သို့ ပေးအပ်ထားသည့် အခွင့်အရေးကို ရိုသေကြရမည်။

() ပညာရေး၏ ဆန့်ကျင်ဘက် ဖြစ်သော စစ်သားစုဆောင်းခြင်းကို မရှိစေရ။

() အမျိုးသမီးတိုင်း အမျိုးသားနှင့် တန်းတူ ပညာသင်ကြားခွင့် ရှိရမည်။

() ဆရာများခန့်ထားရာ၌ ပညာအရည်အချင်းအရ ဖြစ်ရမည်။ နိုင်ငံရေး ခွဲခြားမှု မပါ ၀င်ရ။ ၎င်းပြင် ဆရာများသည် မိမိတို့ ကြိုက်နှစ်သက်ရာ နိုင်ငံရေးဝါဒကို လေ့လာ ပိုင်ခွင့် ရှိရမည်။

() အောင်မြင်ပြီးသော ကျောင်းသားများအား မိမိတို့ အရည်အချင်းအရ အလုပ်လုပ် ပိုင်ခွင့် ရှိရမည်။

ဟူ၍ ဆွေးနွေးတင်ပြခဲ့သည်များကို တွေ့ရပါသည်။ ဤနှီးနှောဖလှယ်ပွဲကြီးမှ ပညာရေး လွတ်လပ်ခွင့်ကို ထိန်းသိမ်းကာကွယ်နိုင်သော အောက်ပါလုပ်ရပ်များကို လုပ်ထိုက် ကြောင်း ရည်ညွန်းလိုသည်။

(က) ဒီမိုကရေစီ ကျသော ပညာရေးစနစ် ပြုပြင်ခြင်း၊

() တက္ကသိုလ်ကျောင်းများတွင် ပညာရေးလုပ်ငန်းများ၌ သီးခြားကိုယ်ပိုင်ပြဋ္ဌာန်း ဆောင်ရွက်နိုင်ခွင့် ရှိခြင်း၊

() တက္ကသိုလ်ကျောင်းများတွင် ချုပ်ချယ်ထားသော ဥပဒေများနှင့် စည်းကမ်း (Unilateral Discipline) များကို ရုပ်သိမ်းခြင်း၊

() ကျောင်းဆရာများကို နိုင်ငံရေးအရမဟုတ်ဘဲ အရည်အချင်းအလိုက် ခန့်ထား ခြင်း၊

() ဆရာ၊ ကျောင်းသား ပူးတွဲကာကွယ်သင့်ခြင်း၊

() ကျောင်းသား သမဂ္ဂများ ဖွဲ့စည်းခွင့် ပေးလျက် ကျောင်းအုပ်ချုပ်ရေးတွင် ပူးတွဲ တာဝန် ယူနိုင်ခြင်းဖြင့် ပညာရေး လွတ်လပ်ခွင့်ကို ထိန်းသိမ်းနိုင်ခြင်း၊

- စသည်တို့ကို အဓိကသဘောအရ ဆောင်ရွင်သင့်ကြောင်း ဤနှီးနှောဖလှယ်ပွဲကြီးမှ တင်ပြအပ်ပါသည်၊ဟု အထင်အရှား ဖော်ပြထားသည်များကို တွေ့ရှိရပါသည်။

            မြန်မာ့သမိုင်းတွင် ၁၉၂၀ ခုနှစ်က ကျောင်းသားသပိတ် အရေးတော်ပုံသည်  အင်္ဂလိပ်နယ်ချဲ့သမား၏ ကိုလိုနီကျွန်ပညာရေးစနစ်ကို ဖျက်သိမ်းပြီး မျိုးချစ်စိတ်ဓါတ် ပေါက်ဖွားလာဖို့လှုံ့ဆော်ခဲ့သည့် အမျိုးသားပညာရေး ကြွေးကြော်သံသည် ပညာရေး ကိုပြုပြင်ဖို့ အမျိုးသားပညာရေးကို  အစားထိုးဖို့ ကြိုးစားခဲ့ကြခြင်းဖြစ်သည်။

         ၁၉၅၈ ခုနှစ်မှာတော့ နိုင်ငံတော်အစိုးရကိုယ်တိုင်က ပညာရေး စုံစမ်းမှု ကော်မတီကို ဖွဲ့ကာ ကျောင်းသားများ၏ ပညာရေး ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုချက်ကို ပညာရေး နှီးနှော ဖလှယ်ပွဲမျိုး ကျင်းပပေးခြင်းဖြင့် ဒုတိယအကြိမ် ကြိုးပမ်းချက်အဖြစ် မှတ်တမ်းမှတ်ရာ အရ တွေ့ရှိရပါသည်။

          ထိုစဉ်က ရှိခဲ့သည့် ၁၉၅၇ ခုနှစ်၊ မန္တလေး တက္ကသိုလ် အက်ဥပဒေ နှင့် The University of Rangoon Act. (Burma Act IX , 1920.) (1st July,1924) တို့ကိုလည်း အလေးအနက်ထား လေ့လာရန် လိုပါသည်။ ၎င်းဥပဒေများမှ အဓိက ထောက်ပြလိုသည်မှာ ပညာရေးတွင် အုပ်ချုပ်ရေးပိုင်းက ၀င်ရောက်စွက်ဖက် ပါဝင်မှု နည်းခဲ့သည်ကို ဖော်ညွန်းလိုပါသည်။

         ကိုလိုနီခေတ်ကလောက်မှ ယခုအခါ ပညာရေးလောကသားများ ပညာရေးတွင် ပါဝင်ခွင့်မရှိအောင် ပြဋ္ဌာန်းလာသည့် ဥပဒေ များမှာ အောချစရာကြီး ဖြစ်နေပါသည်။ ပညာရေးလောကတွင် ထင်ရှားသည့် အင်္ဂ လိပ်ပညာရှင်ကြီး ဘာထရန် ရပ်ဆယ် က "ပညာရေး လောကတွင် ကျောင်းသားရော ဆရာပါ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ ဆောင်ရွက်ခွင့်၊ သင်ကြားခွင့် ပေးရမည်။" ဟု ဆိုထားခဲ့သည်။

       ကျောင်းဆရာများ အသင်းအဖွဲ့၊ သမဂ္ဂများကို၊ ကျောင်းသားများ သမဂ္ဂများကို ပိတ်ပင်တားမြစ်သည့်၊ ပညာရေးနယ်ပယ်တွင် ပါဝင်ခွင့်မပြုသည့် မည် သည့် ဥပဒေများကိုမဆို ပယ်ဖျက်ပစ်သင့်ပါသည်။ ပညာရေးလောကတွင် အတား အဆီး ဖြစ်စေမည့် အနှောင့်အယှက်အမျိုးမျိုး၊ ပညာရေး လွတ်လပ်ခွင့်ကို ပိတ်ပင်သည့် ချုပ်ချယ်ခြင်း၊ လွတ်လပ်စွာ တွေးခေါ်ခွင့် ပိတ်ပင်ခြင်း၊ ဆရာများ လုပ်ငန်းတွင် ၀င် ရောက်နှောင့်ယှက်ခြင်း၊ ကျောင်းသားများ၏ ပညာရေးလောကတွင် ၀င်ရောက် ခြယ် လှယ်ခြင်း၊ ပညာရေး မျက်နှာလိုက်မှု ပြုလုပ်ခြင်း၊ ပညာရေးလောကတွင် စစ်စုံထောက် ပါဝင်စုံထောက်ခွင့် စသည့် အာဏာပိုင်အစိုးရတို့၏ ခြိမ်းခြောက်သည့် အသွင်ဆောင် သည့် အမှုထမ်းများ သွတ်သွင်းခြင်းတို့ကို ပြုလုပ်နေခြင်းတို့သည် ပညာရေးလွတ် လပ်ခွင့်(၀ါ) ပညာရေးလောက၏ ဒီမိုကရေစီစနစ်ကို လုံးဝ ဖျက်ဆီး ပိတ်ပင် ခြင်းဖြစ်ပေ သည်။ ဒီမိုကရေစီ ပညာရေးစနစ်ကို ပြတ်ပြတ်သားသား တောင်းဆို တည်ထောင်သင့် ပါသည်။

            ၁၉၅၇ ခုနှစ်၊ မန္တလေးတက္ကသိုလ် အက်ဥပဒေ ပုဒ်မ တွင်"အောက်ပါတို့သည် တက္ကသိုလ် အာဏာပိုင်များ ဖြစ်ရမည်၊

(က) ကောင်စီ၊

() ပါမောက္ခ အဖွဲ့၊

ဤဥပဒေ ပုဒ်မ ၁၁ () ကောင်စီတွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်ရမည်။

() မန္တလေး တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ အမှုဆောင်အဖွဲ့က အမည်တင်သွင်းသော တက္ကသိုလ်ရာထမ်းမှုထမ်းလည်းမဟုတ်၊ တက္ကသိုလ်ကျောင်း သား လည်းမဟုတ်သော တက္ကသိုလ် ဘွဲ့ရသူတဦး။ ထိုသူသည် ရာထူး၌ တနှစ်ကာလ အပိုင်းအခြားအတွက် ထမ်းရွက်ရမည့်အပြင် ထပ်မံခန့်ထားခြင်း ခံနိုင်ခွင့် ရရှိစေရမည်။

() မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ အသင်းက ရွေးကောက်တင် မြှောက်သော တက္ကသိုလ် ရာထမ်းမှုထမ်းလည်းမဟုတ် တက္ကသိုလ် ကျောင်းသား လည်း မဟုတ်သော အသင်းဝင်တဦး၊

            () ကောင်စီလူကြီးများကို တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးများဟု ခေါ်တွင်စေရမည်။

-ဟုပြဋ္ဌာန်းထားပါသဖြင့် ကျောင်းသားများ သမဂ္ဂ အမှုဆောင်အဖွဲ့က အမည်တင်သွင် သူတဦးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ အသင်းက ရွေးကောက်တင် မြှောက်သော အသင်းဝင် တဦးတို့ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးများအဖြစ် ပါဝင်ခွင့် ရရှိခဲ့သည့် ဥပဒေ အထောက်အထားများကို အထင်အရှား တွေ့ရှိရပါသည်။

            မြန်မာနိုင်ငံ မလွတ်လပ်မီ ၁၉၂၄ ခုနှစ် ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ကိုပြင်ဆင်သည့် ဥပဒေ ၌လည်း ပုဒ်မ တက္ကသိုလ် အာဏာပိုင်များတွင် (က) ကောင်စီ ပါရှိပါသည်။ တက္ကသိုလ် ကောင်စီ ဖွဲ့စည်းရာ၌ ပုဒ်မ ၁၁  () () တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ မှ ရွေးကောက် တင်မြှောက်သူတဦး နှင့် ပုဒ်မ  ၁၁() () တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းဆရာများ အသင်းက ရွေးကောက်တင်မြှောက်သူတဦး တို့ကို ပါဝင်ဖွဲ့စည်းထားကြောင်းတွေ့ရပါသည်။ ဆရာနှင့် ကျောင်းသားများ ပါဝင်ခွင့် ရရှိခဲ့သည့် မှတ်တမ်းကို အထင်အရှားတွေ့ရှိရပါ သည်။

            ၁၉၆၂ ခုနှစ် တက္ကသိုလ် ကျောင်းသား တရာကျော်ကို ဇူလိုင် ရက်တွင် သတ်ဖြတ်ပြီး နောက်ပိုင်း ပြဋ္ဌာန်းလာသည့် တက္ကသိုလ် ပညာရေး ဥပဒေများအား လုံးတွင် (အခန်း() တက္ကသိုလ်များ ကြီးကြပ်ရေး အခန်းပါ တက္ကသိုလ်များ ဗဟို ကောင်စီတွင်) ပညာရေးဝန်ကြီး၊ ၀န်ကြီးဌာနများမှ ၀န်ကြီးများ၊ ဒုဝန်ကြီးများနှင့် အစိုးရက တာဝန်ပေးသည့်ပုဂ္ဂိုလ် များကို သာ ထည့်သွင်းထားပြီး ကျောင်းသားများနှင့် ဆရာများ မပါရှိသည်ကို ၀မ်းနည်းစွာ တွေ့ရှိရပါသည်။ ဒီမိုကရေစီ စနစ်ကိုသွားရာလမ်းတွင် ဒီမိုကရေစီပညာ ရေးနှင့် အံဝင်ခွင်ကျ ကိုက်ညီမည့် ဖွဲ့စည်းပုံများသာ ဖြစ်ရပါမည်။ လေးဒေါင့်နှင့် အ၀ိုင်းလို စစ်အာဏာရှင်စနစ်ဥပဒေများနှင့် ဒီမိုကရေစီပညာရေးစနစ်တို့မကိုက်ညီသကဲ့သို့ ဖြစ်တည်နေသည်ကို လွှတ်တော်တွင်း ရပ်ဆိုင်းထားရသည့် တက္ကသိုလ် ပညာရေး ဥပဒေ (၂၀၁၂)မူကြမ်းကို လယ်ပြင်မှာ ဆင်သွားသလို မြင်တွေ့ကြရပါသည်။

ဦးမျိုး (ဥပဒေ)

၂၀၁၂

(ဆက်လက်ဖော်ပြပါမည်)

 

ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၃)

ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း ()

ဦးမျိုး (ဥပဒေ) ဇန်န၀ါရီ ၅၊ ၂၀၁၃

အပိုင်း ()

            တိုင်းပြည်၏ စီးပွားရေး စနစ်၊ လူနေမှုစနစ်၊ ယဉ်ကျေးမှုစနစ်တို့နှင့် ကိုက်ညီ သည့် ပညာရေးစီမံကိန်း သို့မဟုတ် ပညာရေးစနစ်သည်သာလျှင် တိုင်းပြည်၏ ရည် မှန်းချက်ပန်းတိုင်သို့ ချီတက်ရေးအတွက် လုံးဝ အထောက်အကူ ဖြစ်ပေမည်။ ပြည်သူ လူထုကို အကျိုးပြုသော ပညာရေးစီမံကိန်း၊ တိုင်းပြည်က လက်ခံနိုင်သော စီမံကိန်းဖြစ် ပေလိမ့်မည်။ တိုင်းပြည်၏ အခြေအနေနှင့် ကင်းလွတ်ကာ ရေးဆွဲသော စီမံကိန်းနှင့် ဥပဒေများသည် အကျပ်အတည်း မြောက်မြားစွာကို ပေါ်ပေါက်စေကာ ပျက်စီးကြရ သည် မှာ သမိုင်းသင်ခန်းစာဖြစ်ပေသည်။

            ၂၀၁၂ ခုနှစ်၊ တက္ကသိုလ် ပညာရေးဥပဒေ မူကြမ်း ပုဒ်မ (က) တွင် "ဘက်စုံ အတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီ ပညာရေးစနစ်နှင့်အညီ အကောင် အထည်ကို ဖော်ဆောင်ရန်" ဟုပါရှိပါသည်။

ခေတ်မီ ပညာရေးစနစ် ဆိုသည်မှာ အဘယ်ကို ခေါ်ပါသနည်း။

စစ်အစိုးရ တဖြစ်လဲ ကြံဖွံ့အစိုးရ စစ်အုပ်စု၏ ခေတ်မီရေးအတွက် စစ်အုပ်စုနှင့် ခရိုနီခေါ် အာဏာကပ်ပါး စီးပွားရေး ဓါးပြများ၏ ဆွေမျိုးသားချင်းကောင်းစားရေး၊ ပညာတော်သင်လွှတ်ရေးအတွက် ခေတ်မီနေသည်ကို ခေါ်ပါသလား၊ လက်တွေ့အရ အမေးခံရပါမည်။

စီးပွားရေးနှင့် ပညာရေးကို ခွဲခြားပစ်၍ မရပါ။ ဦးပိုင်လီမီတက် နှင့် နိုင်ငံတော်ပိုင် စီးပွားရေး ဥပဒေများ ကိုပြဋ္ဌာန်းပြီး နိုင်ငံတော် လက်ဝါးကြီးအုပ် ဗျူရိုကရက် စစ်အရင်းရှင်များ၏ စီးပွားရေး အရ သွေးစုပ်ခံ၊ လက်ဝါးကြီးအုပ် ခံရသည့် ဘ၀နှင့် ပညာရေးဘ၀မှာ ခွဲခြားမရပါ။

ပညာရေးတွင် မညီမျှမှု၊ လက်ဝါးကြီးအုပ် အပိုင်စီးမှု၊ စစ်တပ်ပညာရေးအလွှာတခုကို ဖန်တီးနေမှုများကို ယခုပြဋ္ဌာန်းလာမည့် ပညာရေး ဥပဒေက တမင်တကာ မမြင်ချင်ဟန် ဆောင်ကာ ဖုံးကွယ်ထားသည်ကို ပညာရေး လောကသားများအားလုံးက ဖွင့်ချ ဖော် ထုတ်ပြကြရပါမည်။ ဒါလားကွ ခေတ်မီ ပညာရေး စနစ်ဆိုတာ ဟူ၍သာ ဖြစ်ပါသည်။

            ဘက်စုံ အတွေးအခေါ် အယူအဆ မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်ပြီး ဟု ဖော်ပြချက်ကို ကြံဖွံ့အစိုးရလွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ၂၀၁၁ ခုနှစ် ကိုယ်ပိုင် ကျောင်း မှတ်ပုံတင်(၂၀၁၁-ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်-၁၄) ကို ကြိုတင်လေ့လာရုံဖြင့် အပွေးမြင် အပင်ကို သိရှိတွေ့မြင်နိုင်ပါသည်။

ဤဥပဒေ ပုဒ်မ () တွင် "ပြည်ထောင်စု အစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သော တာဝန် များကို ထမ်းဆောင်ခြင်း၊"ဟုပါရှိပါသည်။ ကိုယ်ပိုင်ကျောင်း၌ပင်လျှင် ကျောင်းဆရာများ ကို အစိုးရလုပ်ငန်းများတွင် တာဝန်ပေးထမ်းဆောင်စေခြင်းမျိုး မဖြစ်သင့်ပါ။ ပညာရေး တွင် အုပ်ချုပ်သူအစိုးရက ၀င်ရောက်စွက်ဖက် အနိုင်ကျင့်မှုမျိုးကို လုံးဝ မကျင့်သုံး သင့်ပါ။ အတွေးအခေါ်မမှန်ကန်သည့် ဖော်ပြချက်ကိုတွေ့ရပါသည်။

 ဤဥပဒေပုဒ်မ ၁၆ (ဈ) တွင် "ထပ်ဆောင်း သင်ခန်းစာများအား တိကျစွာ သင်ကြားနိုင်ရန် ကြပ်မတ်ဆောင်ရွက်ခြင်း။"ဟုပါရှိပါသည်။ ထပ်ဆောင်းသင်ခန်းစာများကို အတင်း အကျပ် ပြဋ္ဌာန်းပြီး ချုပ်ကိုင်ကြပ်မတ်လို၍ ဖြစ်ကြောင်း ပေါ်လွင်လွန်းပါသည်။

 "မြန်မာနိုင်ငံ တ၀န်းလုံးတွင် မူလတန်းအဆင့် စတင် တက်ရောက်သည့် ကျောင်းသား ကျောင်းသူ ရာခိုင်နှုန်း ၂၀ ခန့် မူလတန်းပညာ မပြီးဆုံးကြောင်း စက်တင်ဘာ ရက်နေ့က ပညာရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး ဦးအေးကြူက ပြောကြားခဲ့သည်။" (The Myanmer Post 15- Sept-2011) ကို ကြည့်ခြင်းအားဖြင့် မူလတန်းပညာရေး စနစ်ကိုပင် မအောင်မြင်သေးသည့် အခြေအနေတွင် ပညာရေးလွတ်လပ်ခွင့်ကို မပိတ် ပင်သင့်ပါ။ ပညာရေးဆိုင်ရာ လွတ်လပ်ခွင့်ကို အုပ်ချုပ်ရေးသက်သက် ကြိုးနီစနစ်ဖြင့် မချုပ်ချယ်သင့်ပါ။

ပညာရေးဆိုင်ရာလွတ်လပ်ခွင့်အား ဆရာရော ကျောင်းသားကိုပါ ပေးအပ်ထားရပါမည်။ ကျောင်းသားအဓိက ပညာရေးစနစ်အား ပျိုးထောင်ပေးသင့်ပါ သည်။ ဆရာကချည်း အိတ်သွန်ဖာမှောက် သင်ကြားပေးသည့် (Banking System) ကျောင်းသားက ဘာမှ မေးမြန်းဆွေးနွေးခွင့် မရှိသည့် တလမ်းသွား စနစ်ဟောင်း ပညာ ရေးစနစ်မှ လုံးဝ လမ်းကြောင်းပြောင်းလဲပစ်သင့်ပါသည်။

ဤဥပဒေ ပုဒ်မ ၃၄ တွင်" ဘာသာရေး၊ နိုင်ငံရေး ဟောပြော ပို့ချသော ဆရာ၊ ဆရာမများကို ထောင်ဒါဏ် နှစ်အထိ၊ ထို့ပြင် ကျပ် သိန်းအထိ ချမှတ်နိုင်သည်။"ဟု ပြဋ္ဌာန်းထားပါသေးသည်။

လွတ်လပ်စွာ ဟောပြောခွင့်အခွင့်အရေး (လူ့အခွင့်အရေး ကြေညာချက် အပိုဒ် -၁၉) ကို စာသင်ကျောင်းခန်းထဲအထိ လိုက်လံချုပ်ချယ်နေခြင်းမှာ နိုင်ငံရေးကို စစ်အစိုးရ အဆက်ဆက် မည်မျှကြောက်လန့်ကြောင်း တွေ့ရှိရသည်။ အဘယ်မှာ ဘက်စုံအတွေး အခေါ် အယူအဆ မှန်ကန်နိုင်ပါအံ့နည်း။ ဒီမိုကရေစီ ပညာရေး စနစ်သို့ သွားရာလမ်း က ခလုတ်ကန်သင်းများကို ရှင်းလင်းပစ်သင့်ပါသည်။ ထွက်ပေါ်လာမည့် တက္ကသိုလ် ပညာရေးဥပဒေ၏ ရှေ့ပြေးဥပဒေအဖြစ် သတိထားရပါမည်။ ဤကဲ့သို့ ဥပဒေများ ချုပ်ချယ်မှုများကို ပြဋ္ဌာန်းလာမည့် အန္တရာယ်ကို ကြိုတင်ကာကွယ် သင့်ပါသည်။

            ထွက်ပေါ်လာသော ဥပဒေများသည် အခြေခံ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ ဥပဒေမှ ပေါက်ဖွားလာသည်များသာ ဖြစ်ကြောင်းကိုလည်း အထူးသတိချပ်ရန်လိုပါသည်။

၂၀၀၈ ဥပဒေပုဒ်မ ၂၈ () တွင်"ဘက်စုံအတွေးအခေါ် အယူအဆမှန်ကန်၍ အကျင့်စာရိတ္တ ကောင်းမွန်ပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် အကျိုးပြုမည့် ခေတ်မီပညာရေး စနစ်ဖော်ဆောင်ရမည်။"ဟု ဖော်ပြထားချက်မှလာသည့် ခေတ်မီပညာရေးစနစ်မှာ အဘယ်ကိုဆိုလိုပါသနည်း။

အတွေးအခေါ်အမျိုးမျိုး၊ အယူအဆအမျိုးမျိုး အတူယဉ်တွဲ နေထိုင်နိုင်သည့် ဒီမိုကရေစီ ခေတ်ကာလတွင် တစ်စုံတစ်ယောက်၊ တစ်ဖွဲ့ တစ်စည်း၊ လူအုပ်စုတစ်စု၏ အတွေးအခေါ်ကို အမှန်အဖြစ်ယူဆခြင်းသည် ခေတ်မမီဘဲ လုံးဝ မသင့်လျော်သည့် ဖော်ပြချက်ဖြစ်ပါသည်။

စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်က ပေါ်ထွန်း လာသည့် ဘက်စုံ အတွေးအခေါ် အယူအဆဆိုလျှင် အဆိုးဝါးဆုံးသော ပညာရေးစနစ် ဖြစ်သွားပေတော့မည်။ ဒီမိုကရေစီ ပညာရေးစနစ်နှင့် ပြဒါးတလမ်း သံတလမ်း လွဲချော်သွားပေတော့မည်။ အင်မတိ အင်မတန် အန္တရာယ်ကြီးလှပါသည်။

ပုဒ်မ ၂၂ (က) တွင်" နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ် ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက်မည်။" ဟု ဖော်ပြချက်မှာလည်း နိုင်ငံတော်က ကူညီမည်ဟုသာ ဖော်ပြသဖြင့် လက်တွေ့အကောင်အထည် ဖော်ရန်မှာ သက်ဆိုင်ရာ တိုင်းရင်းသား လူမျိုးများကိုယ်တိုင် ဖြစ်သည်ဟု အဓိပ္ပာယ်ရပါသည်။ တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူ အခွင့်အရေးများကို ပိတ်ပင်ထား သည့် တပြည်ထောင် ဖွဲ့စည်းပုံ ၂၀၀၈ ဖြင့် မည်သည့်နည်းနှင့်မျှ ပြည်ထောင်စုကို အကောင်အထည် မဖော်နိုင်ကြောင်း ဖော်ပြချက်ဖြစ်နေပါသည်။

ပုဒ်မ ၄၅၀ တွင် "မြန်မာစာသည် ရုံးသုံးစာ ဖြစ်သည်။"ဟု ဖော်ပြချက်မှာ ပြည်ထောင်စု နိုင်ငံ ထူထောင်မည့် သဘောထား မရှိကြောင်း အရိပ်ပြ အကောင်ထင်စေပါသည်။ အခြား လူမျိုး၊ အခြားဘာသာစကား စာပေနှင့် ယဉ်ကျေးမှုတို့ကို ပစ်ပယ်ပြီး  ဖွံ့ဖြိုး တိုးတက် မှုကို အဟန့်အတား အကန့်အသတ် ဖြစ်စေပါသည်။ ပြည်နယ်အသီးသီးရှိ အများသုံး တိုင်းရင်းသား ဘာသာစကား၊ စာပေတို့ကို သက်ဆိုင်ရာ ပြည်နယ်အသီးသီးတွင်  ရုံးသုံးဘာသာ စာပေစကားအဖြစ် ပြဋ္ဌာန်းနိုင်မှသာလျှင် ဖွံ့ဖြိုးတိုးတက်ရန် အခွင့် အလမ်းများ ပိုမိုရရှိလာနိုင်မည် ဖြစ်ပါသည်။ မြန်မာစာ နှင့် တိုင်းရင်းသား ဘာသာစကား နှင့်စာပေတို့ အပြန်အလှန် ပူးတွဲ ပေါင်းစပ်နိုင်မှသာလျှင် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုနိုင်ပါမည်။

ပုဒ်မ ၉၁ ရှိ ဇယား() တွင်ဖော်ပြ ထားသော ဥပဒေစာရင်းပါဥပဒေများကို ပြည်ထောင်စုလွှတ်တော်ကသာ ဥပဒေပြုခွင့်ရှိပါသည်။ ဇယား() နံပါတ် လူမှုရေးကဏ္ဍမှ (က) ()တွင် တက္ကသိုလ်ပညာရေးနှင့် ပတ်သက်၍ ဥပဒေပြုနိုင်ကြောင်း ဖော်ပြထားသည်။ ဇယား () တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းတွင် ပညာရေးနှင့် ပတ်သက်၍ ဥပဒေပြုခွင့်မရှိပါ။

အိမ်နီးချင်း ပါတီစုံ ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံကြီးတွင် ပညာ ရေးနှင့်ပတ်သက်၍ ယခင်က ပြည်ထောင်စု လွှတ်တော်တွင် ဥပဒေပြုအာဏာ ပေးအပ် ခဲ့သော်လည်း နောက်ပိုင်းတွင် ပြည်နယ်လွှတ်တော်များသို့ ပညာရေးဆိုင်ရာ ဥပဒေပြု အာဏာပေးအပ်လိုက်သည့်အခါ အိန္ဒိယပညာရေး တဟုန်ထိုး တိုးတက်သွားခဲ့သည်များ ကို အတူယူဖို့လိုပါသည်။ နိုင်ငံတကာ အတွေ့အကြုံများကို လေ့လာတင်ပြနိုင်ဖို့ လိုပါသည်။

ပုဒ်မ၂၁(က) တွင် "နိုင်ငံသားတိုင်းသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သတ်မှတ် ပြဋ္ဌာန်းထားသောသည့် တန်းတူမှုအခွင့်အရေး၊ လွတ်လပ်မှုအခွင့်အရေး၊ တရားမျှတမှု အခွင့်အရေးတို့ ခံစားခွင့် ရှိသည်။"ဟု စာသက်သက် ဖော်ပြချက်တွင် ပင်လျှင် ၎င်းအခွင့်အရေးတို့ကို ရှာမတွေ့နိုင်သည်မှာ လိမ်စဉ်ကြီး ဖြစ်နေပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အကိုင်းအခက် အဖြစ် ထွက်ပေါ်လာမည့် ပညာရေးဥပဒေ အန္တရာယ်ဘေးက ကင်းဝေးနိုင်ကြစေရန် ကာကွယ်ရပါမည်။

ဦးမျိုး (ဥပဒေ)

၂၀၁၂

 

 

 

ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း (၄)

ကြံ့ဖွံ့လွှတ်တော်၏ ၂၀၁၂ တက္ကသိုလ်ပညာရေး ဥပဒေ ဝေဖန်စာတမ်း ()

ဦးမျိုး (ဥပဒေ) ဇန်န၀ါရီ ၇၊ ၂၀၁၃

အပိုင်း ()

            လက်ရှိ ကြံဖွံ့အစိုးရ ထုတ်ပြန်ထားသော ပညာရေး အသုံးစရိတ် အခြေအနေကို အောက်ပါအတိုင်းတွေ့ရပါသည်။

  ၂၀၁၂-၂၀၁၃ ခုနှစ်အတွက်  ကြံ့  ဖွံ့   အစိုးရ ၀န်ကြီးဌာန အချို့ အတွက် သုံးငွေပမာဏ နှင့် အသုံးစရိတ်ရာခိုင်နှုန်း
ကာကွယ်ရေးဝန်ကြီးဌာန    ကျပ်ငွေ သန်းပေါင်း  ၁ သန်း၊ ၁ သိန်းကျော်
စွမ်းအင်ဝန်ကြီးဌာန            ကျပ်ငွေ  သန်းပေါင်း ၁ သန်း၊ ၁ သောင်းကျော်
ဘဏ္ဍာရေးဝန်ကြီးဌာန        ကျပ်ငွေ  သန်းပေါင်း ၁ သန်းကျော်
ကာကွယ်ရေး အသုံးစရိတ်။ ( အစိုးရ အသုံးစရိတ် စုစုပေါင်း၏ )  ၁၄ ဒသမ ၃၉ ရာခိုင်နှုန်း
ကျန်းမာရေး အသုံးစရိတ်                          ။                                 ၂ ဒသမ ၈၂၂ ရာခိုင်နှုန်း
ပညာရေး အသုံးစရိတ်                              ။                                 ၄ ဒသမ ၇၃၃ ရာခိုင်နှုန်း

မှတ်ချက်။ ၃၁၊ ၁၊ ၂၀၁၂ နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဘဏ္ဍာရေးဝန်ကြီး ဦးတင်နိုင်သိန်း၏ တင်ပြချက်) Messenger News Journal FM.

            ဤဥပဒေကြမ်း အခန်း () တက္ကသိုလ်၏ လုပ်ငန်းတာဝန်များ အပိုဒ်ခွဲ ( ) တွင် "တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ၏ နေရေး ထိုင်ရေး နှင့် စည်းကမ်း သေ၀ပ်ရေးကို ကြီးကြပ် စီမံခန့်ခွဲရန်နှင့် ကျန်းမာရေးကို တိုးတက်အောင် စီမံခန့်ခွဲရန်၊" ဟု ယခင်မှ ယခုထိ တည်ဆဲဖြစ်နေသည့် ၁၉၇၃ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံ၊ တက္ကသိုလ် ပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင်လည်း ဤအပိုဒ်ပါရှိပါသည်။

၁၉၈၈ ခုနှစ် စက်တင်ဘာ (၁၈) ရက် စစ်တပ်က အာဏာသိမ်းသည့် နေ့မှသည် ယနေ့   ဦးသိန်းစိန် ကြံ့ဖွံ့ပါတီ အစိုးရ လက်ထက်တိုင် ဤတာဝန်ကို တစွမ်းတစ ထမ်းဆောင်ခဲ့ဘူးပါသလား မေးရပါမည်။

တက္ကသိုလ် ကောလိပ်အသီးသီး၏ နေရေး ထိုင်ရေး သွားလာရေးကအစ ဘာတခုမှ တာဝန်ယူမှု တာဝန်ခံမှု မရှိသည်ကိုတော့ ဗြောင်ဝန်ခံရပါမည်။ ဥပဒေကို ပြ့ည်သူလူထုအား အပြကောင်းရုံ သက်သက် အပြော ကောင်းနေလျှင် တိုင်းပြည် သည်ထက် ဆင်းရဲတွင်းနက်ရပါတော့မည်။

ယခင်ရှိခဲ့သည့် ၁၉၅၇ ခုနှစ်၊မန္တလေး တက္ကသိုလ် အက်ဥပဒေ ပုဒ်မ ၁၄ () () တွင် "ကျောင်းသားများ၏ နေရေးထိုင်ရေးနှင့် စည်းကမ်းသေ၀ပ်ရေးတို့ကို ကြီးကြပ် အုပ်ချုပ်ရန်၊ ထို့ပြင် ကျောင်းသားများ၏ ကျန်းမာရေးနှင့် ကောင်းကျိုးအရပ်ရပ် တိုးတက်ဖွံ့ဖြိုးမှုအတွက် စီစဉ်ပေးရန်။" ပါရှိ သည့်အတိုင်း တာဝန်ယူမှု တာဝန်ခံမှုဖြင့် နေထိုင်ခဲ့ကြသည့် နောင်တော့် နောင်တော် ကျောင်းသားကြီးများ ပြောပြ၍သိရှိရပါသည်။

လက်ထက်ထိတိုင် ကျောင်း သားများ၏ နေရေး၊ ထိုင်ရေး၊ စားသောက်ရေးကအစ လူမှုရေး၊ ကျန်းမာရေး၊ သွားလာရေး အားလုံးလိုလိုပင် ယခု တ၊ ကြံဖွံ့အစိုးရ လက်ထက်မှာထက် အဆများစွာ ကောင်းခဲ့ကြသည်ကို လေးလုံး မျိုးဆက်ကျောင်းသားများလည်း ခံစားသိတတ် ခံယူတတ်မှာ ဖြစ်ပါသည်။ ကျောင်းသား အရေးကို ဒီအတိုင်း ငုံ့ခံနေလျှင် ဒီထက် အဆပေါင်းမြောက်များစွာ ဆိုးရွားသွားနိုင်သည့် ဘေးအန္တရာယ်မှ ကာကွယ်ကြ ရပါလိမ့်မည်။ ပညာရေးဆိုင်ရာ မတရားသည့် ဥပဒေများဘေးမှ ကင်းဝေးကြစေ လိုပါသည်။

            ယခင်က နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင် ကိုယ်တိုင်ပြဋ္ဌာန်းခဲ့သည့် ၁၉၅၇ ခုနှစ်၊ မန္တလေး တက္ကသိုလ် ဥပဒေတွင် ပုဒ်မ အဓိပ္ပါယ် ရှင်းလင်းဖော်ပြချက် ပုဒ်မခွဲ () တွင် "စတက်ကျု ဥပဒေများ" ဆိုသည်မှာ နိုင်ငံတော် သမ္မတက ပဌမဦးစွာ ပြဋ္ဌာန်း ပြီးနောက် အခါအားလျော်စွာ ကောင်စီက ပြင်ဆင်သော မန္တလေး တက္ကသိုလ် စတက်ကျု ဥပဒေများကိုလည်းကောင်း၊ ဤအက်ဥပဒေအရ ကောင်စီက ပြုမည့် နောက်ထပ်ဖြည့်စွက်ချက်များနှင့် နောက်ထပ်ပြင်ဆင်ချက်များကိုလည်းကောင်း ဆိုလို သည်။"  ဟု ဖော်ပြထားပါသည်။

ဤဥပဒေ၌ပင် ပုဒ်မ ၂၄ တွင်"နိုင်ငံတော် သမ္မတ က ပြဋ္ဌာန်းသော စတက်ကျု ဥပဒေများသည် ပဋ္ဌမဦးဆုံး စတက်ကျု ဥပဒေများ ဖြစ်ရမည်။ သို့ရာတွင် ထိုစတက်ကျု ဥပဒေများကို ကောင်စီက ပြင်ဆင်နိုင်သည်။ သို့တည်း မဟုတ် ထပ်မံဖြည့်စွက်နိုင်သည်။ သို့တည်းမဟုတ် ဖျက်သိမ်းနိုင်သည်။" ဟု ပါရှိခဲ့ သည်ကို အထင်အရှားတွေ့ရပါသည်။ ဥပဒေပြုခြင်း၊ ပြင်ခြင်း၊ထပ်မံဖြည့်စွက်ခြင်း၊ ဖျက်သိမ်းခြင်းကို တက္ကသိုလ်ကောင်စီက ပြုလုပ်နိုင်ကြောင်းတွေ့ရပါသည်။

ဥပဒေ သည်  အမြဲတမ်း အသေမဟုတ် ပြင်နိုင်ဖြည့်နိုင် ပယ်ဖျက်နိုင်သည့် လွတ်လပ်ခွင့် အခွင့် အရေးကို မလွဲမသွေ ပေးရမည် ဖြစ်ပါသည်။ ဤဥပဒေ ပြဋ္ဌာန်းပြီးနောက်မှ ၁၉၅၈ ခုနှစ် သြဂုတ်လတွင် ကျောင်းသားများ ပညာရေး နှီးနှောဖလှယ်ပွဲကြီး ပေါ်ပေါက်လာ သည် ကိုလည်း သတိပြုရပါမည်။ ၁၉၅၈၅၉ ခုနှစ် က ရွေးကောက်ပွဲတွင်-

၁။ ကိုခင်မောင်အုန်း                   ဥက္ကဋ္ဌ

၂။ ကိုဘကောင်း                                    ဒုဥက္ကဋ္ဌ

၃။ ကိုခင်အောင်                         အထွေထွေ အတွင်းရေးမှူး

၎။ ကိုမြင့်သိန်း                                       တွဲဘက်အထွေထွေအတွင်းရေးမှူးနှင့် သတင်းနှင့်ပြန်ကြားရေး ဌာန

၅။ ကိုတင်အောင်                                   ငွေထိန်း

၆။ ကိုဖိုးသာဘေး                                   ကစားခုန်စားနှင့် ယဉ်ကျေးမှု ဌာန

၇။ မခင်ခင်တိုး                                       ကျောင်းသား သက်သာချောင်ချိရေး ဌာနမှူး

၈။ ကိုသာဒိုး                                           နိုင်ငံခြား ဆက်သွယ်ရေး ဌာနမှူး

၉။ ကိုညိုဝင်း                                         လူထုဆက်သွယ်ရေး ဌာနမှူး

၁၀။ ကိုလှတင်                                       အိုးဝေ တာဝန်ခံ

၁၁။ ကိုသိန်းတန်                                   ပိဋကတ်မှူး

-တို့ဖြစ်ကြပါသည်။

         ပဉ္စမအကြိမ်မြောက် တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံ ဆွေးနွေးပွဲကို ၁၉၅၉ခုနှစ်

 ဇန္န၀ါရီလ ( ) ရက်နေ့က ရန်ကုန်တက္ကသိုလ်၊တကသ အဆောက်အဦးတွင်    ကျောင်းသား ကိုယ်စားလှယ် (၉၆) ဦး၊ လေ့လာသူ (၃၅)ဦး စုစုပေါင်း (၁၃၁) ဦးတို့ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ စုပေါင်းတိုက်ပွဲဝင်ကြရန်အတွက် ဆွေးနွေးပွဲကြီးမှ ပြဋ္ဌာန်းလိုက်သော သဘောတူညီချက်များတွင် တမျိုးသားလုံးနှင့် သက်ဆိုင် သောအရေးနှင့် ပတ်သက်၍ အောက်ပါအတိုင်း ထုတ်ပြန်ပြဋ္ဌာန်းလိုက်ကြောင်း ပါရှိ ပါသည်။

၁။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေးမူကို ထောက်ခံ၍ ကျောင်းသားများ၏ လူမှုရေး၊ စီးပွားရေး ရှုထောင့်မှ သုံးသပ်ကာ ပန်ကြားလွှာတစောင်

ထုတ်ပြန်ရန်၊

၂။ အမျိုးသား လွတ်လပ်ရေးနှင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထိန်းသိမ်း ကာကွယ်ကြရန်၊ ပန်ကြားလွှာတစောင်ထုတ်ပြန်ရန်၊

၃။ ဒီမိုကရေစီ အခွင့်အရေး ကာကွယ်ရေးအတွက် ထုတ်ပြန်ကြေညာရန်။

-တို့ပါရှိပါသည်။ တက္ကသိုလ် ကျောင်းသား သမဂ္ဂများ၏ လှုပ်ရှားမှုများကို သမိုင်း သင်ခန်းစာ အဖြစ်မှတ်သားသင့်ပါသည်။

 ယခုပြဋ္ဌာန်းလာမည့် ဥပဒေကြမ်းမှာ တက္ကသိုလ် ပညာရေးစနစ်ကို သွားနေကျလမ်းမှ မလွဲမသွေ ပြောင်းလွဲသွားစေရန် ရည်ရွယ်ချက် ပါရှိမလာပါသဖြင့် ပယ်ဖျက်ပြီး အသစ်စက်စက်ဖြစ်စေရန် ပြဋ္ဌာန်းသင့်ပါသည်။ ပြဋ္ဌာန်းရာတွင် သွားရမည့် အဆင့်ဆင့်ကို တတ်သိပညာရှိများ ငြင်းခုံကြရပါမည်။ ဒီမိုကရေစီ ပညာရေးအတွက် တောင်းပွဲတိုက်ပွဲ ဆန္ဒ ပြပွဲ များကို မုချမသွေ ဆင်နွဲခဲ့ရသည့် သင်ခန်းစာကို မျိုးဆက်တိုင်း တွေ့ကြုံရင်ဆိုင်ရပါမည်။ ဘ၀ရှင်သန်မှုသည် တိုက်ပွဲ များဖြင့် ပြည့်လျှမ်းနေပါသည်။ ပြည်သူ့ အကျိုး ဆောင်ကြ အရေးတွက် ဖြစ်ရပါမည်။ ကျောင်းသားရှိလျှင် ဒီမိုကရေစီ ပညာရေး တိုက်ပွဲအတွက် သမဂ္ဂရှိရပါမည်။ ဒီမိုကရေ စီရေး ပြည်သူ့ တိုက်ပွဲပင် မဟုတ်ပါလော။

ဦးမျိုး(ဥပဒေ)

၂၀၁၂

 

0 comments:

Post a Comment

image

Lorem ipsum dolor sit

Aliquam sit amet urna quis quam ornare pretium. Cras pellentesque interdum nibh non tristique. Pellentesque et velit non urna auctor porttitor.

image

Nunc dignissim accumsan

Vestibulum pretium convallis diam sit amet vestibulum. Etiam non est eget leo luctus bibendum. Integer pretium, odio at scelerisque congue.